
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်တွင် ၊ မိသားစု စားဝတ်နေရေးအတွက် တစ်ဖက် တစ်လမ်းမှ အပိုဝင်ငွေရရှိရန်အတွက်သော်လည်းကောင်း၊ ဝါသနာအရသော်လည်းကောင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကို လုပ်ကိုင်ကြရာမှ သစ်ပင်ပန်းပင်အမျိုးမျိုးကို အပင်ပေါက်ရော အပွင့် ပါ ရောင်းချရန်အတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ် ကျွန်းလှမြို့၏ ကံကော်ပန်းပျိုးပင် ဈေးနှုန်းနှင့် ကံကော်ပန်း ပွင့် ဈေးနှုန်းအနေဖြင့် ကံကော်ပန်းပျိုးပင် တစ်ပင်လျှင်(၃၀၀၀၀)ကျပ်၊ ကံကော်ပန်းပွင့် တစ်စီးလျှင်(၂၀၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကံကော်ပန်းပျိုးပင်သည် နိမ့်နိမ့်လေးနှင့် အဖူးအပွင့်များပွင့် သော ပန်းပင်ဖြစ်ကြောင်း ပန်းဥယာဉ်စိုက်ပျိုး ရောင်းချသူ ထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)