ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးကွက်အတွင်းဝင်ရောက်လျက်ရှိသော နဂါးမောက်သီး

မန္တလေးသစ်သီးဈေးကွက်အတွင်းသို့မြင်းခြံခရိုင်၊ညောင်ဦး၊ပုပ္ပါးနယ်များမှနဂါး မောက်သီး များ အများအပြားဝင်ရောက်လျက်ရှိရာ မြို့တွင်းသစ်သီးဆိုင်များ၊ဖျော်ရည်ဆိုင်များတွင် ရာသီစာ အဖြစ် အရောင်းသွက်လျက်ရှိကြောင်းသိရပါတယ်၊ နဂါးမောက်သီးသည် အရသာထူးခြားပြီး ကျန်းမာရေးအတွက် အကျိုးပြုကြောင်း သိလာကြတာနဲ့အမျှ စားသုံးမှု ပိုမိုမြင့်တက်လာပါ တယ်၊ နဂါးမောက်သီးမှာ အမျှင်ဓာတ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တာကြောင့် ကျန်းမာရေးအတွက် များစွာကောင်းမွန်ပါတယ်၊ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများကြောင့် အသား အရေခြောက်သွေ့ပျက်စီးခြင်းကိုကာကွယ်ပေးနိုင်ပြီးအသားအရေတင်းရင်းလှပစေမဲ့ ကော်လဂျင် တွေထွက်လာအောင်လှုံ့ဆော်ပေးနိုင်ပါတယ်။ အမျှင်ဓာတ်မှာလည်း အူလမ်းကြောင်း အကျိုးပြု ဘက်တီးရီယားတွေ ပေါက်ဖွားသန်စွမ်းဖို့ အားပေးပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေး ပါတယ်။ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးပြီးရောဂါပိုးအလွယ်တကူဝင်ရောက်နိုင်ခြင်းမရှိအောင် ကာကွယ် ပေးသောကြောင့် ရောင်းဝယ်အားကောင်းလျက်ရှိကြောင်း ၊ ဈေးကွက်တွင် သစ်သီးဆိုင်များနှင့် လက်တွန်းလှည်းများပေါ်တွင် နဂါးမောက်သီး အကြီး၊ အသေး ပေါ်မူတည်ပြီး(၁)လုံးလျှင် ကျပ်၅၀၀/၈၀၀/၁၀၀၀ နှုန်းဖြင့် ရောင်းအားကောင်းလျက်ရှိကြောင်းသိရပါတယ်။ DOCA(မန္တလေး)

ရာသီပေါ်ပိန္နဲသီးဈေးကွက်

ပိန္နဲသီးကို လူအများအလွန်နှစ်သက်စွာ စားသုံးကြသည်။ ပိန္နဲသီးသည် အလွန်မွှေးကြိုင်ပြီး ကြွပ်ရွသောအသီးတစ်မျိုးဖြစ်သည်။ ပိန္နဲသီးမှာပါတဲ့ အာဟာရဓာတ်တွေကတော့ ကယ်လ်လိုရီ၊ ပရိုတင်း၊ အဆီ၊ အမျှင်ဓာတ်၊ ဗီတာမင် C၊ Pyridoxine (ဗီတာမင် B6)၊ Niacin (ဗီတာမင် B3)၊ Riboflavin (ဗီတာမင် B2)၊ Folic acid (ဗီတာမင် B9)၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ Phosphorusတို့ ပါဝင်တဲ့အတွက် ကျန်းမာရေးအတွက် အထူးသင့်လျော်ပြီး စားကောင်းသော အသီးတစ်မျိုး ဖြစ်ပါသည်။ ချိုအီမွှေးတဲ့ ပိန္နဲမွှာလေးတွေ ကပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူး တွေကတော့ ကင်ဆာသက်သာစေခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ သွေးတိုးကျစေခြင်း၊ အစာကြေစေခြင်း၊ အိပ်ပျော်ခြင်း၊ အမြင်အာရုံကောင်းခြင်း၊ အသားအရေ ကျန်းမာခြင်း၊ ပါးစပ်ထဲကအနာကို သက်သာစေခြင်း၊ အရိုးတွေသန်မာစေခြင်း၊ အာရုံကြော စနစ်ကိုကျန်းမာစေခြင်းနှင့် အနာကျက် စေနိုင်ခြင်းတို့ဖြစ်ပါသည်။ ရာသီပေါ်ပိန္နဲသီး ဈေးနှုန်း ဈေးကွက်အနေဖြင့် နွှာပြီးသားတစ်ဆံလျှင် (၃၀၀) ကျပ်ဖြစ်ပြီး တစ်လုံးလျှင် အရွယ်အစား အလိုက် ၈၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်ခန့် ရှိကြောင်း သိရှိရပါသည်။ DOCA(မန္တလေး)

ဈေးကွက်အတွင်း ဝင်ရောက်လာတဲ့ ရာသီစာပတ္တမြားငမောက်

မန္တလေးတိုင်းဒေသကြီးအတွင်း သို့ကျောက်ဆည်၊မတ္တရာ၊စဉ့်ကိုင် ၊မြင်းခြံစသည့် နယ်များ မှ စိန်တစ်လုံးသရက်သီးများ ဧပြီလဆန်းမှစ၍ လှိုင်လှိုင်ထွက်ပေါ်ပြီးဇွန်လကုန်တွင် အထွက်နှုန်း များလျော့ကျသွားပြီး ဈေးကွက်အတွင်း အရောင်းအဝယ်ရှားပါးလျက်ရှိပါသည်။ ၎င်းစိန်တစ်လုံး သရက်သီးအစားအခြားမျိုးများဖြစ်သည့် မချစ်စု၊ စိမ်းစား၊ရွှေဟင်္သာ၊ ရင်ကွဲ၊ပတ္တမြားငမောက် အစရှိ သည့် သရက်သီးများ ဝင်ရောက်လျက်ရှိပါသည်။ ၎င်းသရက်မျိုးများအနက်မှ မန္တလေးမြို့နှင့်အနီးတဝိုက်ရှိ ကျောက်ဆည်၊ စဉ့်ကိုင်၊ ပလိပ်၊ မတ္တရာစသည့်နယ်များမှ ပတ္တမြားငမောက်သီးများ ဈေးကွက်အတွင်းသို့ နေ့စဉ်ဝင်ရောက်လျက်ရှိ ပါသည်။ပတ္တမြားငမောက်သရက်သီး၏ အချိုဓာတ်မှာလျော့နည်းခြင်းကြောင့် အချို့ ဆီးချိုသမား များတစ်ခါတစ်ရံ စားသုံးလေ့ရှိကြပါသည်။ မန္တလေးဈေးကွက်အတွင်း ပတ္တမြားငမောက်သီး အလုံးလှ တစ်လုံးလျှင် ကျပ် (၁၅၀၀/၂၀၀၀/-)၊ ပုံမှန် တစ်လုံးလျှင် ကျပ် (၇၀၀/၈၀၀/- )ဖြင့် ဈေးကွက်အတွင်း အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးရောင်းသူတစ်ဦးထံမှ သိရှိရပါသည်။ DOCA(မန္တလေး)

၂၇.၆.၂၀၂၅ ရက်နေ့တွင် လှိုင်မြို့နယ် သီရိမင်္ဂလာဈေးကြီးတွင် ကုန်စိမ်း၊ ပန်းနှင့် သစ်သီးများ ဝင်ရောက်မှုအခြေအနေ

ဝက်သားဈေးတက်သော်လည်းရောင်းကောင်းလျက်ရှိ

ဝက်များကိုမွေးမြူရေးခြံများနှင့် အခြားတစ်နိုင်တပိုင် စီးပွားဖြစ်မွေးမြူကြသည်။ ဝက်များကို ယခင်တချိန်တပြည်ပ နယ်စပ်မြို့ကလေးများသို့ တင်ပို့ရောင်းချကြသည်။ယခုတွင်မူ ပြည်တွင်းစားသုံးရန် အတွက်သာ အရောင်းအဝယ်ဖြစ်လျက် ရှိကြသည်။ဝက်သားများကို အလှူများပြုလုပ်ရာတွင် ဝက်သားချက်ကို ချက်ပြုတ်ကျွေးမွေးကြသည်။ဝက်သားများကို ဝက်အူချောင်းပြုလုပ်၍လည်း စားသုံးကြပြီး အနယ်နယ်အရပ်ရပ်မြို့များ သို့လည်း တင်ပို့ရောင်းချကြသည်။ယခင်လက ဝက်သား ၁ ပိဿာလျှင်(၂၈၀၀၀-၃၀၀၀၀)ယခု (၃၀၀၀၀-၃၅၀၀၀)ကျပ် ဈေးတို့ဖြင့်ရောင်းချကြောင်း သိရှိရသည်။ဝက်အူချောင်း ၁ ပိဿာလျှင် (၅၀၀၀၀-၅၅၀၀၀)ကျပ်၊ ဝက်ဆီဖတ်များကို ဝက်ဆီဖတ်ကြော်ပြုလုပ်၍လည်း ရောင်းချကြပါသည်။ DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း