ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသည့် ခါကြက်ဥဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ဘူသီး၊ မုန်လာထုပ်၊ ပန်းမုံလာပွင့်၊ ရွှေပဲသီး၊ ခရမ်းချဉ်သီး ၊မုံညှင်းထုပ်၊ ပြောင်းဖူးများ ရောင်းချလျက်ရှိရာ ယခုအခါ ခါကြက်ဥများကို  ကန့်ဘလူမြို့မဈေးတွင်ရောင်းချ လျက်ရှိပါသည်။ခါကြက်ဥတွင်ခါကြက်ဥရိုးရိုး(ဗမာ)ဥနှင့် ခါကြက်ဥ(တရုတ်)ဥဟူ၍နှစ်မျိုးရှိကြောင်း၊ ခါကြက်ဥများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်၌ ကန့်ဘလူမြို့မဈေးတွင် ခါကြက်ဥ(ဗမာ)(၁)ပိ ဿာလျှင်(၄၀၀၀)ကျပ်၊ ခါကြက်ဥ(ဗမာ)(၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်၊ ခါကြက်ဥ(ဗမာ)(၂၅) ကျပ်သားလျှင်(၁၀၀၀)ကျပ်နှင့် ခါကြက်ဥ(တရုတ်)(၁)ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ခါကြက်ဥ(တရုတ်) (၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ ခါကြက်ဥ(တရုတ်)(၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

 

မင်းကွက်သီး ဈေးနှုန်းဈေးကွက်

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင်  မင်းကွက်သီးများ ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

    ဈေးကွက်အတွင်း ရောင်းချနေသော မင်းကွက်သီးများကို မော်လမြိုင်ဒေသထွက် မင်းဂွတ် သီးများ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပါသည်။

    ယခုဇူလိုင်လအတွင်း ဖြစ်ပေါ်နေသော မင်းကွက်သီးဈေးနှုန်းမှာ မင်းကွက်သီးအသေး (၁)လုံး လျှင် (၅၀၀) ကျပ်၊ မင်းကွက်သီးအလတ်(၁)လုံးလျှင် (၈၀၀) ကျပ်နှင့် မင်းကွက်သီးအကြီး (၁)လုံးလျှင် (၁၀၀၀) ကျပ် အထိရောင်းချလျက်ကြောင်း မင်းကွက်သီးရောင်းချသူထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)

နဂါးမောက်သီး ဈေးနှုန်းဈေးကွက်

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်းတွင်  နဂါးမောက်သီးများ ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

    နဂါးမောက်သီးပင်များသည် အပူပိုင်းဒေသရာသီဥတုရှိရာ နေရာအနှံ့အပြားတွင် စိုက်ပျိုး ဖြစ်ထွန်းပြီး ရေငတ်ခံနိုင်သော ရှားစောင်းနွယ်ဝင်အပင်တစ်မျိုးဖြစ်သည်။ ယခုအခါတွင် မြန်မာ ပြည်အနှံ့ စိုက်ပျိုးလာကြောင်း တွေ့ရှိရသည်။ နဂါးမောက်သီးတွင် အဖြူ၊ အနီ၊ အဝါ သုံးမျိုးရှိရာ စားသုံးသူများမှာ အနီသီးကို ပိုမိုနှစ်သက်ကြသည်။

     ယခုဇူလိုင်လအတွင်း ဖြစ်ပေါ်နေသော နဂါးမောက်သီးဈေးနှုန်းမှာ နဂါးမောက်သီး အသေး (၁)လုံး လျှင် (၈၀၀) ကျပ်၊ နဂါးမောက်သီး အလတ်(၁)လုံးလျှင် (၁၂၀၀) ကျပ်နှင့် နဂါးမောက်သီး အကြီး (၁)လုံးလျှင် (၁၅၀၀) ကျပ် အထိရောင်းချလျက်ကြောင်း နဂါးမောက်သီး ရောင်းချသူထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)

ထောပတ်သီး ဈေးနှုန်းဈေးကွက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင်  ထောပတ်သီးများ ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

     ဈေးကွက်အတွင်းရောင်းချနေသော ထောပတ်သီးများကို ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း )  တောင်ကြီး၊ ဟိုပုံ၊ ညောင်‌ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်၊ လားရှိုး၊ ကွက်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို စသည့်ဒေသများမှ တင်သွင်းကြပါသည်။

     ယခုဇူလိုင်လအတွင်း ဖြစ်ပေါ်နေသော ထောပတ်သီးဈေးနှုန်းမှာ ထောပတ်သီးအသေး (၁)လုံး လျှင် (၅၀၀) ကျပ်၊ ထောပတ်သီးအလတ်(၁)လုံးလျှင် (၈၀၀) ကျပ်နှင့် ထောပတ်သီးအကြီး (၁)လုံးလျှင် (၁၀၀၀) ကျပ် အထိရောင်းချလျက်ကြောင်း ထောပတ်သီးရောင်းချသူထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)

ဂေါ်ရခါးသီး ဈေးနှုန်းဈေးကွက် အခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင်  ဂေါ်ရခါးသီးများ ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

     ဈေးကွက်အတွင်းရောင်းချနေသော ဂေါ်ရခါးသီးများကို ရှမ်းပြည်နယ် ကလော၊ ပင်းတယ၊ ပင်လောင်း စသည့်ဒေသများမှ ဝင်ရောက်လာသည့် ဂေါ်ရခါးသီးများ အရောင်းအဝယ်ကောင်းနေကြောင်း သိရှိရပါသည်။

     ယခုဇူလိုင်လအတွင်း ဖြစ်ပေါ်နေသော ဂေါ်ရခါးသီးဈေးနှုန်းမှာ ဂေါ်ရခါးသီးအသေး () လုံးလျှင် (၈၀၀) ကျပ်၊ ဂေါ်ရခါးသီးအကြီး(၁)လုံးလျှင်(၁၂၀၀)ကျပ် အထိရောင်းချလျက်ကြောင်း ဂေါ်ရခါးသီး ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မန်ကျည်းပင်ဈေးရှိ ကြက်မောက်သီး ဈေးနှုန်း/ဈေးကွက်

‌    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊  မန်ကျည်းပင်ဈေးအတွင်းတွင်  ကြက်မောက်သီးများ ရောင်းချ လျက်ရှိကြောင်း  သိရှိရပါသည်။ ကြက်မောက်ပင်သည် အပူပိုင်းဒေသတွင် ကောင်းစွာဖြစ်ထွန်းပြီး စိုစွတ်သေရာသီဥတုကို ကြိုက်နှစ်သက်သည်။ အပင်မြင့်အမျိုးအစားမဟုတ်သော်လည်း အကိုင်း အခက်များဖြင့် ဘေးသို့ ဖြာထွက်ကာ အသီးထွက်နှုန်းအားကောင်းပြီး အခိုင်လိုက်အသီးသီး လေ့ ရှိသည်။

    ကြက်မောက်သီးတွင် သံဓာတ်ကြွယ်ဝခြင်း၊ ဘီတာမင် C ကြွယ်ဝစွာပါဝင်ခြင်း၊ အမျှင်နှင့်ရေဓာတ် ပြည့်ဝစွာပါဝင်ခြင်းတို့ကြောင့် အဆီကျစေခြင်း၊ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေခြင်းနှင့် ကင်ဆာရောဂါများမှ ကာကွယ်ပေးခြင်းစသည့် ကျန်းမာရေးအကျိုး အာနိသင်များစွာ ရရှိခြင်းကြောင့် လူကြိုက်များသည့် ရာသီစာသီးနှံတစ်မျိုးဖြစ်ကြောင်းသိရှိရသည်။

     ယခုဇူလိုင်လအတွင်း ဖြစ်ပေါ်နေသော ကြက်မောက်သီးဈေးနှုန်းမှာ တစ်လုံးလျှင် (၃၀၀) ကျပ် အထိ ရောင်းချလျက်ကြောင်း ကြက်မောက်သီးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

သာစည်မြို့နယ်တွင် နွေစပါး စတင်ရိတ်သိမ်း

   မိတ္ထီလာခရိုင် ၊ သာစည်မြို့နယ်သည် နွေစပါးများအား လယ်ယာထွက်ကုန်သီးနှံများစိုက်ပျိုး ဖြစ်ထွန်းရာ နွေစပါးကို ၂၀၂၅ ခုနှစ် မတ်လက စိုက်ပျိုးခဲ့ရာ ဇူလိုင်လ ပထမအပတ်တွင် ရိတ်သိမ်း မည်ဖြစ်ကြောင်း  ၂-၇-၂၀၂၅ ရက်နေ့တွင် သာစည်မြို့နယ် ၊ ကုက္ကိုကန်ကျေးရွာအုပ်စု၊ ကွင်းအမှတ်၊ (၂၀၂၀) ကုက္ကိုကန်အရှေ့ကွင်း၊ ဦးပိုင်အမှတ် (၅၅/၁)၊ ဧရိယာ(၀.၀၈)ဧကရှိ တောင်သူ ဦးပေါ်ညွှန့်၏ စပါးသီးနှံမျိုး အောင်နိုင်တိုးနွေးစပါး စံပြကွက်အား ရိတ်သိမ်းခြင်း အခမ်းအနားကို ပြုလုပ်ကျင်ပ ခဲ့ကြောင်းသိရှိရပါသည်။
    အဆိုပါအခမ်းအနားသို့ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဌ ဦးမျိုးသက်ကျော်နှင့် မြို့နယ် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဝင်များ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ပြီး နွေစပါးများ ရိတ်သိမ်းရာ တွင် တစ်ဧကလျင် အဆိုအထွက်နှုန်း (၁၄၁.၆၂)တင်းနှုန်း ထွက်ရှိခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရပါသည်။

DOCA(မန္တလေး)

ဝမ်းတွင်းမြို့နယ်ရှိ ဆန်စက်များ နွေစပါးသစ်များကြိတ်

    မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ ဆန်စက်များမှာ ယခုအခါနွေးစပါးများ ထွက်ရှိချိန်ဖြစ်၍ စက် လည်မှုများကြောင်းသိရသည်။ စပါးစက်များအနေဖြင့် ကိုယ်ပိုင်စိုက်ပျိုး၍ ကြိတ်ခြင်း၊ စပါးဝယ်ယူ ကြိတ်ခြင်း၊ နဝလီကြိတ်ခြင်းများ ဆောင်ရွက်ရာ ဆန်စက်များအနေဖြင့် နဝလီကြိတ်မည်ဆိုပါက ဆန်တစ်အိတ်လျှင် (၁၂၀၀) ကျပ်နှုန်းဖြင့် ကြိတ်ခွဲကြောင်းသိရသည်။
      စပါးတင်း (၁၀၀) ကြိတ်လျှင်ဆန် (၁.၅) တင်းအိတ် (၂၇/၂၈) အိတ်ရရှိပြီးဂ ဆန်ကွဲ (၁.၅) တင်း (၁) အိတ်နှင့်ဖွဲနုမှာ (၉.၅) ပိဿာရှိ ဖွဲနု (၈) တင်းဝန်းကျင်ထွက်ရှိပါသည်။ ဝမ်းတွင်းမြို့နယ်၌ လတ် တလော ကြိတ်ခွဲနေသော ဆန်၊ ဆန်ကွဲ၊ ဖွဲနုဈေးများမှာ ရွှေသွယ်ရင် (၁.၅) တင်းဝင်တစ်အိတ်လျှင် (၅၀၀၀၀/၅၅၀၀၀) ကျပ်၊ ဆန်ကွဲတစ်အိတ်လျှင် (၄၀၀၀၀) ကျပ် ၊ ဖွဲနု (၁၈) ပိဿာဝင် (၁.၅) တင်း တစ်အိတ်လျှင် (၂၂၀၀၀)ကျပ် ဈေးရှိကြောင်းနှင့်နွေစပါးထွက်ချိန်ဖြစ်၍ စက်များကြိတ်ခွဲမှုများကြောင်း သိရသည်။

DOCA(မန္တလေး)

 

ဝမ်းတွင်းမြို့နယ်တွင် နွေစပါးများ ရိတ်သိမ်းနေ

   ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးကို (၃၂၉၉) ဧက စိုက်ပျိုးခဲ့ပြီး ဇွန်လကုန်အထိ (၆၅) ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း၊ မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရသည်။ နွေစပါးကို မတ်လကို မတ်လကစိုက်ပျိုးခဲ့ပြီး၊ ဇွန်လမှစ၍ ရိတ်သိမ်းကာ တစ်ဧကကုန်ကျစရိတ်မှာ (၁၅) သိန်းဝန်း ကျင်ကုန်ကျကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် (၉၄) တင်းခန့်ထွက်ခဲ့ကြောင်း၊ ထွက်ရှိချိန်ဈေး နှုန်းအနေဖြင့် စက်ကျအစိုတစ်တင်းလျှင် ရက် (၉၀) မှာ (၁၄၅၀၀-၁၅၀၀၀) ကျပ်၊ ရွှေသွယ်ရင်မှာ (၁၆၀၀၀) ကျပ်ဈေးရှိသဖြင့် တောင်သူတွက်ခြေကိုက်မှုနည်းကြောင်း သိရသည်။
      ဝမ်းတွင်းမြို့နယ်၌ နွေစပါးစိုက်ပျိုးရာတွင် ဆည်ရေ၊ ကန်ရေရရှိသောဒေသများတွင် သက်တမ်း တိုသောစပါးမျိုးများဖြစ်သည့် ရွှေသွယ်ရင်၊ ရက်(၉၀) စပါးမျိုးများ စိုက်ပျိုးမှုများကြောင်း သိရသည်။ ပြီးခဲ့သည့် နှစ်နွေစပါးစိုက်ပျိုးရာသီက (၈၁၂၆) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး၊ ယခုနှစ်တွင် ရေကြီးခဲ့ခြင်း ကြောင့် ကင်းတားဆည်ဘောင်များပြုပြင်ဆဲဖြစ်၍ စိုက်ဧကမှာ လျော့နည်းခြင်းဖြစ်ကြောင်း တောင်သူ များထံမှသိရသည်။

DOCA(မန္တလေး)

“နံနံပင်စိုက်ပျိုးဝင်ငွေတိုး”

မြန်မာပြည်တွင် ထင်ရှားဆုံးဟင်းခတ်အမွှေးအကြိုင်မှာ နံနံပင်ဖြစ်ပြီး အစေ့ကိုလည်း ဟင်းခတ်မဆလာတွင်အသုံးပြုနိုင်ပါသည်။မြန်မာဟင်းများတွင်သာမက မုန့်ဟင်းခါး၊အုန်းနို့ ခေါက်ဆွဲ၊အသုပ်စုံတို့တွင်လည်း တွဲဖက်၍အသုံးပြုနိုင်ပါသည်။တို့စရာအဖြစ်လည်းစားသုံးကြ ပါသည်။နံနံပင်သည် ဆောင်းရာသီတွင် အထူးဖြစ်ထွန်းပြီး ကျန်ရာသီများတွင် ရှားပါးကာ စျေးကြီးပေးဝယ်ယူစားသုံးရပါသည်။နံနံပင်ကိုစိုက်ပျိုးရန်အတွက် ရေမဝပ်သော နုန်းမြေ သည်အကောင်းဆုံးဖြစ်ပါသည်။ရွှံစေးဆန်သောမြေနှင့်သဲမြေများ၌ နွားချေး၊မြေဆွေး၊ဖွဲပြာတို့ ကိုထည့်၍သင့်တော်သည့်မြေအနေအထားရအောင်ပြုပြင်၍ စိုက်ပျိုးရပါသည်။နံနံပင်စိုက်ပျိုး ရန်အတွက်ဘောင်များပြုလုပ်၍ စိုက်ပျိုးပါက အထူးကောင်းမွန်ပြီး ဘောင်များကို(၄-၅) လက်မ အမြင့်ပြုလုပ်ပြီး(၂-၃)ပေအကျယ်ဖြင့် အရှည်ကိုအလိုရှိသလောက်ထားကာ အသုံးပြု နိုင်ပါသည်။နံနံစေ့မစိုက်ခင် မြန်မြန်အပင်ပေါက်စေရန် ရေတွင်(၂၄)နာရီကြာစိမ်ရပြီး အစေ့ ကိုရေမစိမ်မီ ဂုန်နီအိတ်ပေါ်တင်၍ ပုလင်းဖြင့်နှစ်ခြမ်းကွဲသွားစေရန် အသာအယာလှိမ့်ပေးရပါ သည်။ထို့နောက် ရေတွင်(၂၄)နာရီစိမ်ရာ၌ ရေ(၂)ကြိမ်လဲပေးရပြီး ဘောင်ပေါ်တွင် (၀.၅) လက်မအနက်မြောင်းများကို (၄)လက်မခြားဆွဲပြီး မျိုးစေ့များကိုချရပါသည် ။ ထို့နောက် နွားချေးမှုန့်၊မြေဆွေးမှုန့်ဖြင့် ပါးပါးဖုံးပြီး ကောက်ရိုး၊မြောက်ခြောက်တို့ဖြင့်အုပ်ပေးရပါသည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် မြေတွင်အစိုဓါတ်ထိန်းပေးပြီး အပင်ပေါက်ရောက်မှုအားကောင်းစေ ပြီးအပင်များသန့်ရှင်းပြီး သန်မာသောနံနံပင်များရရှိစေနိုင်ပါသည်။နံနံပင်များပေါက်လာပြီး နောက်ရေကို တစ်နေ့(၂)ကြိမ်လောင်းပေးရပြီး အပင်များအနည်းငယ်ကြီးထွားလာပါက ရေကိုလျော့‌လောင်းရပါသည်။ရေများများလောင်းပါက နံနံပင်များ ခါးရိရောဂါကျရောက်စေ နိုင်ပါသည်။နံနံပင်များပေါက်ပြီး(၄၅)ရက်သားမှစတင်၍နှုတ်ယူစားသုံးရောင်းချနိုင်ပါကြောင်း၊ ယခုအခါ နံနံပင်များစိုက်ပျိုးသောတောင်သူများအနေဖြင့် စျေးကောင်းရလျှက်ရှိပါသော ကြောင့်နံနံပင်များစိုက်ပျိုးပြီး အပိုဝင်ငွေရရှိစေရန် စိုက်ပျိုးသင့်ပါကြောင်း ‌ရေးသားတင်ပြ အပ်ပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း