ကျွန်းလှမြို့နယ်ပဲဈေးကွက်၌ အရောင်းအဝယ်ဖြစ်နေသော ပဲစဉ်းငုံဈေးနှုန်း

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ် ငန်းများလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးတောင်သူများသည် ပဲစဉ်းငုံသီးနှံကို အဓိကစိုက်ပျိုးကြောင်း သိရသည်။

     ကျွန်းလှမြို့နယ်တွင် ပဲစဉ်းငုံမျိုးအနေဖြင့် အစေ့အနီရောင်မျိုးနှင့် အစေ့အဖြူရောင်မျိုးတို့ကို စိုက်ပျိုးကြောင်း ဈေးနှုန်းအနေဖြင့် ဩဂုတ်လ စတုတ္ထပတ်အတွင်း ပဲစဉ်းငုံနီ(၁)တင်းလျှင်(၇၃၅၀၀) ကျပ် ၊ပဲစဉ်းငုံဖြူ(၁)တင်းလျှင် (၇၁၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ထွက်ရှိသည့် ပဲစဉ်းငုံများကို ရွှေဘိုမြို့ရှိပွဲရုံများ၊ မန္တလေးမြို့ရှိပွဲရုံများသို့ ရောင်းချကြောင်း ဒေသတွင်းသီးနှံရောင်း ဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)