ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ၊ တာချီလိတ် ဘိလပ်မြေနှင့် ဓာတ်မြေဩဇာ ဈေးနှုန်းအခြေအနေ

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်တွင် ကျိုင်းတုံမြို့ရှိ ဘိလပ်မြေနှင့်ဓာတ်မြေဩဇာ ဈေးနှုန်းအနေဖြင့် ဘိလပ်မြေ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၂၅၅၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၇၅၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၇၅၀၀)ကျပ် ဖြစ်ပါသည်။ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (MEP) (50)kg တစ်အိတ်လျှင် (၁၁၀၀၀၀)ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၄၀၀၀၀) ကျပ်၊ တီဆူပါ (may) (၁) လီတာလျှင် (၇၀၀၀၀) ကျပ်၊ ယူရီးယား (မြင်းပျံ) (50)kg တစ်အိတ်လျှင် (၁၁၀၀၀၀) ကျပ် တို့ဖြစ်ပါသည်။

  တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၂၁၀၀၀) ကျပ်၊ ဆင်တံဆိပ်(50)kg တစ်အိတ်လျှင် (၂၃၀၀၀)ကျပ်၊ စိန်တံဆိပ်(50)kg တစ်အိတ်လျှင် (၂၃၀၀၀)ကျပ် တို့ဖြစ်ပါသည်။

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ ပထမအပတ်နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက ဘိလပ်မြေ ကျားတံဆိပ် (40)kg တစ်အိတ်လျှင်(၁၀၀၀)ကျပ်၊ ဆင်တံဆိပ်နှင့် စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၀၀)ကျပ် ကျဆင်းခဲ့ပြီး ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (MEP) (50)kg တစ်အိတ်လျှင် (၅၀၀၀)ကျပ်နှင့် ယူရီးယား (မြင်းပျံ) (50)kg တစ်အိတ်လျှင် (၅၀၀၀)ကျပ် ကျဆင်းခဲ့ပါသည်။ တာချီလိတ်မြို့တွင် ဘိလပ်မြေ ကျားတံဆိပ် (40)kg တစ်အိတ်လျှင်(၁၀၀၀)ကျပ်၊ ဆင်တံဆိပ်နှင့် စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၀၀)ကျပ် ဈေးနှုန်းအနည်းငယ် ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ကျောက်သခွားမွှေးသီး နှင့် စပျစ်သီး ဈေးနှုန်း

    ကျွန်းလှမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သင်္ဘောသီး၊ ဖရဲသီး၊ ဩဇာသီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊  ဒညှင်းသီး နှင့် ဖရဲသီးများကို  ရောင်းချလျက်ရှိကြောင်း သိရ သည်။

      ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ကျောက် သခွားမွှေးသီး ဈေးနှုန်းများမှာ ကျောက်သခွားမွှေးသီး အကြီး(၁)လုံးလျှင်(၈၀၀၀)ကျပ်၊ ကျောက်သခွား မွှေးသီး အသေး(၁)လုံးလျှင်(၇၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ စပျစ်သီး ဈေးနှုန်းများမှာ စပျစ်သီး ထိုင်ဝမ် အလုံးကြီး တစ်ပိဿာ(၂၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၄၀၀၀)ကျပ်၊ (၂၅)ကျပ် သားလျှင် (၈၀၀၀)ကျပ် နှင့် စပျစ်သီး အလုံးသေး တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၁၂၀၀၀) ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၆၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်‌ အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ မြေပဲအတောင့်နှင့် မြေပဲလုံးဆံဈေးနှုန်းအခြေအနေ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး မြေပဲလုံးဆံများကို မြေပဲစိုက်ပျိုးရာ၌လည်းကောင်း ၊ ဆီစက်လုပ်ငန်းရှင် အချို့မှ မြေပဲဆီကြိတ်ကာ ကုန်ချောထုတ်လုပ်၍ ပြန်လည်ရောင်းချပြီး မြေပဲလုံးဆံကို မြေပဲယို၊ မြေပဲဆားလှော် စသည်ဖြင့်လည်း အသုံးပြုကြကြောင်း သိရသည်။

     ကန့်ဘလူမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း အရောင်းအဝယ် ဖြစ်နေသည့် မြေပဲလုံးဆံများကို ဒေသတွင်းရှိ စိုက်ပျိုတောင်သူများထံမှလည်းကောင်း၊ မန္တလေး မြို့နှင့် ရွှေဘိုမြို့တို့မှလည်းကောင်း ဝင်ရောက်လျက်ရှိကြောင်း၊ ယခင်ပထမပတ် အတွင်းမြေပဲလုံး ဆံတစ်ပိဿာလျှင် (၈၃၀၀)ကျပ်နှင့် (၂၅)ပိဿာတစ်အိတ်လျှင် (၂၀၇၅၀၀)ကျပ်ဈေးနှုန်းဖြင့်အ ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မြေပဲအတောင့်တစ်တင်းလျှင် (၃၅၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ယခင်ပထမပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း မြေပဲလုံးဆံတစ်အိတ်လျှင် (၁၅၀၀၀)ကျပ် ဈေးနှုန်းပြန်လည်မြင့်တက်လာကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ပဲဈေးကွက်၌ အရောင်းအဝယ်ဖြစ်သည့် မတ်ပဲဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက် ရှိရာ ကန့်ဘလူမြို့နယ် မြေထူးကျေးရွာ၊ တောက္ကရှပ်ကျေးရွာ၊ ညောင်ဇင်ကျေးရွာများတွင် မတ်ပဲသီး နှံကို အဓိကစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲရိုးရိုးတစ်တင်း လျှင်(၇၃၀၀၀)ကျပ်၊ မတ်ပဲမျက်ကွင်းဖြူ တစ်တင်းလျှင် (၈၀၀၀၀)ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ယခင်ပထမပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း မတ်ပဲရိုးရိုးဈေးငြိမ်ပြီး မတ်ပဲမျက်ကွင်းဖြူ တစ်တင်းလျှင်(၂၅၀၀)ကျပ် ဈေးနှုန်းပြန်လည်မြင့်တက်လာကြောင်း၊ မတ်ပဲသီး နှံကိုမန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်း ရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲလွန်ဖြူဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက် သီးနှံများ အပြင် ပဲမျိုးစုံကိုလည်းစိုက်ပျိုးကြောင်း၊ ပဲလွန်းဖြူသီးနှံများကို ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း၊  ပဲလွန်းဖြူသီးနှံ သည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကောင်းရသဖြင့် စိုက်ပျိုးသူများအနေဖြင့် ဝင်ငွေရရှိကာ အဆင်ပြေ လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ပဲလွန်းဖြူတစ်တင်းလျှင် (၁၀၀၀၀၀)ကျပ်၊ အကွဲအနာပါတစ်တင်းလျှင် (၉၉၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ ပဲလွန်းဖြူသီးနှံများကို မန္တလေးမြို့ရှိ ကုန်စည်ဒိုင်များနှင့်ပွဲရုံများသို့ တင်ပို့လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌  အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲတီစိမ်းဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ကိုအဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ပဲတီစိမ်းသီးနှံကို ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်းကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြောင်း၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။

     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ပဲတီစိမ်းရိုးရိုး တစ်တင်းလျှင်(၇၃၀၀၀) ကျပ်၊ ပဲတီစိမ်းထွက်တိုး တစ်တင်းလျှင် (၇၉၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ယခင်ပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပဲတီစိမ်းထွက်တိုးတစ်တင်း လျှင်(၁၀၀၀)ကျပ် ဈေးနှုန်းပြန်လည်မြင့်တက်လာကြောင်း၊ ဈေးကွက်အနေဖြင့် ပဲတီစိမ်းများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ အများဆုံးတင်ပို့ရောင်းချကြောင်း သီးနှံပွဲရုံများထံမှ သိရှိရ ပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲဇီးကွက်သီးနှံဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိ ရာ ပဲဇီးကွက်သီးနှံကို ကန့်ဘလူမြို့နယ် ဆန္ဒယားကျေးရွာ၊ ကံကြီးကုန်းကျေးရွာနှင့် အခြားသော ကျေးရွာများတွင်လည်း စိုက်ပျိုးကြောင်း သိရှိရသည်။

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ပဲဇီးကွက်တစ်တင်းလျှင် (၉၉၅၀၀)ကျပ်၊ အကွဲအနာပါလျှင် (၉၉၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ  ယခင်ပထမပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပဲဇီးကွက်သီးနှံတစ်တင်းလျှင် (၅၀၀)ကျပ်မြင့်တက် လာကြောင်း၊ ပဲဇီးကွက်သီးနှံများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့ပဲဈေးကွက်၌ ပဲစဉ်းငုံဈေးနှုန်း ပြန်လည်မြင့်တက်

      မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင်လည်း သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီသည့် ပဲစဉ်းငုံသီးနှံကို အဓိကစိုက်ပျိုးလျက်ရှိကြောင်း စိုက်ပျိုးရေး ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ပဲစဉ်းငုံနီတစ်တင်းလျှင် (၇၀၀၀၀)ကျပ်၊ ပဲစဉ်းငုံဖြူတစ်တင်းလျှင် (၆၈၀၀၀)ကျပ်နှင့် အောက်စတစ်တင်းလျှင်(၆၇၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း၊ ယခင်ပထမပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ် အတွင်း ပဲစဉ်းငုံနီတစ်တင်းလျှင်(၄၀၀၀)ကျပ်နှင့် ပဲစဉ်းငုံဖြူ(၁)တင်းလျှင် (၃၀၀၀)ကျပ်ဈေးနှုန်း မြင့်တက်လာကြောင်း၊ ဒေသထွက်ပဲစဉ်းငုံများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ ရောင်းချကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်၌ အစေ့ထုတ်ပြောင်းဈေးနှုန်း အနည်းငယ်ကျဆင်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ် ငန်းများ လုပ်ကိုင်လျက်ရှိရာ ကန့်ဘလူမြို့နယ်၏ အဓိကစိုက်ပျိုးသီးနှံဖြစ်သည့်  အစေ့ထုတ်ပြောင်း ကိုကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးလျက်ရှိကြောင်း၊ အစေ့ထုတ်ပြောင်း စိုက်ပျိုးရာတွင် C.P.808နှင့် SA282 မျိုးတို့ကို အများဆုံးစိုက်ပျိုးကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၂၃၀၀၀)ကျပ်၊ ပြောင်းအရည်အသွေးညံ့လျှင် (၂၂၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ယခုလဒုတိယပတ်အတွင်း အစေ့ထုတ်ပြောင်း ဈေးနှုန်းအနည်းငယ်ကျဆင်းနေကြောင်း ဒေသတွင်း ပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

အရောင်းသွက်သည့်တည်သီးများ

             မန္တလေးစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီးရှိ၊  ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်မြို့နယ် နှင့် ရှမ်းပြည်နယ်တို့ မှ ထွက်သည့်တည်သီးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက်လျက် ရှိကြောင်း သိရှိရပါသည်။  ၂၀၂၅ ခုနှစ်အောက်တိုဘာလပထမပတ်အတွင်း  ဖြစ်ပေါ်သည့် စျေးနှုန်း များမှာ တည်သီး ၁ လုံးလျှင် အလုံး(ကြီး) ၂၅၀၀ ကျပ်နှင့် ၃၅၀၀ကျပ်၊အလုံး(လတ်) ၁၅၀၀ ကျပ်နှင့် ၂၀၀၀ကျပ်စျေး၊ထုံးရည်စိမ်၍ အကြွပ်သီးအဖြစ်ရောင်းချရာတွင်အလုံး(ကြီး) ၅၀၀ကျပ်နှင့် ၇၀၀ကျပ်၊ အလုံး(လတ်) ၃၀၀ ကျပ်နှင့် ၄၀၀ကျပ်တို့ဖြင့် အမျိုးအစား ခွဲခြား၍ရောင်းချကြောင်းတွေ့ရှိရပါသည်။ ဝါတွင်းကာလဖြစ်သည့်အတွက် ဘုရားပွဲတော်များ၊အလှူပွဲများ ရာသီချိန်ဖြစ်သည့်အတွက်တည်သီး များအရောင်းသွက်လျက်ရှိကြောင်း  စျေးချိုတော်ရှိသစ်သီးရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း