သတင်းနှင့် လှုပ်ရှားမှုများ
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့စခန်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံတို့ ပူးပေါင်းအဖွဲ့သည် ကျွန်းလှမြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသည့် ဆေးလိပ်အမျိုးမျိုးနှင့် ကွမ်းစားဆေးအမျိုးမျိုးတို့အား ဈေးကွက်စ

မွန်ပြည်နယ်၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးနှင့် အမျိုးသမီးနှင့်ကလေးဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများသည် ကျေးလက်နေပြည်သူများအား (အခမဲ့) ကွင်းဆင်း ဆေးကုသပေးခြင်းလုပ်ငန်းကို (၁၅.၁၂.၂၀၂၄) ရက်နေ့ နံနက် (၀၈:၀၀) နာရီက မုဒုံမြို့နယ် ကော့ခပုံကျေးရွာရှိ အ.ထ.က (ခွဲ)ကျောင်း၌ ဆောင်ရွက်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ရွှေဘိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများသည် (၂၆.၁၂.၂၀၂၄)ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ရွှေဘိုခရိုင်အတွင်းရှိ စက်သုံးဆီရောင်းချသည့် လုပ်ငန်းရှင်များတွေ့ဆုံသည့် အစည်းအဝေး ကျင်းပခဲ့ပါသည်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ် ဆောင်ရွက်လျက်ရှိရာ (၁၄.၁၂.၂၀၂၄) ရက်နေ့ နံနက်ပိုင်းတွင် ဘီးလင်းမြို့နယ် ဘိုးရာဇာရပ်ကွက်ရှိ အ.ထ.က (ဘီးလင်း) ကျောင်းဝင်းအတွင်း၌ ပြည်သူ့ အကျိုးပြု စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်ရုံးမှ ဝန်ထမ်းများပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
၁၃.၁၂.၂၀၂၄ ရက်နေ့၊ နံနက် (၀၉:၃၀) အချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ အ.မ.က (တကူပတီ) ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။