၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်မွှေး တစ်ပြည် ၇၈၀၀ ကျပ်၊ ဧည့်မထ (ဒေသ) ဆန် တစ်ပြည် ၅၂၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များအနေ ဖြင့် ကြက်သွန်နီ တစ်ပိဿာ ၃၅၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၁၀၀၀၀ ကျပ်၊ (ရှမ်းစ) တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ ငရုတ်သီးခြောက်(ရှည်)တစ်ပိဿာ ၁၆၅၀၀ ကျပ်၊ ငရုတ်သီး ခြောက်(ပွ) တစ်ပိဿာ ၂၇၀၀၀ ကျပ်၊ ဆား တစ်ပိဿာ ၃၇၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၃၅၀၀ ကျပ်၊ အာလူး တစ်ပိဿာ ၄၀၀၀ ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ ပဲတောင့်ရှည် တစ်စည်း ၁၀၀၀ ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ် ၁၈၀၀ ကျပ်နှင့် ဂျင်း(ချင်း) တစ်ပိဿာ ၇၅၀၀ ကျပ် စသည်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။
ကျိုင်းတုံမြို့တွင် စက်တင်ဘာလ တတိယအပတ်အတွင်း စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီ တစ်ပိဿာ ၁၂၀၀၀ ကျပ်နှင့် ပဲဆီ(ရိုးရိုး) တစ်ပိဿာ ၂၃၀၀၀ ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံး ၅၀၀ ကျပ်နှင့် ဘဲဥ တစ်လုံး ၇၅၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသား/ငါးဈေးနှုန်း များမှာ ကြက်သား (CP) တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၃၈၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၃၂၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၂၅၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၈၀၀၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်းသိရှိရပါသည်။
ကျိုင်းတုံမြို့ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင် စက်တင်ဘာလ ဒုတိယအပတ် နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ငရုတ်ခြောက်ရှည်၊ ငရုတ်ခြောက်ပု၊ ကုလားပဲ၊ အာလူး၊ ကြက်သား(CP)နှင့် ပဲတောင့်ရှည်ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ပါသည်။ ယင်းသို့ ငရုတ်ခြောက်ရှည်၊ ငရုတ်ခြောက်ပုနှင့် ကုလားပဲဈေးနှုန်း မြင့်တက်ရခြင်းမှာ ဝယ်ရင်းဈေးမြင့်တက်ခဲ့သောကြောင့်လည်းကောင်း၊ အာလူး ဈေးနှုန်းမြင့်တက်ရခြင်းမှာ ပြည်မမှအဝင်နည်းသောကြောင့်လည်းကောင်း၊ ကြက်သား(CP)ဈေးနှုူန်း မြင့်တက်ရခြင်းမှာ ဝယ်လိုအားများသောကြောင့်လည်းကောင်း၊ ပဲတောင့်ရှည်ဈေးနှုန်းမြင့်တက်ရခြင်း မှာ ဒေသထွက်လက်ကျန်များလျော့နည်းလာသောကြောင့် ဖြစ်ပါသည်။ ကြက်သွန်ဖြူ(ကြူကုတ်)နှင့် ဝက်သား ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ပါသည်။ ယင်းသို့ ကြက်သွန်ဖြူ(ကြူကုတ်) ဈေးနှုန်းကျဆင်း ရခြင်းမှာ တရုတ်(ယွမ်)ငွေ ဈေးနှုန်းကျဆင်းခဲ့သောကြောင့်လည်းကောင်း၊ ဝက်သားဈေးနှုန်းကျဆင်း ရခြင်းမှာ ဝက်အစာဈေးနှုန်းကျဆင်းခဲ့သောကြောင့်ဖြစ်ပါသည်။ ကျန်အခြေခံစားသောက်ကုန်များမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)