သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး(ဌာနခွဲစာရေး) သည် ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ အင်ကြင်းခိုင်၊ ထွန်းတောက်၊ စိန်သုံးလုံး၊ ဦးမြင့်နိုင်၊ တိုးတက်လင်း၊ မြတ်ချမ်းသာ၊ ဒို့ညီနောင်၊ အောင်သိဒ္ဓိစသည့် ဆန်အရောင်းဆိုင်(၈)ဆိုင်သို့ ၄.2.2025 (၁၅:3၀) အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ စားသုံးသူရေးရာ ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ ပူးပေါင်းပါဝင်သောအဖွဲ့စုံဖြင့် ဆ

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် ၅.၂.၂၀၂၅ ရက်နေ့ နေ့လယ်(၁၂:၁၅)နာရီအချိန်တွင် လမင်းသော်တာအမည်ဖြင့် အဝတ်အထည်လုပ်ငန်းတည်ရှိရာ အမှတ်(၃၂၅-ခ)၊ အမှတ်(၇)ရပ်ကွက်၊ ရွှေဝါဖူး(၉)ပန်းခြံ၊ သမိန်ဗရမ်းလမ်း၊ ရွှေပြည်သာမြို့နယ်သို့ သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်နီလာဝင်း၊ နှင့်ဝန်ထမ်းများသည် အမှတ်(၁၆၆၀)၊ အောင်ခေမာလမ်း၊ ရွှေပြည်သာမြို့နယ်ရှိ Melife အဝတ်အထည် Online လုပ်ငန်းသို့ ၅.၂.၂၀၂၅ ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်တွင် မြေပြင်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦးတို့ သည် ၅.၂.၂၀၂၅ ရက်နေ့ နံနက်(၁၀:၁၅)အချိန်တွင် BKK Corner အမည်ဖြင့် အွန်လိုင်းရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှေက်ထားသည့် မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၂၆)၊ ပုလဲလမ်းသွယ်(၃)လမ်း၊ ထောက်ကြန့်တိုးချဲ့ရပ်ကွက်စားသောက်ကုန်ပစ္စည်းများ ရောင်းချ လျက်ရှိသည့် အွန်လိုင်းလုပ်ငန်းအား မြေပြင်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် တိုင်းဒေသကြီး ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် စားသုံးသူများ စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာစေရေး၊ အခွင့်အရေးနှင့် တာဝန်များအား သိရှိစေရေး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပြဌာန်းချက်ပါ ကုန် အညွှန်းအမှတ်အသား ပြည့်စုံစွာထည့်သွင်းဖော်ပြလာခြင်းဖြင့် စားသုံးသူများ ဘေးအန္တရာယ်များ ကင်းရှင်းပြီး ဈေးကွက်များပိုမိုရရှိစေရန်ရည်ရွယ်၍ အသိပညာပေးခြင်းနှင့် လုပ်ငန်းရှင်တွေ့ဆုံခြင်းများ ကို စဉ်ဆက်
