ဆိပ်ဖြူမြို့၊ ပတ္တမြားဈေး၌ ခရမ်းချဉ်သီးဈေးကျပြီး အာလူးဈေးမြင့်တက်၍ အရောင်းအဝယ်ဖြစ်နေ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့၊ ပတ္တမြားဈေး၌ စက်တင်ဘာလ(ဒုတိယပတ်)တွင် ခရမ်းချဉ်သီးဈေးကျပြီး အာလူးဈေးမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။ ဆိပ်ဖြူမြို့နယ်ရှိ တောင်သူများသည် ခရမ်းချဉ်သီး စိုက်ပျိုးမှုများရှိသော်လည်း စိုက်ပျိုးစရိတ်မြင့်မားသည့် အာလူးသီးနှံစိုက်ပျိုးမှု မရှိခြင်းကြောင့် စလင်း(ဆင်ဖြူကျွန်း)နှင့် ရှမ်းပြည်နယ်(အောင်ပန်း)မြို့တို့မှ ဝယ်ယူရကြောင်း၊ လက်ရှိအချိန်တွင် ခရမ်းချဉ်သီးများ ဒေသတွင်းထွက်ရှိမှု နည်းသေး၍ ကျောက်ပန်းတောင်း၊ ပုပ္ပါးဒေသထွက်ခရမ်းချဉ်သီးများ လှိုင်လှိုင်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။
ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် ခရမ်းချဉ်သီး တစ်ပိဿာ ကျပ် (၂၅၀၀-၂၀၀၀)၊ အာလူးတစ်ပိဿာလျှင် ကျပ်(၇၀၀၀-၄၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင် ဩဂုတ်လ(ဒုတိယပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ်(၅၀၀) ဈေးကျပြီး အာလူးတစ်ပိဿာလျှင် ကျပ်(၁၅၀၀)ခန့် ဈေးတက်ကြောင်း ကုန်စိမ်းသီးနှံ ဈေးကွက်မှ သိရှိရပါသည်။
DOCA(မကွေး)









