ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို၌ ရောင်းချလျက်ရှိသော မျှစ်ချဉ်နှင့် မျှစ်ချို ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ဒေသအတွင်းမှ ထွက်ရှိသည့်မျှစ်များကို မျှစ်စိမ်းနှင့် မျှစ်ပြုတ်အဖြစ်ရောင်းချသလို မျှစ်ချဉ်သိပ်၍ သိုလှောင်ထားကြပြီး ဈေးကွက်အတွင်းသို့ ရောင်းချလျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ ဖြစ်ပေါ်နေသော မျှစ်ချိုနှင့် မျှစ်ချဉ်ဈေးနှုန်းမှာ မျှစ်ချို တစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၅၀၀)ကျပ်နှင့် မျှစ်ချဉ် တစ်ပိဿာလျှင်(၅၃၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၇၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင်(၅၅၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခုလိုမိုးရာသီတွင် မျှစ်များလှိုင်လှိုင်ပေါ်နေသောကြောင့် နောက်နှစ်အတွက် မျှစ်ခြောက်လှန်းအတွက် ဝယ်ယူကြသလို၊ မျှစ်ချဉ်ပြုလုပ်ရန်အတွက် ဝယ်ယူကြသည့်အတွက် မျှဉ်ချိုသည် အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ မျှစ်ချဉ်သည် မျှစ်ချိုရှားပါးလာသည့်အချိန်၌သာ အရောင်းသွက်လေ့ရှိကြောင်း မျှစ်ချိုနှင့် မျှစ်ချဉ် အရောင်းဆိုင်များမှ သတင်းရရှိပါသည်။ 

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော အသားမျိုးစုံ ဈေးနှုန်း/ဈေးကွက်

၂၀၂၅ ခုနှစ်၊ ဇူလိုင်‌လ တတိယပတ်တွင် ကန့်ဘလူမြို့၊ မြို့မဈေး၌ ဖြစ်ပေါ်နေသော အသားမျိုးစုံ ရောင်းချလျက်ရှိရာ ဈေးနှုန်းအနေဖြင့် ဝက်သား(အသားရှယ်)တစ်ပိဿာ(၃၅၀၀၀)ကျပ်၊ ဝက်သားပေါင် တစ်ပိဿာ(၃၃၀၀၀)ကျပ်၊ ဝက်သားနံကိုင်းသား(၃၃၀၀၀)ကျပ်၊ ဝက်အသည်း တစ်ပိဿာ(၃၅၀၀၀)ကျပ် ဝက်ကလီစာ တစ်ပိဿာ(၂၅၀၀၀)ကျပ်၊ နှင့် ဝက်သွေးခဲတစ်ပိဿာ (၄၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်း ကောင်း၊ ကြက်သားဈေးနှုန်းအနေဖြင့် မွေးမြူရေးကြက်သား လက်လီဈေး(၂၃၀၀၀)ကျပ်၊ လက္ကားဈေး (၂၂၀၀၀)ကျပ်၊ ဒေသကြက်သား လက်လီဈေး (၃၀၀၀၀)ကျပ်  ဈေးနှုန်းများဖြင့်လည်းကောင်း၊ အမဲသား ဈေးနှုန်းအနေဖြင့် အမဲသားရှယ် (အသားသန့်) လက္ကားတစ်ပိဿာလျှင်(၂၆၀၀၀)ကျပ်၊ အမဲသားရှယ် (အသားသန့်) လက်လီတစ်ပိဿာလျှင်(၂၇၀၀၀)ကျပ်၊ အမဲပုဆိုးကြမ်း တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ် နှင့် အမဲရိုးတစ်ပိဿာ(၆၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ‌ရောင်းချနေသော သရက်သီးကုလားတည်ချဉ်နှင့် နှမ်းပတ်ချဉ် ဈေးနှုန်း

     ကန့်ဘလူမြို့တွင် ရာသီအရွေးစားသုံးရန်နှင့် ရောင်းချရန်အတွက် လက်လုပ်ချဉ်မျိုးစုံကို ကိုယ်တိုင်လုပ်ပြီး ရောင်းချလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကန့်ဘလူမြို့၊ “မြို့မဈေး”၌ ဖြစ်ပေါ်နေသော သရက်သီးကုလားတည်ချဉ် ဈေးနှုန်းမှာ သရက်သီးကုလားတည်ချဉ် လက္ကားတစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ သရက်သီးကုလားတည်ချဉ် လက်လီတစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ သရက်သီးကုလားတည်ချဉ် (၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ သရက်သီးကုလားတည် ချဉ်(၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ်၊ သရက်သီးကုလားတည်ချဉ် (၁၀)ကျပ်သားလျှင်(၁၂၀၀)ကျပ်နှင့်  နှမ်းပတ်ချဉ်တစ်ထုပ်လျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရှိရသည်။

DOCA(စစ်ကိုင်း)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား  စားသောက်ကုန်ပစ္စည်းများရောင်းချပေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည်(၁၅.၇.၂၀၂၅)ရက်နေ့၊ နံနက်(၀၇း၃၀) နာရီအချိန်တွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းရုံးရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥ တို့ကိုသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

         ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)၊  ဆန်တစ်ပြည်(၂၀၀၀)၊ စားအုန်းဆီ ၁ပိဿာ(၇၀၀၀) အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူ ပြည်သူများအား မည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ငရုပ်သီးခြောက်နှင့် ငရုတ်သီးမှုန့် ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ငရုပ်သီးခြောက်၊ အာလူး၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ တို့ကို ကန့်ဘလူဒေသထွက်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့၊ မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကန့်ဘလူမြို့တွင် ရောင်းချနေသော ငရုပ်သီးခြောက် ဈေးနှုန်းများမှာ ငရုပ်သီးခြောက်(အရှည်) တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ ငရုပ်သီးခြောက်(အပု) တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀၀)ကျပ်နှင့် ငရုပ်သီးမှုန့် (၁၀)ကျပ်သားလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဇူလိုင်လ ဒုတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ငရုပ်သီးခြောက်နှင့် ငရုပ်သီးမှုန့်ဈေးနှုန်းများ အနည်းငယ် ကျဆင်းသွား ကြောင်း ကုန်မျိုးစုံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၏ သရေစာ နို့မလိုင်လုံးနှင့် ကုလားပဲချောင်း ဈေးနှုန်း

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကန့်ဘလူမြို့ရှိကုန်မျိုးစုံရောင်းချသည့်ဆိုင်များတွင် သရေစာ မလိုင်လုံးနှင့် ကုလားပဲချောင်းများ ရောင်းချလျက်ရှိရာ မလိုင်လုံး လက္ကားတစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ မလိုင်လုံး လက်လီတစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ မလိုင်လုံး(၂၅)ကျပ်သားလျှင် (၃၀၀၀) ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ ကုလားပဲချောင်း ဈေးနှုန်းအနေဖြင့် ကုလားပဲချောင်း လက္ကား တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ကုလားပဲချောင်း လက်လီတစ်ပိဿာလျှင်(၉၀၀၀)ကျပ်၊ ကုလားပဲချောင်း နှင့် ကုလားပဲချောင်း(၂၅)ကျပ်သားလျှင်(၂၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်ရောင်းချလျက်ရှိကြောင်း၊ သရေစာ မလိုင်လုံးနှင့် ကုလားပဲချောင်းများကို မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှ ဝယ်ယူရောင်းချကြောင်း၊ လူကြိုက်များသော သရေစာဖြစ်သည့်အတွက် အရောင်းသွက်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင်ရောင်းချနေသော ပဲတီပင်ပေါက်နှင့် ပဲတီပင်ချဉ် ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချသည့်အပြင်၊ ဒေသထွက်ရိုးရာလက်လုပ်ချဉ်များ ပြုလုပ်ရောင်းချပြီး မိသားစုစားဝတ်နေရေးအတွက် အထောက်အပံ့များရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကန့်ဘလူမြို့၊ မြို့မဈေး၌ ဖြစ်ပေါ်နေသော ပဲတီပင်ပေါက် ဈေးနှုန်းမှာ ပဲတီပင်ပေါက် လက္ကား တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ပဲတီပင်ပေါက် လက်လီ တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၅၀၀)ကျပ်နှင့် ပဲတီပင်ပေါက်ချဉ် လက္ကားတစ်ပိဿာ လျှင်(၅၀၀၀)ကျပ်၊ ပဲတီပင်ပေါက်ချဉ် လက်လီတစ်ပိဿာလျှင် (၅၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၇၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင်(၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ၊ ပဲတီပင်ပေါက်နှင့် ပဲတီချဉ်ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ပဲငပိအစိုနှင့် ပဲငပိအခြောက် ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ရှိ “မြို့မဈေး”နှင့် ကုန်စုံဆိုင်များတွင် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် ပဲငပိအစိုနှင့် ပဲငပိအခြောက်များကို ရွှေဘိုမြို့နှင့် ရေဦးမြို့တို့မှမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    ယခု ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကန့်ဘလူမြို့ “မြို့မဈေး”နှင့် ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော ပဲငပိအစို ဈေးနှုန်းအနေဖြင့် ပဲငပိအစို လက္ကားတစ်ပိဿာလျှင် (၇၅၀၀)ကျပ်၊  ပဲငပိ အစိုလက်လီ တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ရေဦးပဲငပိခြောက် (အချို)တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ရေဦးပဲငပိခြောက်(အငံ) တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၁၆၀၀)ကျပ်ဖြင့်ရောင်း ချလျက်ရှိပြီး ယခုပတ်အတွင်း ပဲငပိအစိုနှင့် ပဲငပိအခြောက် ဈေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ဘုရားပန်းမျိုးစုံဈေးကွက်

      စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူမြို့မဈေးတွင် ဘုရားပန်းအမျိုးမျိုးဖြစ်သော  ဂန္ဓာမာပန်း၊ သစ္စာပန်း၊ နှင်းဆီ၊ မေမြို့ပန်း၊ ပန်းထိမ်းငိုပန်း၊ သပြေပန်းအငုတ်၊ သပြေပန်းအခက်များ၊ စကားဖြူပန်း၊ စကားဝါပန်းနှင့် အာစီယံသပြေတို့ကို ရောင်းချနေကြောင်း သိရှိရပါသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်တွင် ကန့်ဘလူမြို့မဈေး၌ ဖြစ်ပေါ်နေသော ဘုရားပန်း အမျိုးမျိုး၏ဈေးနှုန်းများမှာ စကားဖြူပန်း(၃)ပွင့်ပါ တစ်ကုံးလျှင်(၃၅၀)ကျပ်၊ စကားဖြူပန်း(၃) ကုံးလျှင် (၁၀၀၀)ကျပ်၊ စကားဝါပန်း(၃)ပွင့်ပါ တစ်ကုံးလျှင်(၂၀၀)ကျပ်၊ (၃)ကုံးလျှင်(၅၀၀)ကျပ်၊ နှင်းပန်းတစ်စီး လျှင်(၈၀၀)ကျပ်၊ ကျောက်ခက်စိမ်း တစ်စီးလျှင်(၅၀၀)ကျပ်၊ သပြေပန်းဈေးနှုန်းအနေဖြင့် သပြေပန်း အငုတ်(အကြီး)လျှင် (၄၀၀၀မှ ၅၀၀၀)ကျပ်၊ သပြေပန်းအခက်(၁)စည်းလျှင် (၁၅၀၀မှ ၂၀၀၀) ကျပ်၊ နှင်းဆီပန်းအပွင့်ကြီးတစ်ပွင့်လျှင် (၇၀၀)ကျပ်၊ နှင်းဆီပန်းအပွင့်(အသေး) တစ်ပွင့်လျှင် (၄၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပန်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ပဲနီရေပွနှင့်စားတော်ပဲပြုတ် ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ပေါ်ရပ်ကွက်များမှ ပြည်သူများသည် မိသားစုစားဝတ်နေ ရေးအဆင်ပြေစေရန်နှင့် အပိုဝင်ငွေရရှိရန်အတွက် စိုက်ပျိုးရေးလုပ်ငန်းများအပြင် စွန်တာနီ(ခေါ်)ပဲနီ နှင့် စားတော်ပဲတို့ကို ပြုတ်၍ ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိနေကြောင်း သိရှိရသည်။

          မြန်မာလူမျိုးတို့သည် နံနက်စာ ထမင်းဆီဆမ်းပူပူလေးနှင့် စားတော်ပဲပြုတ်ကို တွဲဖက်စားသုံး ကြသလို ကောက်ညှင်းပေါင်းနှင့်လည်း တွဲဖက်စားသုံးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ  တတိယပတ် အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့မဈေးတွင် ပဲနီရေပွ ဈေးနှုန်းများမှာ စွန်တာနီပဲ(ခေါ်)ပဲနီရေပွ တစ်ပြည်လျှင်(၄၈၀၀)ကျပ်၊ နို့ဆီတစ်ဘူးလျှင်(၆၀၀)ကျပ်နှင့် စားတော်ပဲပြုတ် တစ်ထုပ်လျှင်(၅၀၀) ကျပ်၊ စားတော်ပဲပြုတ်(၃)ထုပ်လျှင် (၁၃၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပဲရေပွနှင့် စားတော်ပဲပြုတ် ရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း