ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

၁၈.၈.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီးဈေးနှုန်းများ

            ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းသို့ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့မှ ငြုပ်သီးများဝင်ရောက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးမှ အများဆုံးဝင်ရောက်ပြီး ငြုပ်သီးဈေးနှုန်းများမှာ ၁၈.၈.၂၀၂၅ ရက်နေ့ ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီး တစ်ပိဿာ ဈေးနှုန်းများမှာ ပန်းရဲ(ဟောင်း) အမြင့်ဆုံးဈေး ကျပ် ၇၅၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၆၅၀၀၊ ပန်းရဲ(AC) အမြင့်ဆုံးဈေး ကျပ် ၁၁၀၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၁၀၀၀၀၊ မြှားနီ(ဟောင်း) အမြင့်ဆုံးဈေး ကျပ် ၉၀၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၈၀၀၀၊ မြှားနီ(AC) အမြင့်ဆုံးဈေး ကျပ် ၁၂၀၀၀ မှ အနိမ့်ဆုံး ကျပ် ၁၁၀၀၀၊ မြစ်ဝ မိုးထောင် အမြင့်ဆုံးဈေး ကျပ် ၁၂၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၁၀၀၀၊ ဆင်ဖြူကျွန်း(ပု) သစ် အမြင့်ဆုံးဈေး ကျပ် ၁၇၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၆၀၀၀၊ ဆင်ဖြူကျွန်း(ပု) (AC) ကျပ် ၂၁၀၀၀၊ မြစ်ဝ (ပု) (AC) အမြင့်ဆုံးဈေး ကျပ် ၁၉၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၂၀၀၀၀ တို့အသီးသီးဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။ ငြုပ်သီးဈေးနှုန်းမှာ  ၁၂.၈.၂၀၂၅ ရက်နေ့ မှ ၁၈.၈.၂၀၂၅ ရက်နေ့ထိ ဈေးနှုန်းပြောင်းလဲမရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကန့်ဘလူမြို့နယ်၏ ရာသီစာ မုန်လာဥဖြူ ဈေးနှုန်း၊ဈေးကွက် အခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးလျက်ရှိပြီး ရာသီပေါ်သီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြကြောင်း သိရသည်။

       ယခုအခါ ကန့်ဘလူမြို့နယ်အတွင်းရှိ နတ်ပေးကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် မြို့ပေါ်ရပ် ကွက်များတွင် မုန်လာဥဖြူများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း၊ ထွက်ရှိသည့်မုန်လာဥဖြူ များကို ကန့်ဘလူမြို့မဈေးတွင်ရောင်းချကြောင်း ၊ ဩဂုတ်လ တတိယပတ်အတွင်း မုန်လာဥဖြူ အကြီး(၃)ဥပါတစ်တွဲလျှင် (၇၀၀)ကျပ်၊ မုန်လာဥဖြူ(အသေး)(၃)ဥပါတစ်တွဲလျှင် (၅၀၀)ကျပ်တို့ ဖြင့်ရောင်းချကြောင်း၊ ရာသီပေါ်သီးနှံဖြစ်သည့်အတွက် မုန်လာဥဖြူများ ရောင်းအားကောင်းလျက် ရှိကြောင်း မြို့မဈေးရှိကုန်စိမ်းရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)      

 

                            

ရန်ကုန်မြို့သို့ နေ့စဉ်သင်္ဘော/ ကားများဖြင့် ဆန်ဝင်ရောက်မှုအခြေအနေ

              ၁၄.၈.၂၀၂၅ ရက်နေ့တွင် မြောင်းမြမြို့နယ်မှ ကြယ်စန်းလင်းသင်္ဘောဖြင့် ပေါ်ဆန်း(၅၀) အိတ်၊  ပေါ်ကျွဲ (၁၀၀) အိတ်၊ ဧည့်မထ(၈၀၀)အိတ်၊ ဆန်ကွဲ(၉၀၀) အိတ်၊ မြောင်းမြမြို့နယ်မှ ကားဖြင့် ဧည့်မထ (၅၂၂) အိတ်၊ ဆန်ကွဲ(၅၀၅) မော်လမြိုင်ကျွန်းမြို့မှ အောင်ရာဇာဟိန်းသင်္ဘောဖြင့် ကြားပျံ (၃၅၀) အိတ်၊ ပေါ်ဆန်း(၂၆၁၇) အိတ်၊ ပေါ်ကျွဲ(၂၀၀) အိတ်၊ ဧည့်မထ(၁၁၉၆) အိတ်၊ ဆန်ကွဲ (၈၉၂) လပွတ္တာမြို့နယ်မှ ဇော်မြင့်မြတ်ရေယာဉ်ဖြင့် ကြားပျံ(၂၂၇) အိတ်၊ ပေါ်ဆန်း(၂၄၅၃) အိတ်၊ ပေါ်ကျွဲ(၆၂၈) အိတ်၊ ကျိုက်လတ်မြို့နယ်မှ ပြည့်ဝသာလွန်ရေယာဉ်ဖြင့်  ဧည့်မထ (၁၇၅၀) အိတ်၊ ဆန်ကွဲ(၅၀၀) အိတ် တို့ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာ အရပ်ဒေသများနှင့် ဈေးနှုန်းများအခြေအနေ

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၈ ) ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက် ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံနှင့် မုံရွာ၊ ပခုက္ကူ၊ ရွှေဘိုဒေသတို့မှ ကြက်သွန်နီ (၄၅၀၀၀၀) ပိဿာဝင် ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှု ရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၁၈၀၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်တင်းအရ သိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၈၅၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၁၃၀၀၊ အကြီးမှာ ကျပ် ၁၆၀၀၊ ရှယ်မှာ ကျပ် ၁၇၅၀၊ မြင်းခြံ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၇၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၂၅၀ ၊ အကြီးမှာ ကျပ် ၁၅၅၀၊ ရှယ်မှာ ကျပ် ၁၆၅၀၊ မုံရွာ ကြက် သွန်နီ(အသစ်)  အချော တစ်ပိဿာ ကျပ် ၁၀၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၃၀၀ ၊ အကြီးမှာ ကျပ် ၁၆၀၀၊ ရှယ်မှာ ကျပ် ၁၆၅၀၊ ပခုက္ကူ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၁၁၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၂၅၀ ၊ အကြီးမှာ ကျပ် ၁၅၅၀၊ ရှယ်မှာ ကျပ် ၁၆၀၀၊ ရွှေဘို ကြက်သွန်နီ(အသစ်) အသန့်မှာ တစ်ပိဿာ ကျပ် ၁၄၅၀ ၊ အကြီးမှာ ကျပ် ၁၈၀၀၊ ရှယ်မှာ ကျပ် ၁၉၀၀ ဈေးတို့အသီးသီးရှိ ကြောင်း စုံစမ်းသိရှိရပါသည်။

            ၁၈.၈.၂၀၂၅ ရက်နေ့တွင် ဆိပ်ဖြူ ကြက်သွန်နီဈေးနှုန်းမှာ ၁၄.၈.၂၀၂၅ ရက်နေ့ကအတိုင်း ဈေး တူညီနေပြီး မြင်းခြံ ၊ မုံရွာ၊ ပခုက္ကူ ကြက်သွန်နီဈေးနှုန်းများမှာ ၁၄.၈.၂၀၂၅ ရက်နေ့ကထက် ဈေးအနည်းငယ်ကျသွားကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ပြည်မြို့နယ်အတွင်းတွင် အာလူးဈေးကွက်အရောင်းသွက်လျက်ရှိ

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ မြို့မစည်ပင်သာယာဈေးကြီး၊ မြို့သစ်ဈေး၊ ကိုးသောင်းဈေး၊ ကသည်းဈေးနှင့် ရပ်ကွက်ဈေးများတွင် ရှမ်းပြည်နယ်၊ အောင်ပန်းဘက်မှလာသော အာလူးများကို ရောင်းချလျက်ရှိပါသည်။ အာလူးအလုံးကြီးများကို စားသောက်ကုန်လုပ်ငန်း၊ အာလူးကြော်လုပ်ငန်းနှင့် အာလူးဆနွင်းမကင်း၊ အာလူးထမင်းနှင့် အာလူးထောင်းကြော် လုပ်ငန်းများမှ ဝယ်ယူမှုရှိကြောင်းသိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော အာလူး ဈေးနှုန်းများမှာ အာလူးအချော (၁)ပိဿာလျှင် (၆၀၀၀)ကျပ်၊ အာလူး အသေး (၁)ပိဿာလျှင် (၅၀၀၀)ကျပ်တို့ဖြင့်  ဈေးနှုန်းအသီးသိးဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(ပဲခူး)   

ပြည်မြို့နယ်အတွင်းရှိ ဈေးများတွင် ရောင်းချလျက်ရှိသော ငှက်ပျောသီးဈေးကွက်/စျေးနှုန်း

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိ မြို့မစည်ပင်သာယာဈေးကြီး၊ မြို့သစ်ဈေး၊ ကိုးသောင်းဈေး၊ ကသည်းဈေးနှင့် ရပ်ကွက်ဈေးများတွင် ဒေသထွက်ငှက်ပျောနှင့် မှော်ဇာ ကျေးရွာ ဘက်မှထွက်သော ငှက်ပျောသီးများကို ရောင်းချလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော ငှက်ပျောသီး ဈေးနှုန်းများမှာ ရခိုင်ငှက်ပျော အချော(၁)ဖီးလျှင် (၃၀၀၀)ကျပ်၊ ဖီးကြမ်းငှက်ပျော အချော(၁)ဖီးလျှင် (၃၀၀၀)ကျပ်၊ ငှက်ပျောချဉ် အချော (၁)ဖီးလျှင် (၂၅၀၀)ကျပ် သီးမွှေးသီး ငှက်ပျော (၁)ဖီးလျှင် (၇၀၀၀)ဖြင့်လည်းကောင်း၊ ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျက် ရှိကြောင်း သိရသည်။

DOCA(ပဲခူး)   

နတ်တလင်းမြို့နယ် ကုန်စိမ်းဒိုင်များတွင် ဖြစ်ပေါ်နေသောဒေသထွက်  သီးနှံ‌ဈေးနှုန်း ဈေးကွက်

      နတ်တလင်းခရိုင်၊ နတ်တလင်းမြိုနယ် ကျေးရွာများအတွင်းရှိ‌ တောင်သူများအနေဖြင့် လယ်ယာလုပ်ငန်းများအပြင် ရာသီပေါ်ဟင်းသီး၊ ဟင်းရွက် သီးနှံများကိုလည်း စဉ်ဆက်မပြတ် စိုက်ပျိုး ထုတ်လုပ်ရောင်းချလျက်ရှိရာ အပိုဝင်ငွေများရရှိနေကြောင်း သိရပါသည်။

          နတ်တလင်းမြို့နယ် ကုန်စိမ်းဒိုင်များတွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ယခုဩဂုတ်လ ဒုတိယပတ်တွင် ပဲတောင့်ရှည် တစ်တောင့်လျှင် (၂၂)ကျပ်၊ ခရမ်းကြွပ်သီး တစ်လုံး (၁၈)ကျပ်၊ ကျောက်ဖရုံသီး တစ်လုံး (၂၀၀၀)ကျပ်၊ မော်ဒယ် ခရမ်းသီး တစ်ပိဿာ (၈၀၀)ကျပ်၊ ကြက်ဟင်းခါးသီးအလုံး(သေး) တစ်ပိဿာ (၅၀၀)ကျပ်၊ အရွယ်အစားကိုလိုက်၍ ရုံးပတီသီး တစ်တောင့်  (၇ကျပ်မှ-၁၃ကျပ်)၊ ကြောင်လျာသီး တစ်တောင့် (၄၀၀ကျပ်မှ ရ၀၀ကျပ်)၊ သံပုရာသီး တစ်လုံး (၁၄ကျပ်မှ ၁၈ကျပ်)နှုန်းဖြင့် ဝယ်ယူပြီး ဒေသတွင်း၊ ပြည်မြို့နှင့် ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချနေကြောင်း သိရပြီး တစ်ရက်လျှင် သီးနှံထွက်ရှိမှုပေါ် မှုတည်၍ ပီနံအိတ်ကျဲ အကြီး အလုံးရေ (၂၀မှ ၄၀)အထိ တင်ပို့ရကြောင်း “မငယ်”ကုန်စိမ်းဒိုင်မှ သိရှိရပါသည်။

 

DOCA(ပဲခူး)   

နတ်တလင်းမြို့တွင်ကြက်သွန်ဖြူဈေးနှုန်းများမြင့်တက်နေ

        ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ဂျင်းသီးနှံများသည် မြန်မာလူမျိုးများ၏ ဟင်းလျှာများတွင် အများဆုံး ထည့်သွင်း အသုံးပြုသော ကျန်းမာရေးအထောက်အကူပြု   စာဖိုသုံးဆောင်သုံး သီးနှံများ ဖြစ်ပါသည်။ နတ်တလင်းခရိုင်၊ နတ်တလင်းမြိုနယ် ဈေးကွက်အတွင်း၌ ဩဂုတ်လ ဒုတိပတ်တွင်   ကြက်သွန်ဖြူ ဈေးနှုန်းများ မြင့်တက်နေကြောင်း သိရှိရပါသည်။

            ယခင် ဇူလိုင်လ စတုတ္တပတ်တွင် နတ်တလင်းမြို့နယ် ဈေးကွက်အတွင်း ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ (၁၃၀၀၀)ကျပ်၊    ကြက်သွန်ဖြူ (ရှမ်းမွှာ) တစ်ပိဿာ (၁၀၀၀၀)ကျပ်၊   ကြက်သွန်ဖြူ (ဥတစ်လုံး) တစ်ပိဿာ (၁၈၀၀၀-၂၃၀၀၀)ကျပ်၊  ကြက်သွန်နီ (ကြီး)တစ်ပိဿာ (၁၉၀၀)  ကျပ်၊ ကြက်သွန်နီ (အလတ်) တစ်ပိဿာ (၁၇၀၀)ကျပ်၊ ကြက်သွန်နီ (အသေး) တစ်ပိဿာ (၁၅၀၀)ကျပ်၊ ဂျင်းတက် တစ်ပိဿာ (၆၀၀၀)ကျပ် နှုန်းဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပါသည်။

             ယခု ဩဂုတ်လ ဒုတိယပတ်တွင် ဈေးကွက်အတွင်း ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ (၁၉၀၀၀)ကျပ်၊    ကြက်သွန်ဖြူ (ရှမ်းမွှာ) တစ်ပိဿာ (၁၂၀၀၀)ကျပ်၊   ကြက်သွန်ဖြူ (ဥတစ်လုံး) တစ်ပိဿာ (၂၀၀၀၀-၂၅၀၀၀)ကျပ်၊  ကြက်သွန်နီ (ကြီး)တစ်ပိဿာ (၁၉၀၀)ကျပ်၊ ကြက်သွန်နီ (အလတ်) တစ်ပိဿာ (၁၇၀၀)ကျပ်၊ ကြက်သွန်နီ (အသေး) တစ်ပိဿာ (၁၅၀၀)ကျပ် ဂျင်းတက် တစ်ပိဿာ (၆၀၀၀)ကျပ် နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိရာ ဇူလိုင်လစတုတ္တပတ်နှင့် နှိုင်းယှဉ်ပါက ကြက်သွန်ဖြူ ဈေးနှုန်းများ မြင့်တက်သွားကြောင်း သိရပါသည်။

DOCA(ပဲခူး)   

ပေါင်းတည်မြို့၌သီးထပ်စွမ်းအား တိုးမြှင့် စိုက်ပျိုးသည့် ပြောင်းစိုက်တောင်သူများ အကျိုးဖြစ်ထွန်းလျက်ရှိ

  ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ရာသီအလိုက်    ဖူးစားပြောင်းများကို တောင်သူများ စိုက်ပျိုးလျက်ရှိရာ ယခုမိုးရာသီ၌ ၃၂၁၄ ဧကစိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ သိရှိရပါသည်။

          ပေါင်းတည်မြို့နယ်၌ ဖူးစားပြောင်းကို သီးထပ်စိုက်ပျိုးကာ နှစ်ပတ်လည် စဉ်ဆက်မပြတ် စိုက်ပျိုးလျှက်ရှိကြောင်း ထိုဒေသထွက်ပြောင်းများကို ဝယ်လိုအားကောင်းမွန်သည့် ဒေသဈေးကွက်  နှင့် အနယ်နယ်အရပ်ရပ်ရှိ ပြောင်းဈေးကွက်များသို့ တစ်နှစ်ပတ်လုံး ရောင်းချနိုင်၍ ပြောင်းစိုက်    တောင်သူများ အကျိုးဖြစ်ထွန်းလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှသိရှိရပါသည်။ ပြောင်းစိုက်တောင်သူများသည်ယခင်က ဒေသတွင်း စားသုံးရန်သာ စိုက်ပျိုးခဲ့ကြပြီး ယခုအခါ ပြည်တွင်း ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းလာကြပြီး အထွက်ကောင်းသော မျိုးကောင်း မျိုးသန့်ပြောင်းမျိုးများကို ရွေးချယ်စိုက်ပျိုးလျက်ရှိပါသည်။

          ပေါင်းတည်မြို့နယ် ပြောင်ဈေးကွက်၌ ယခု ဒုတိယပတ်တွက် ပြောင်းဖူးစိမ်း တစ်ဖူးလျှင် (၅၀၀-၄၀၀)ကျပ်နှုန်း၊ ပြောင်းဖူးမီးဖုတ် တစ်ဖူးလျှင် (၆၀၀)ကျပ် တို့ဖြင့် ရောင်းချနေပြီး ဈေးကောင်းရရှိလျက်ရှိရာ ပြောင်းစိုက်တောင်သူများသာမက ဝယ်ယူရောင်းချသူဒေသခံပြည်သူများလည်း အကျိုးအမြတ်ခံစားရပြီး မိသားစုဝင်ငွေတိုးလျက်ရှိကြောင်း သိရှိရပါသည်။

 

DOCA(ပဲခူး)   

သာယာဝတီမြို့မဈေးအတွင်းရှိငါးဈေးကွက်အခြေအနေ

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီ(မြို့မ) ဈေးအတွင်း၌  ဩဂုတ်လ ဒုတိယပတ်တွင် ရောင်းချနေသော ငါးဈေးနှုန်းများမှာ ငါးကြင်းဖြူ(တစ်ပိဿာ)လျှင် ၁၈၀၀၀ မှ ၂၀၀၀၀ ကျပ်၊ ငါးမြစ်ချင်း(တစ်ပိဿာ)လျှင် ၁၈၀၀၀ မှ ၂၀၀၀၀ ကျပ်၊ ငါးဖယ်ခြစ်(တစ်ပိဿာ) လျှင် ၅၀၀၀၀ ကျပ်၊ ငါးမြစ်ချင်းခြစ်(တစ်ပိဿာ)လျှင် ၄၀၀၀၀ ကျပ်၊ ပုဇွန်ထုပ်(အကြီး) တစ်ပိဿာလျှင် ၆၀၀၀၀ ကျပ်၊ပုဇွန်(အလတ်) တစ်ပိဿာလျှင် ၅၀၀၀၀ ကျပ်၊ ပုဇွန်(အသေး) တစ်ပိဿာလျှင် ၄၀၀၀၀ ကျပ်၊ ငါးခူ(တစ်ပိဿာ)လျှင် ၂၅၀၀၀ ကျပ်၊ ငါးကျီး(တစ်ပိဿာ)လျှင် ၂၅၀၀၀ ကျပ်၊ ပင်လယ်ငါးများဖြစ် သော ကင်းမွန်နှင့်ပြည်ကြီးငါးများ (တစ်ပိဿာ) လျှင် ၆၀၀၀၀ မှ ၈၀၀၀၀ ကျပ် ဈေးဖြင့် ရောင်းချနေကြောင်း ဈေးသည်များထံမှ စုံစမ်းမေးမြန်းသိရှိရပါသည်။

DOCA(ပဲခူး)   

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း