ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပခုက္ကူကြက်သွန်နီ စက်တင်ဘာလ(တတိယပတ်) ဈေးနှုန်းဈေးကွက်နှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်သော ပေါက်၊ ဆိပ်ဖြူ၊ ကမ္မ၊ ရေပြာတို့မှ ဆောင်းစိုက်(ပင်စိုက်) ကြက်သွန်နီများကို စိုက်ပျိုးထုတ် လုပ်လျက် ရှိပါသည်။ ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်သို့ ပခုက္ကူမြို့နယ်အတွင်းရှိ ကျွန်းနယ်များ သာမက ရေနံချောင်းမြို့နှင့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ကျေးရွာများမှလည်း ဥပုသ်နေ့မှ လွဲ၍ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ပခုက္ကူကြက်သွန်နီ ဈေးကွက်အနေဖြင် ယခုတစ်ပတ်တွင် ဈေးနှုန်းအနည်းငယ်တက်လျက်ရှိပြီး တစ်ရက်လျှင် ပျမ်းမျှကုန်ချိန်(၃၅၀၀၀)ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရှိရသည်။

     ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(တတိယပတ်)တွင် ကြက်သွန်နီ ကုန်စည်ဒိုင်တွင် အရောင်း အဝယ်ဖြစ်ခဲ့သောဈေးနှုန်းမှာ  တစ်ပိဿာလျှင် ထိပ်စ ကျပ်(၁၂၅၀)၊ အလတ်စ ကျပ်(၁၀၀၀)၊ အနိမ့်စ ကျပ်(၈၀၀)ဖြစ်ပြီး ယခင်စက်တင်ဘာလ(ဒုတိယပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ် နေပြီး  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်၊ ဟင်္သာတနှင့် မြဝတီမြို့များ သို့ နေစဉ် တင်ပို့နေပြီး ပိဿာချိန်(၃၀)ဝင်အိတ် (၁၀၀၀ မှ ၂၀၀၀ ထိ)တင်ပို့နေကြောင်း ကုန်သည် များထံမှ သိရှိရပါသည်။

          ပခုက္ကူမြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးတွင် ရောင်းချနေသော ကြက်သွန်နီ လက်လီ ဈေးမှာ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၈၀၀) မှ အနိမ့်ဈေး ကျပ်(၁၂၀၀)ထိ အရောင်းအဝယ် လျက်ရှိပါသည်။

DOCA(မကွေး)

အရောင်းသွက်သည့်မန္တလေးပဲတီစိမ်းစျေးကွက် 

   ပြည်တွင်းစားသုံးမှုနှင့်ပြည်ပသို့တင်ပို့သည့်ပဲတီစိမ်းမှာအရောင်းသွက်သည့် ပဲအမျိုးအစား ဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ ခုနှစ် ပဲတီစိမ်းစိုက်ပျိုးမှု (၂၇၀၉၅၈)ဧက၊ ရိတ်သိမ်း(၂၅၃၄၄၁)ဧက၊ အထွက်နှုန်း(၁၁.၆၄)တင်းနှင့် အထွက် (၂၉၄၉၀၁၇) တင်း ဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ် စက် တင်ဘာလတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောစျေးမှာ၃တင်းဝင်တစ်အိတ်လျှင် ပဲတီစိမ်း (ညာ)၂၈၀၀၀၀ကျပ်နှင့် ၃၁၅၀၀၀ကျပ်၊ပဲတီစိမ်း(ပဲခွဲ)၂၅၀၀၀၀ကျပ်နှင့် ၂၆၅၀၀၀ကျပ်၊ တစ်ပိဿာ စျေးမှာ ပဲတီစိမ်း(ညာ)၄၉၇၈ကျပ်နှင့် ၅၆၀၀ကျပ်၊ပဲတီစိမ်း(ပဲခွဲ) ၄၄၄၄ကျပ်နှင့်၄၇၁၁ကျပ် တို့ဖြစ် ကြောင်းသိရှိရပါသည်။ ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာ ပဲတီစိမ်း(အညာ)၃၀၂၂ ကျပ်နှင့် ၄၃၅၆ ကျပ်၊ ပဲတီစိမ်း(ပဲခွဲ)၂၃၁၁ကျပ်နှင့်၂၄၈၉ကျပ်တို့ဖြစ်ပေါ်ခဲ့ပြီး၊ကာလတူစျေးနှိုင်းယှဉ်ပါက ပဲတီစိမ်း(ညာ)မှာ တစ်ပိဿာလျှင် ၁၂၄၄ ကျပ်စျေး ပိုမိုရရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

                                                                                 

ပခုက္ကူမြို့တွင် သကြားပြောင်းဖူးဈေးတည်ငြိမ်လျက်ရှိ

      သကြားပြောင်းဖူးသည် လူကြိုက်များသော သီးနှံတစ်မျိုးဖြစ်သည်။ ပြောင်းဖူးကို သရေစာ အဖြစ် အမယ်မျိုးစုံပြုလုပ်စားသောက်ကြ၍ ဝယ်ယူစားသုံးမှုများပြီး ဈေးကွက်ခိုင်မာမှုရှိ၍ ရာသီ အလိုက် သီးထပ်စိုက်ပျိုးလျက်ရှိကြပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပခုက္ကူမြို့ ကုန်စိမ်း သီးနှံဈေးကွက်သို့လည်း သကြားပြောင်းဖူးစိုက်ပျိုးမှုများသော ပခုက္ကူကျွန်းကျေးရွာများဖြစ်သည့် ကျွန်းဦး၊ ကျွန်းညို၊ ကျွန်းညိုကြီး၊ ရွာသစ်၊ ကံလှ၊ နန်းတော်ရပ်၊ တင်းဂတ်၊ သံပုရာပင်ကုန်း၊ ဘောလုံးခုံ၊ လိပ်ကုန်းကျေးရွာများအပြင် မြစ်ခြေ၊ ကမ္မမြို့များနှင့် အခြားမြို့နယ်များဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ အထက်ညဉ့်၊ အောက်ညဉ့်၊ သစ်ထောက်ကျွန်း ကျေးရွာများမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

          ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(တတိယပတ်)တွင် သကြားပြောင်းဖူးဈေးနှုန်းများ အနေဖြင့် ပြောင်းဖူး အရွယ်အစား၊ အစေ့ အကြီးအသေး အောင်မြင်မှုနှင့် သီးနှံလတ်ဆတ်မှုအပေါ်မူတည်၍ သကြား ပြောင်းဖူးစိမ်း တစ်ဖူးလျှင် လက်ကားဈေး ကျပ်(၄၀၀)၊ လက်လီဈေး တစ်ဖူးလျှင် ကျပ်(၅၀၀-၄၅၀) အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပြောင်းဖူးပြုတ်တစ်ဖူးလျှင် ကျပ်(၇၀၀-၅၀၀) ဈေးဖြစ် ကြောင်း၊ ယခင် စက်တင်ဘာလ(ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက သကြားပြောင်းဖူး ဈေးငြိမ် နေ၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခုအချိန်တွင် ဒေသတွင်းစိုက်ခင်းများ စိုက်ပျိုးမှုမရရှိသေး၍ အခြားမြို့နယ်များဖြစ်သည့် ကျောက်ပန်းတောင်း၊ ပုပ္ပါးဒေသထွက်ပြောင်းဖူးများ၊ ညောင်ဦးမြို့နယ် အတွင်းရှိ ကျေးရွာများမှ ပခုက္ကူဈေးကွက်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ပြောင်းဖူးသည် လူ့ခန္ဓာကိုယ်ကို ခွန်အားဖြစ်စေပြီး ကျန်းမာရေးနှင့် ညီညွှတ်သော သီးနှံတစ်မျိုးဖြစ်၍ ဝယ်ယူစားသုံးမှု မြင့်မားခြင်းကြောင့် နေ့စဉ် အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ မြို့ပေါ်ရှိ စားသောက်ဆိုင်များ၊ အကြော်ဆိုင်များ၊ အသုပ်မျိုးစုံဆိုင်များမှ ဝယ်ယူမှုများကြောင်း သိရှိရသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့မဈေး၌ ရောင်းချနေသော မာလကာသီးဈေးနှုန်းမြင့်တက်

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မဈေးအတွင်း၌ ရောင်းချနေသော မာလကာသီး များကို ပခုက္ကူမြို့ပေါ်ရှိ မာလကာသီးခြံများနှင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း၊  ပုပ္ပါး ဒေသတို့မှ စိုက်ပျိုးတောင်သူများမှ လာရောက်ရောင်းချကြကြောင်း သိရသည်။

            ၂၀၂၅ခုနှစ်၊ စက်တင်ဘာ(ဒုတိယပတ်)တွင် ရောင်းချနေသော မာလကာသီး ဈေးနှုန်းများမှာ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၄၀၀၀) အလတ်ဈေး ကျပ်(၃၀၀၀) အနိမ့်ဈေး ကျပ်(၂၀၀၀) ဈေးနှုန်းဖြင့် ရောင်းချခဲ့ပြီး စက်တင်ဘာ(တတိယပတ်)တွင် မာလကာသီး တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၄၅၀၀) အလတ်ဈေး ကျပ်(၃၅၀၀) အနိမ့်ဈေး ကျပ်(၂၅၀၀)ဈေးနှုန်းဖြင့်  အသီး၏ အရည်အသွေးအပေါ် မူတည်၍ ရောင်းချရကြောင်း၊ ယခင်တစ်ပတ်နှင့်ယခုတစ်ပတ် ဈေးနှုန်းနှိုင်းယှဉ် ပါက ကျပ်(၅၀၀)ခန့်ဈေးနှုန်းမြင့်တက်ပြီး စားသုံးမှုပိုမိုများပြားလာခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း မာလကာသီး ရောင်းချသူထံမှ သိရှိရ ပါသည်။

DOCA(မကွေး)

 

    မတ်ပဲစျေးအနည်းငယ်ကျဆင်း

    ပြည်တွင်းစားသုံးမှုများပြားခြင်းနှင့် ပြည်ပသို့တင်ပို့သည့်မတ်ပဲမှာ မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၂၄- ၂၀၂၅ခုနှစ်မတ်ပဲ သီးနှံ စိုက်ပျိုးမှု(၃၂၁၄၂)ဧက၊ ရိတ်သိမ်း(၁၀၄၉၅)ဧက၊ အထွက် နှုန်း(၁၂.၆၅)တင်းနှင့် အထွက်(၁၃၂၇၀၉)တင်းဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်စက်တင်ဘာလတတိယပတ်အတွင်း ဖြစ် ပေါ်လျှက်ရှိသောပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် မတ်ပဲ (ကျောက်စရစ်)၂၇၃၀၀၀ကျပ်၊ မတ်ပဲ ၁၈၀၀၀၀ ကျပ်နှင့် ၂၅၀၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ မတ်ပဲ (ကျောက်စရစ်) ၄၅၅၀ ကျပ်၊ မတ်ပဲ ၃၀၀၀ ကျပ်နှင့် ၄၁၆၇ ကျပ်ဖြစ်ပြီး၊ ယခင်နှစ် ကာလတူ တစ်ပိဿာစျေးမှာ မတ်ပဲ (ဟောင်း) ၆၁၆၇ကျပ်နှင့် ၆၂၅၀ ကျပ်၊မတ်ပဲ(ရေသွင်း) ၅၆၆၇ကျပ် တို့ဖြစ်ကြောင်းသိရှိရပါသည်။ ယခုနှစ်နှင့်ယခင်နှစ်ကာလတူစျေးနှိုင်းယှဉ်ပါက မတ်ပဲစျေးမှာ အနည်းငယ်ကျဆင်း သွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မကွေးမြို့နယ်ဝန်းကျင်ရှိကျေးရွာအချို့၌ ဘူးပင်များစိုက်ပျိုး၍ တောင်သူများဝင်ငွေအဆင်ပြေလျက်ရှိ

       မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်ဝန်းကျင်ရှိ ဆားတိုင်ကန်ကျေးရွာ၊ ပုတီး    ကုန်းကျေးရွာနှင့် ကမ်းရင်ကျေးရွာများမှ တောင်သူများသည် ဟင်းသီးဟင်းရွက်သီးနှံစားပင်မျိုးစုံ ကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချလျက်ရှိသည်။ ယခုနှစ်တွင် စားသုံးသူများပြား၍ ဈေးကွက် အခိုင်အမာရှိသော အသီးရောအရွက်ပါရောင်းချနိုင်သော စားဖိုဆောင်သုံးကာလတိုသီးနှံဖြစ်သည့် ဘူးသီး၊ ဘူးရွက်များမှာ ဈေးကောင်းရ၍ တောင်သူများပိုမိုတိုးချဲ့ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

          ဘူးပင်သည် မြေအမျိုးမျိုးတွင်ရာသီမရွေးစိုက်ပျိုး၍ရကြောင်း၊ စိုက်ပျိုးရာတွင် မြေကိုဘောင် ဖော်၍ အတန်းလိုက်စိုက်ပျိုးကြပြီး တစ်ပင်နှင့်တစ်ပင်()ပေအကွာ၊ တစ်တန်းနှင့်တစ်တန်း()ပေ ခန့်အကွာ စိုက်ပျိုးရကြောင်း၊ သို့မှသာလေဝင်လေထွက်ကောင်း၍ နေရောင်ခြည်ကောင်းစွာရရှိကာ အပင်ဖြစ်ထွန်းကြောင်း၊ အပင်သက်တမ်း()လခန့်အကြာတွင် အသီးစတင်သီးကြောင်း၊ ကဆုန်၊ နယုန်လများတွင် စတင်စိုက်ပျိုးကြပြီး အပင်သက်တမ်း ()လ၊ ()လကြာအထိ အသီးသီးကြောင်း၊ ဘူးရွက်များမှာ အပင်သက်တမ်း()လခွဲခန့်ကြာလျှင် ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ (၁)ဧကလျှင် အပင်ရေ (၆၀၀)ခန့်စိုက်ပျိုးကြကြောင်း၊ နှစ်ရက်တစ်ခါခူးဆွတ်ကြပြီး တစ်ခါခူးဆွတ်လျှင် ဘူးသီး (၈၀)လုံးခန့်နှင့် ဘူးညွန့်(၄၀၀)ခန့်ရရှိကြောင်း၊ ဘူးသီးမှာရင့်လွန်းပါက ချက်ပြုတ်စားသောက်ရာ တွင် မကောင်းသကဲ့သို့ နုလွန်းပါကလည်း အခါးဓာတ်ရှိသဖြင့် မနုမရင့်အနေတော် အနေအထားတွင် ခူးဆွတ်ရောင်းချကြကြောင်း စိုက်ပျိုးတောင်သူ တစ်ဦးထံမှ သိရသည်။ မကွေးမြို့နယ်ဝန်းကျင်ရှိ ကျေးရွာများမှထွက်ရှိသော ဘူးသီး၊ ဘူးရွက်များကို မကွေးမြို့ပေါ်ရှိဈေးများဖြစ်သော မြို့မဈေး၊ ကန်သာဈေး၊ ရန်ပယ်ဈေး၊ ရန်ကင်းဈေးနှင့် အခွန်လွတ်ဈေးများသို့ တင်ပို့ရောင်းချကြပြီး ပေါ်ဦး ပေါ်ဖျားအချိန် ဝါဆိုလပြည့်ကျော်တွင်မူ ဘူးညွန့်()ညွန့်လျှင် ကျပ်(၇၀)ခန့်၊ ဘူးသီး တစ်လုံးလျှင် ကျပ်(၂၅၀၀)ခန့်အထိ ဈေးကောင်းရရှိကာ နောက်ပိုင်းဘူးသီး၊ ဘူးရွက်လှိုင်လှိုင် ပေါ်ချိန် သီတင်း ကျွတ်လဆန်းပိုင်းတွင် ဘူးညွန့်()ညွန့်လျှင် ကျပ်(၄၀)ခန့်၊ ဘူးသီးတစ်လုံးလျှင် ကျပ်(၁၅၀၀)ခန့် အထိ ရရှိကြောင်းသိရှိရသည်။ ဘူးပင် စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးတောင်သူများအဖို့ ပုံမှန်ဝင်ငွေရရှိကာ စားသုံးသူဈေးကွက်၌လည်း အရောင်းသွက်လျက်ရှိသောကြောင့် မကွေးမြို့နယ် ဝန်းကျင်ကျေးရွာ များရှိ ဘူးစိုက်ပျိုးသူ တောင်သူများအနေဖြင့် ဝင်ငွေအဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 

စက်တင်ဘာလတတိယပတ်ရှိစားတော်ပဲစျေး

             စားတော်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားသည့်ပဲဖြစ်ပြီး၊စျေးကွက်အတွင်း အရောင်းသွက် သည့်ပဲအမျိုးအစားဖြစ်ကြောင်း သိရပါသည်။မန္တလေးတိုင်းဒေသကြီးအတွင်းအမရပူရ၊ပြင်ဦးလွင်၊ မိုးကုတ်၊ တကောင်း၊ စဉ့်ကူး၊မတ္တရာနှင့်မြင်းခြံမြို့နယ်တို့တွင် စားတော်ပဲများစိုက်ပျိုး ပြီး၊၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း စားတော်ပဲအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု  ၁၀၁၉၄၇၇ ဧကဖြစ်ကြောင်း သိ ရပါ သည်။မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ် စက်တင်ဘာ လတတိယပတ်အတွင်းဖြစ်ပေါ်သည့်ပေါက်စျေးမှာ၃တင်းဝင်တစ်အိတ်လျှင် စားတော်ပဲ(ကနေဒါ)    ၃၈၀၀၀၀ ကျပ်နှင့် ၃၈၅၀၀၀ကျပ်၊စားတော်ပဲ(ကျွန်း) ၇၂၀၀၀၀ ကျပ်၊ တစ်ပိဿာလျှင်စားတော်ပဲ (ကနေဒါ) ၆၄၁၄ကျပ်နှင့်၆၄၉၈ကျပ်၊စားတော်ပဲ(ကျွန်း)၁၂၁၅၂ကျပ်တို့ဖြစ်ကြောင်းသိရှိရပါသည်။ ယခင်နှစ်ကာလတူတစ်ပိဿာပေါက်စေျးမှာ စားတော်ပဲ (ကျွန်း) ၆၅၈၂ ကျပ်နှင့် ၆၇၅၁ကျပ်ဖြစ် ပြီး၊ ယခုနှစ်နှင့်ယခင်နှစ် ကာလတူစျေးနှိုင်းယှဉ်ပါက တစ်ပိဿာလျှင်စားတော်ပဲ (ကျွန်း) ၅၄၀၁ ကျပ်တို့စျေးပိုမိုရရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

                                                           

အစေ့ထုတ်ပြောင်းစျေးအနည်းငယ်ကျ

              ပြောင်းသီးနှံမှာမွေးမြူရေး အစားစပ်လုပ်ငန်း တွင်သုံးစွဲမှု များပြားခြင်း၊ ပြည်ပတင်ပို့ ခြင်း တို့ကြောင့်အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။  မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အစေ့ ထုတ်ပြောင်းစိုက်ပျိုးမှု  ၃၆၆၂၂  ဧက၊  ရိတ်သိမ်းမှု ၁၃၃၃၁ ဧက၊ အထွက် နှုန်း  ၄၉.၅၅  တင်း၊ အထွက်တင်းစုစုပေါင်း   ၆၆၀၅၉၁  တင်းဖြစ်ကြောင်းသိရပါသည်။  မန္တလေး ပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလတတိယ ပတ်အတွင်း ဖြစ်ပေါ်သည့်အစေ့ထုတ်ပြောင်းစျေးမှာပြောင်းဖူးစေ့(ရှမ်း)နှင့်ပြောင်းဖူးစေ့ (စီပီ) ၇၉၀၀၀ကျပ်နှင့်၈၀၀၀၀ ကျပ်၊တစ်ပိဿာစျေးအနေဖြင့် ပြောင်းဖူးစေ့(ရှမ်း) နှင့်(စီပီ) ၁၄၆၃ကျပ် နှင့်၁၄၈၁ကျပ်စျေးတို့ဖြစ် ကြောင်း သိရှိရပါသည်။ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာပြောင်းဖူး စေ့ (ဗမာ)  ၁၅၁၉ကျပ်၊ ပြောင်းဖူးစေ့(ရှမ်း)နှင့်(စီပီ) ၁၅၅၆ ကျပ်နှင့် ၁၅၇၄ ကျပ်တို့ ဖြစ်ကြောင်း သိရှိရပါ သည်။ ယခုနှစ်စျေးနှင့်ယခင်နှစ်ကာလတူ စျေးနှိုင်းယှဉ်ပါက အစေ့ထုတ်ပြောင်းစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

အရောင်းသွက်သည့်မန္တလေးဆီကြိတ်ဖတ်စျေးကွက်

                 မန္တလေးစျေးကွက်အတွင်း ဆီကြိတ်ဖတ်အမျိုးမျိုးအရောင်းသွက်လျက်ရှိပြီး၊ စျေးနှုန်းမြင့် တက်လျက်ရှိကြောင်း သိရှိရပါသည်။ဆီထွက်သီးနှံမြေပဲ၊နှမ်းနှင့် နေကြာသီးနှံများအား ပြည်တွင်း စားဆီကြိတ်ခွဲခြင်းတွင်အရေးပါသကဲ့သို့မြေပဲနှင့်နှမ်းမှာပြည်ပသို့တင်ပို့သည့်ကုန်စည်အမယ်များ ဖြစ်ပါသည်။ မြေပဲ၊နှမ်း၊နေကြာသီးနှံများအား စားဆီကြိတ်ခွဲပြီး ထွက်ရှိလာသည့်မြေပဲဖတ်၊ နှမ်းဖတ်နှင့်နေကြာဖတ်များကို တိရိစ္ဆာန် အစာအဖြစ် အသုံးပြုလျက်ရှိပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလတတိယပတ် အတွင်းဖြစ်ပေါ်လျက်ရှိသည့်စားဆီတစ်ပိဿာပေါက်စျေးများမှာ မြေပဲဆီ၁၃၅၀ဝိ/-နှင့် ၁၅၀၀ဝိ/-၊ နှမ်းဆီ ၁၂၅၀ဝိ/-စျေး၊နေကြာဆီ ၂၂၀၀၀ ကျပ်နှင့် ၂၂၅၀၀ ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ပဲဖတ်တစ်ပိဿာ ပေါက်စျေးများအနေဖြင့် မြေပဲဖတ် ၅၇၅ဝိ/- နှင့် ၅၈၀ဝိ/-၊နှမ်းဖတ် ၃၄၀ဝိ/-နှင့်၃၆၀ဝိ/-၊နေကြာဖတ် ၂၉၀၀ကျပ်နှင့်၃၁၀ဝိ/-၊မုန်ညင်းဖတ် ၂၉၅၀ကျပ်နှင့် ၃၀၀၀ကျပ် တို့ဖြင့် အရောင်းသွက်လျှက်ရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

     မန္တလေးမြေပဲစျေးနှုန်းစျေးကွက်

             မြေပဲမှာ စားသုံး ဆီကြိတ်ခွဲခြင်းလုပ်ငန်းများနှင့် စားသောက်ကုန်တို့တွင် အသုံးပြုခြင်း တို့ကြောင့် ပြည်တွင်းစျေးကွက်နှင့်ပြည်ပသို့ တင်ပို့သည့်သီးနှံဖြစ်ပြီး အရောင်းသွက်လျက်ရှိ ကြောင်းသိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံမြေပဲအား မိုးနှင့် ဆောင်း ရာသီများတွင် စိုက်ပျိုးပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်မြေပဲစိုက်ပျိုးမှု ၆၃၈၆၂၆ ဧက၊ရိတ်သိမ်းမှု ၆၃၇၄၄၇ ဧက၊ အထွက် နှုန်း ၄၆.၇၇ တင်း၊ အထွက်စုစုပေါင်း ၂၉၈၁၅၉၉၆ တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်စက်တင်ဘာလ တတိယပတ်အတွင်းဖြစ်ပေါ်လျက်ရှိသည့်ပေါက်စျေးများမှာ မြေပဲတစ်ပိဿာလျှင် S1 လုံးဆန် ၇၅၀၀ ကျပ်နှင့်၈၃၀၀ကျပ်၊S1 ဆီဆန်  ၆၉၀၀ကျပ်နှင့် ၇၇၀၀ကျပ်၊ အနီလုံးဆန် ၇၃၀၀ ကျပ်နှင့် ၇၅၀၀ကျပ်၊အနီဆီဆန် ၆၉၀၀ကျပ်နှင့်၇၂၀၀ကျပ်တို့ဖြစ်ကြောင်းသိရပါသည်။ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာS1 လုံးဆန် ၉၀၀၀ ကျပ်နှင့် ၉၅၀၀ ကျပ်၊ S1 ဆီဆန် ၈၀၀၀ကျပ်နှင့် ၈၄၀၀ ကျပ်၊S1 ရွေးဆန်၈၇၀၀ကျပ်နှင့် ၈၈၀၀ကျပ်၊အနီလုံးဆန် ၈၈၀၀ကျပ်နှင့် ၉၀၀၀ကျပ်၊ အနီဆီဆန် ၈၂၀၀ကျပ်နှင့်၈၄၀၀ကျပ်၊ အနီလုံးဆန်(ရှမ်း)၈၀၀၀ကျပ်နှင့် ၈၂၀၀ကျပ်တို့ဖြစ်ကြောင်းသိရှိရပါ သည်။ယခင်နှစ်နှင့်ယခုနှစ်ကာလတူ မြေပဲပေါက်စျေးနှိုင်းယှဉ်ပါက စျေးလျော့နည်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း