ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

 သာယာဝတီခရိုင်မင်းလှမြို့နယ်ရှိ ဟင်းသီးဟင်းရွက်ဈေးနှုန်းဈေးကွက်

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် မင်းလှမြို့နယ်အတွင်းရှိ ရောင်းချနေသော ဟင်းသီး ဟင်းရွက်များမှာ မင်းလှမြို့နယ်ပတ်ဝန်းကျင်ရှိ ကျေးရွာများမှဝင်ရောက်သည့်အပြင် ပုတီးကုန်း သဲကုန်း၊ ပေါင်းတည် စသည့်မြို့နယ်များမှလည်း ဝင်ရောက်ရောင်းချနေကြောင်း သိရှိရ ပါသည်။

          ထိုသို့ဝင်ရောက်ရာတွင် ဩဂုတ်လတွင် ခရမ်းချဉ်သီး ထိုင်ဝမ် ၁ပိဿာ ၄၀၀၀/၅၀၀၀ ကျပ်၊ ဂေါ်ဖီထုပ် ၁ထုပ်လျှင် ၁၅၀၀ မှ ၂၀၀၀ ကျပ်၊ ပန်းဂေါ်ဖီ ၁ထုပ် ၃၀၀၀  ကျပ်၊ အာလူး ၁ပိဿာ ၅၀၀၀ မှ ၆၀၀၀ ကျပ်၊ ရွှေဖရုံသီး ၁စိပ်လျှင် ၅၀၀ ကျပ်၊ ဗူးသီး ၁လုံးလျှင် ၂၅၀၀ မှ ၃၀၀၀ ကျပ်၊ ငရုတ်ပွ ၁ပိဿာ ၁၃၀၀၀ ကျပ်၊ ချဉ်ပေါင်ရွက် ၁စည်းလျှင် ၂၀၀ ကျပ်၊ ပဲသီး ၁၀တောင့် ၁စည်းလျှင် ၅၀၀ ကျပ်၊ ကန်စွန်းရွက် ၁စည်းလျှင် ၂၀၀ မှ ၂၅၀ ကျပ်၊ ခရမ်းရှည်သီး ၁လုံးလျှင် ၄၀၀ မှ ၅၀၀ ကျပ်၊ဆလပ်ရွက် ၁စည်းလျှင် ၅၀၀ မှ၇၀၀ ကျပ်၊သံပုရာသီး ၁လုံးလျှင်  ၅၀ မှ ၁၀၀ ကျပ်၊ ငရုတ်သီးစိမ်း ၁ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ရုံပတီသီး ၁စည်းလျှင် ၂၀၀ ကျပ်၊  ဂေါ်ရခါးသီး တစ်လုံးလျှင် ၇၀၀ ကျပ်၊ ကျောက်ဖရုံသီး တစ်စိပ်လျှင် ၅၀၀ ကျပ်၊ ခဝဲသီးတတောင့်လျှင်  ၇၀၀ ကျပ်၊ပြောင်းဖူး  တစ်ဖူးလျှင် ၇၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ပုတီး ကုန်း၊ သဲကုန်း၊ အေးမြ သာယာမှပြောင်း ဖူးနှင့် ဗူးသီးများ အများဆုံးဝင်ရောက်ပြီး တစ်နေ့လျှင် ပြောင်းဖူး ၃၀ဖူး အိတ် ၂၅ခန့်၊ဗူးသီး ၁၀လုံး အိတ် ၁၅အိတ်ခန့်၊ ခရမ်းချဉ်သီး ၁၀ပိဿာ ဝင်းခြင်း ၁၅ခြင်းခန့် ဝင်ရောက်ကြောင်း ဟင်းသီးဟင်းရွက် ရောင်းချနေသော ကုန်သည်များထံမှ သိရှိ ရပါသည်။

DOCA(ပဲခူး)

ကန့်ဘလူမြို့နယ်၌ ဆီထွက်သီးနှံမိုးမြေပဲများ ရိတ်သိမ်းလျက်ရှိ

              စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိက လုပ်ကိုင်ကြသည်။ နှစ်စဉ် စပါး၊ ပြောင်း၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာတို့ အဓိက စိုက်ပျိုးကြောင်း၊ ယခုအခါ ကန့်ဘလူခရိုင်အတွင်း၌ ဩဂုတ်လမှစ၍ ဆီထွက်သီးနှံ မိုးမြေပဲများ စတင်ရိတ်သိမ်းလျက်ရှိကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းများ ပေါ်ပေါက်လာကာ မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

         မြေပဲသီးနှံရိတ်သိမ်းရာတွင် မြေပဲပင်နုတ်ခြင်း၊ အတောင့်ခြွေခြင်း တို့ပြုလုပ်ရသည့်အတွက် မြေပဲပင်နုတ်(၁)ရက်လျှင် (၁၅၀၀၀)ကျပ်၊ မြေပဲအတောင့်ခြွေခ (၁)တင်းလျှင် (၇၅၀၀)ကျပ်၊ မြေပဲအတောင့်ယူပါက (၃)ပြည်ပေးရကြောင်း၊ မြေပဲအတောင့်ခြွေသူများသည် ကျွမ်းကျင်မှုရှိပါက တစ်ရက်လျှင် (၂မှ ၄)တင်းအထိရကြောင်း၊ မြေပဲပင်၏ အတောင့်အနည်းအများပေါ်မူတည်၍ တင်ရေကွာခြားကြောင်း၊ မြေပဲရိတ်သိမ်းရာသီဖြစ်သည့်အတွက် မြေပဲပင်နုတ်ခြင်း၊ မြေပဲအတောင့် ခြွေခြင်းကို နေ့စဉ်လုပ်ကိုင်နေရသည့်အတွက် နေ့စဉ်ဝင်ငွေရရှိကာ မိသားစုများ အဆင်ပြေလျက် ရှိကြောင်း ဒေါ်မြမွန်၏ပြောပြချက်အရ သိရှိရသည်။

DOCA (စစ်ကိုင်း)      

ဆလပ်ရွက်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် ရာသီချိန်အလိုက် စားဖို ဆောင်သီးနှံများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချလျှက်ရှိကြောင်း၊ ဆလပ်ရွက်ကို မြို့ပေါ်ရပ် ကွက်များတွင်သာမက ကန့်ဘလူမြို့နယ်အတွင်းရှိ နတ်ပေးကျေးရွာ၊ တောက္ကရှပ်ကျေးရွာများတွင် မိမိတို့နေအိမ်ခြံဝင်းများ၊ မိမိတို့ယာကွက်များတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ ဆလပ်ရွက် သည် စိုက်ပျိုးစရိတ်ကုန်ကျမှု သက်သာသည့်အတွက်  ထိုက်သင့်သည့်အကျိုးအမြတ် ရရှိကြောင်း သိရသည်။

       ဆလပ်ရွက်သည် အစားအသောက်အမျိုးမျိုးနှင့်တွဲဖက် စားသုံးကြသည့်အတွက် စားသောက် ဆိုင်များ၊ ထမင်းဆိုင်များ၊ အကင်ဆိုင်များ၊ အသုတ်ဆိုင်များစသည့် ဆိုင်များမှဝယ်ယူအသုံးပြုသည့် အတွက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ဆလပ်ရွက်အပင်ကြီး()ပင်လျှင် (၅၀၀)ကျပ်၊ အလတ်()ပင်လျှင် (၄၀၀)ကျပ်နှင့် အသေး()ပင် လျှင်(၃၀၀)ကျပ်တို့ဖြင့်ရောင်းချကြောင်း၊ ဆလပ်ရွက်မှာ အဝင်နည်းသည့်အတွက် အရောင်းသွက် လျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)      

ရာသီစာ ဟင်းဉာဏ် ခေါ်ဟင်းညံ့ဈေးကွက်

   ဟင်းဉာဏ်ခေါ် ဟင်းညံ့ပင်များသည် ကျေးရွာများတွင် စိမ့်စမ်းရေများမှ ဖြစ်ပေါ်လာသော စမ်းချောင်းငယ်များ၊ စွတ်စိုသောမြေများတွင် ဟင်းညံ့ပင်များပေါများစွာပေါက်ရောက်လေ့ရှိပါသည်။ ဟင်းညံ့ပင်သည်  ကြာဖူးများကဲ့သို့ ဟင်းညံ့အဖူးတွင် အပွင့်ကလေးများ ပွင့်သော အပင်တစ်မျိုး ဖြစ်ပါသည်။ အရိုးနှင့် အဖူးပါ (၂)မျိုးစလုံးစား၍ရသည့် အပင်ဖြစ်ပါသည်။ မိုးရာသီတွင် ဟင်းညံ့ပင်များသည် ဖြိုင်ဖြိုင်ထွက်ပေါ်သော အပင်မျိုးဖြစ်ပါသည်။ ကျေးလက်ဒေသများတွင် နှစ်ခြိုက်ကြသည့် ဟင်းလျာများတွင် ဟင်းညံ့ပင်သည်လည်း ပါဝင်ပါသည်။ ဟင်းညံ့ပင်မှာ ခံတွင်းမြိန်သော  အစားအစာ ဟင်းလျာ ပင်လည်းဖြစ်သည်။ ဟင်းညံ့ကို ကြက်သွန်ဖြူ ဆီချက်ဖြင့် ကြော်ချက်၍ သော်လည်းကောင်း၊ ချဉ်ရည်ဟင်းချက်၍ သော်လည်းကောင်း၊ချက်ပြုတ်၍ စားသောက်ကြသည်။   ဟင်းညံ့ကို ငါးနဲ့ချက်စားကြသလို သီးနှံမျိူးစုံနှင့်လည်း တွဲချက်ကြပါသည်။ ဟင်းညံ့ကို မန်းကျည်းရွက်၊ ကင်မွန်းချဉ်ရွက်၊ ပတက်စာ၊ ငှက်ပျောဖူး၊ ခရမ်းသီးအသေး၊ မုန်လာဥဖြူ  ၊ ဗူးသီးနုနု စသည် တို့နှင့်လည်း တွဲဖက်ချက်စားကြပါသည်။ ငါးနှင့်ချက်စား၍လည်း စားကောင်းသလို မိုးရာသီနှင့် အလွန်လိုက်ဖက်သော ဟင်းလျာများဖြစ်ကြပါသည်။ယခုအချိန်သည် မိုးရာသီဖြစ်၍ ဟင်းညံများ စတင်ထွက်ပေါ်လျှက်ရှိပြီး ဈေးကွက်အတွင်း၌ ဟင်းညံ့တစ်စည်း လျှင်(၃၀၀/၅၀၀)ကျပ် ဈေးနှုန်းများဖြင့်  ရောင်းချလျှက်ရှိ ကြောင်းဟင်းညံ့ ခူးယူရောင်းချသူ တစ်ဦးထံမှ  သိရှိရသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့တွင် ဒေသထွက်နွားနို့များ ရောင်းချလျက်ရှိ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေး ကျေးရွာ၊ နတ်အင်းကျေးရှိ ရွာတောင်သူဦးကြီးများသည် မိမိတို့ရဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း များအပြင် တစ်ပိုင်တစ်နိုင် ဒေသနွားနှင့် မေထုံနွားများ မွေးမြူ၍ နွားနို့များညှစ်ကာ မိသားစုစားဝတ် နေရေးအဆင်ပြေအောင် ဆောင်ရွက်လုပ်ကိုင်လျှက်ရှိကြောင်း သိရသည် ။

       မေထုံနွားမတစ်ကောင်ကို တစ်နေ့နို့ပိဿာ(၇)ပိသာခန့်နှင့် ဒေသနွားမတစ်ကောင်းကို (၃)ပိဿာခန့် ထွတ်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်တွင် ရောင်းချလျက်ရှိသော ဒေသထွက်နွားနို့(၁)လီတာ (၁)ဗူးလျင် (၁၅၀၀မှ ၂၀၀၀)ကျပ်၊ နို့စားနွားနို့(၁)လီတာ (၁)ဗူးလျင် (၁၃၀၀မှ ၁၇၀၀)ကျပ်တို့ဖြင့် ရောင်းချရပြီး လဖက်ရည်ဆိုင်များ၊ နွားနို့ကြိုက်နှစ်သက်သူများက နေ့စဉ်ဝယ်ယူလျက်ရှိကြောင်း ဒေသထွက်နွားနို့ရောင်းချသူထံမှ သိရှိရပါသည်။     

DOCA (စစ်ကိုင်း)      

 

         

အုန်းသီးဈေးနှုန်းဈေးကွက်

   မန္တလေးမြို့အတွင်းသို့ ဧရာဝတီတိုင်းမှ အုန်းသီးများဝင်ရောက်လျှက်ရှိပြီး လမ်းဘေး ဈေးသည်များမှ ရောင်းချလျှက်ရှိကြောင်းသိရသည်။ အချို့မှာ အုန်းသီးဆံအစိမ်းကို ကွမ်းယာများ ထဲတွင်ထည့်၍ စားသုံးကြကြောင်း၊ အုန်းသီးဆံကိုခြစ်၍ ကြော်ပြီးလည်း ထိုးမုန့်၊ ရွှေကြည်ဆနွင်း မကင်းများပေါ်သို့ ဖြူး၍လည်း အသုံးပြုလေ့ရှိသည်။ အုန်းသီးဆံကို ညစ်ပြီးရရှိသော အုန်းနို့ များကိုလည်း အုန်းနို့ကျောက်ကျော၊ အုန်းထမင်းနှင့် အစားအသောက်အမျိုးမျိုးပြုလုပ် စားသောက် ကြသည်။ အုန်းသီးဆံကို နေပူလှမ်းအခြောက်ခံပြီးကြိတ်ကာ အုန်းဆီအဖြစ်ပြုလုပ်ရောင်းချကြပြီး ဈေးကွက်ကောင်းလျှက်ရှိပါသည်။ အုန်းသီးကို ဘုရားပွဲ၊ တရားပွဲ၊ ကန်တော့ပွဲများ ပြင်ဆင်ရာတွင် အသုံးပြုကြသလို မိရိုးဖလာကန်တော့ပွဲများတွင်လည်း အုန်းသီးကို ထည့်သွင်းအသုံးပြုကြသည်။ အုန်းစိမ်းရည်သောက် အုန်းသီးတစ်လုံးလျှင် ၃၅၀၀/၄၀၀၀ ကျပ်အထိ ရောင်းချကြပြီး ဘုရား ကန်တော့ပွဲများနှင့် ရိုးရာကန်တော့ပွဲများတွင် အသုံးပြုသော အုန်းသီးဈေးနှုန်းမှာ တစ်လုံးလျှင် ၅၀၀၀/၆၀၀၀ ကျပ်အထိ ရောင်းချနေကြောင်း အုန်းသီးငှက်ပျောရောင်းချသူများထံမှ သိရှိရသည်။

DOCA(မန္တလေး)

အညာဒေသထွက် ထန်းလျက်ဈေးနှုန်း အနည်းငယ်ကျဆင်း

            စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက် ရှိသည့် ထန်းလျက်များကို ရွှေဘိုမြို့လက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်တွင် ရောင်းချလျက်ရှိသော ထန်းလျက်ဈေးနှုန်းမှာ ကြက်မင်းကြီးထန်းလျက်()ပိဿာ (၆၅၀၀)ကျပ်၊ ဝါးတောထန်းလျက်()ပိဿာ (၆၀၀၀)ကျပ်၊ စမုံထန်းလျက်()ပိဿာလျှင် (၉၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ထန်းလျက်သည် ထန်းပင် မှရရှိသည့် ထန်းရည်ကိုချက်လုပ်ထားသည့် တန်ဖိုးမြှင့်ထုတ်ကုန်တစ်ခုဖြစ်ကြောင်း၊ ထန်းလျက်ကို အစားအသောက်များ၊ မြန်မာ့ရိုးရာမုန့်များ၌ ထည့်သွင်းအသုံးပြုကြကြောင်း၊ ထန်းလျက်ရောင်းချ သူများထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)      

ဘားအံမြို့ ဒေသထွက် သကြားပြောင်းဖူးဈေးနှုန်း

        ၂၀၂၅ ခုနှစ်၊ မိုးရာသီဩဂုတ်လစတုတ္ထပတ်တွင် ကရင်ပြည်နယ် ဒေသထွက် သကြားပြောင်းဖူးများ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။ ဒေသခံတောင်သူများသည် သကြားပြောင်းကို မိသားစု အပိုဝင်ငွေရရှိရန်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသည်။ သကြားပြောင်းကို ပြုတ်၍လည်းကောင်း ၊မီးဖုတ်၍လည်းကောင်း စားသုံးနိုင်သလို ကြက်ဥဖြစ်လည်း ကြော်စားပါက အလွန်စားကောင်းသော သီးနှံတစ်မျိုးဖြစ်သည်။ သကြားပြောင်းတွင် ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတာကြောင့် အရေ ပြား ဓာတ်တိုးပစ္စည်းပျက်စီးမှုကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်သောကြောင့် ကျန်းမာရေး အတွက် ကောင်းကြိုးဖြစ်စေပါသည်။ သကြားပြောင်းဈေးနှုန်းမှာ တစ်ဖူးလျှင်(၅၀၀)ကျပ်၊ (၁၀)ဖူး လျှင် (၄၀၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA (ကရင်)

 

ပြောင်းဖူးဈေးနှုန်းဈေးကွက်

   မန္တလေးမြို့အတွင်းသို့ ရပ်ကွက်အတွင်းလှည့်လည်ရောင်းချသည့် ဈေးသည်များတွင်  ပြောင်းဖူးများကို အစိမ်းနှင့် အပြုတ်ဟူ၍ ရောင်းချလျက်ရှိသည်။ ပြောင်းဖူးများကို နေ့စဉ်ရောင်း ချလျက်ရှိသော ပြောင်းဖူးအမျိုးအစားမှာ ထိုင်ဝမ်ပြောင်းဖူးနှင့် ရှမ်းပြောင်းဖူး အမျိုးအစားဖြစ်ပြီး ပြောင်းဖူးပြုတ်ကို လူကြီးလူငယ်မရွေး သရေစာအဖြစ်စားသုံးကြသလို အိမ်ရှင်မများကလည်း ပြောင်းဖူးအစိမ်းကို ဟင်းလျာအဖြစ်လည်း ချက်ပြုတ်ကြသည်။   ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ပြောင်းဖူးအစိမ်းအကြီး()ဖူးလျှင် (၈၀၀)ကျပ်၊ အသေး()ဖူးလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း တစ်ဆင့်ဝယ်ယူပြီး ပြောင်းဖူးများကိုပြုတ်၍ ပြန်လည်ရောင်းချသူများသည် ပြောင်းဖူးပြုတ်အကြီး()ဖူးလျှင် (၁၀၀၀)ကျပ်၊ အသေး()ဖူးလျှင် (၈၀၀)ကျပ်ဖြင့် ရောင်းချ လျက်ရှိကြောင်း သတင်းရရှိပါသည်။

 DOCA(မန္တလေး)

 

ဘားအံမြို့ဒေသထွက် ဘူးသီးဈေးနှုန်းအခြေအနေ

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်တွင် ကရင်ပြည်နယ် ဘားအံမြို့ရေပေါ်ဈေး၌ ဘူးသီးများ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။

           ဘူးသီးများကို ဘားအံမြို့အနီးတဝိုက် ကျေးရွာများတွင် တနိုင်တပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြသည်။ ဘူးသီးကို ဟင်းနှင့်ဟင်းချိုအဖြစ် ချက်ပြုတ်စားကြတလို အကြော်ဆိုင်များတွင် အကြော်ကြော်၍ ရောင်းချကြသောကြောင့် စိုက်တောင်သူများအတွက် အပိုဝင်ငွေတိုးစေသည်။ ဘူးသီးကို အလုံးအရွယ်အစားအလိုက် ဈေးနှုန်းခွဲခြားရောင်းချကြသည်။ ဘူးသီးအလုံးကြီး တစ်လုံးလျှင် (၅၀၀၀) ကျပ်နှင့် ဘူးသီးအလုံးငယ် တစ်လုံးလျှင် (၃၀၀၀) ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းနှင့် ယင်းဘူးသီးများသည် ဒေသထွက်ဘူးသီးများရှိသကဲ့သို့ အခြားမြို့များမှ ဝင်ရောက်လာခြင်းများလည်းရှိကြောင်း သိရပါသည်။

          ကရင်ပြည်နယ် ဘားအံမြို့အတွင်းဖြစ်ပေါ်နေသော  ဇူလိုင်လနောက်ဆုံးပတ်နှင့် ဩဂုတ်လ စတုတ္ထပတ်ဘူးသီးဈေးနှုန်း နှိုင်းယှဉ်မှုများအရ အခြေခံစားသောက်ကုန် ဟင်းသီးဟင်းရွက်ဈေးနှုန်း အနည်းငယ်မြင့်တက်နေသေ်လည်း ဘူးသီးဈေးနှုန်းမှာ တည်ငြိမ်ကာ အရောင်းအဝယ်ပုံမှန်ရှိနေကြောင်း သိရသည်။

DOCA (ကရင်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း