ပြည်တွင်းကုန်သွယ်မှုသတင်း
Powered by Drupal
“ကွမ်းခြံကုန်းမြို့နယ်ဈေးကွက်အတွင်း ရောင်းချသောအခြေခံစားသောက်ကုန်ဈေးနှုန်းများ”
“သုံးခွမြို့နယ်ဈေးကွက်တွင်ရောင်းချနေသောအခြေခံစားကုန် အသား/ငါးဈေးနှုန်းများ”
“သုံးခွမြို့နယ်၌ မိုးစပါးများဆက်လက်စိုက်ပျိုးလျက်ရှိ”
ကန့်ဘလူမြို့နယ်၌ အစေ့ထုတ်ပြောင်းဈေးနှုန်း အနည်းငယ်ကျဆင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ် ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး၊ သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ မိုးသီးနှံ အစေ့ထုတ်ပြောင်း(၈၈၉၃၁)ဧက စိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ကြောင်း၊ အစေ့ထုတ်ပြောင်းကို ကန့်ဘလူ မြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင်လည်း စိုက်ပျိုးကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်၌ အစေ့ထုတ်ပြောင်း စိုက်ပျိုးရာတွင် မျိုးအနေဖြင့် C.P.808 နှင့် C.P.888 မျိုးတို့ကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း အစေ့ထုတ်ပြောင်း (၁)တင်းလျှင် (၂၂၀၀၀)ကျပ်၊ ပြောင်းအရည်အသွေးညံ့လျှင် (၂၁၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ ယခုပတ်အတွင်း အစေ့ထုတ်ပြောင်း(၁)တင်းလျှင် (၁၂၀၀)ကျပ်ကျဆင်းသွား ကြောင်း၊ ဈေးကွက်အတွင်း အစေ့ထုတ်ပြောင်း ဝင်ရောက်မှုနည်းသော်လည်း ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ဒေသတွင်းပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
ကန့်ဘလူမြို့နယ်၌ နေကြာသီးနှံဈေးနှုန်းကျဆင်းလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သည့် နေကြာသီးနှံကိုလည်း စိုက်ပျိုးကြောင်း၊ မိုးစိုက်နေကြာနှင့် ဆောင်းစိုက်နေကြာ ဟူ၍(၂)မျိုးရှိပြီး၊ ကန့်ဘလူမြို့နယ်တွင် ဆောင်းနေကြာကို (၂၉၃၅)ဧက စိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ကြောင်း ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။
ကန့်ဘလူမြို့နယ်၌ နေကြာသီးနှံစိုက်ပျိုးရာတွင် မျိုးအနေဖြင့် ဆင်းရွှေကြာ-၂မျိုးကို အများ ဆုံးစိုက်ပျိုးကြောင်း၊ မြေအနေအထားနှင့် အပင်ပြုစုခြင်းအပေါ်မူတည်၍ နေကြာအထွက်နှုန်း ကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း နေကြာ(၁)တင်း လျှင် (၅၂၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ယခုပတ်အတွင်း နေကြာ(၁)တင်းလျှင် (၅၀၀၀)ကျပ်ခန့် ဈေးနှုန်းကျဆင်းသွားကြောင်း၊ ဒေသတွင်းပွဲရုံ လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ထောပတ်ပဲသီးနှံဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ထောပတ်ပဲသီးနှံကို စိုက်ပျိုးထားရှိ ကြောင်း၊ ထောပတ်ပဲသီးနှံကို ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြား သောကျေးရွာများတွင် စိုက်ပျိုးကြပြီး ထောပတ်ပဲ(ဆောင်း)သီးနှံကို ယခုအချိန်တွင် ရိတ်သိမ်းပြီး ဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း ထောပတ်ပဲတစ်တင်းလျှင် (၁၁၅၀၀၀)ကျပ်၊ အကွဲအနာပါ(၁)တင်းလျှင် (၁၁၄၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုပတ် အတွင်း ထောပတ်ပဲသီးနှံ(၁)တင်းလျှင် ဈေးနှုန်း(၂၀၀၀)ကျပ် ကျဆင်းသွားကြောင်း၊ ကန့်ဘလူခရိုင် အတွင်း စားသုံး၍ပိုလျှံသည့် ထောပတ်ပဲသီးနှံကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ပုဇွန်ထုတ် ဈေးနှုန်း
“(၂၃.၆.၂၀၂၅)ရက်နေ့ မှ (၂၈.၆.၂၀၂၅) ရက်နေ့ထိ တစ်ပတ်အတွင်းစားအုန်းဆီ ထုတ်ပေးမှုအခြေအနေ”
ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသော စွန်တာနီ(ပဲနီ)ဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် သီးနှံမျိုးစုံ စိုက်ပျိုး လျက်ရှိရာ စွန်တာနီ(ပဲနီ)သီးနှံများကို ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာ နှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးလျက်ရှိပြီး ဆောင်းသီးနှံ စွန်တာနီ(ပဲနီ)(၁၃၉၃)ဧက စိုက်ပျိုးရိတ် သိမ်းနိုင်ခဲ့ကြောင်း ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။
၂၀၂၅ ခုနှစ် ဇွန်လ စတုတ္ထပတ်အတွင်း စွန်တာနီ(ပဲနီ)တစ်တင်းလျှင် (၁၀၀၀၀၀)ကျပ်၊ အကွဲအနာပါ(၁)တင်းလျှင် (၉၉၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း စွန်တာနီ(ပဲနီ)(၁)တင်းလျှင် (၃၀၀၀)ကျပ်ဈေးနှုန်း ကျဆင်းသွားကြောင်း၊ သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)