ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သစ်သီးမျိုးစုံစျေးကွက်ရှိဂဗ္ဗလာသီး

              မန္တလေးစျေးကွက်သို့    မန္တလေးတိုင်းဒေသကြီးရှိ၊  ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်မြို့နယ် နှင့် ရှမ်းပြည်နယ်တို့ မှ ထွက်သည့်ဂဗ္ဗလာသီးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက် လျက် ရှိကြောင်း သိရှိရပါသည်။  ၂၀၂၅ ခုနှစ်အောက်တိုဘာလပထမပတ်အတွင်း ဖြစ်ပေါ် သည့်   စျေးနှုန်း များမှာ ဂဗ္ဗလာသီး ၁၀ လုံးလျှင် အလုံး(ကြီး) ၂၀၀၀ ကျပ်နှင့် ၂၅၀၀ကျပ်၊အလုံး(လတ်)  ၁၅၀၀ ကျပ် နှင့် ၁၈၀၀ ကျပ်၊ အလုံး(သေး) ၁၀၀၀ ကျပ်နှင့် ၁၃၀၀ ကျပ်စျေးတို့ ဖြင့် ရောင်းချပြီး၊   အလုံးအရွယ် အစားအပေါ် မူတည်၍ စျေးကွာခြားမှုရှိကြောင်း   သိရှိရပါသည်။ ဂဗ္ဗလာသီးများအားအသီးအတိုင်း စားသုံးခြင်းနှင့် ကျမ္မာရေးဓါတ်စာဖျော်ရည်အဖြစ်စားသုံးခြင်းတို့ကြောင့် စျေးကွက်အတွင်းအရောင်း သွက်လျက်ရှိကြောင်း ရှမ်းစျေးရှိသစ်သီးရောင်းချသူတစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

ကျွန်းလှမြို့တွင် ရောင်းချနေသော စက်သုံးဆီဈေးနှုန်း

      မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် သတ်မှတ်ထုတ်ပြန် ပေးလျက်ရှိပါသည်။

          စစ်ကိုင်းတိုင်းဒသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင်()ဆိုင် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိကာ စက်သုံးဆီ ပြတ်လတ်မှုမရှဘဲ (PPRD) စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ  နေ့စဉ် သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်းဈေးနှုန်း အတိုင်း ရောင်းချပြီး အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်စွာရောင်းချလျက်ရှိကြောင်း အောက်တိုဘာ လ ပထမပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင်(၃၀၁၄)ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၃၀၈၂)ကျပ်၊ ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင် (၂၇၂၅)ကျပ် နှင့် ဒီဇယ်(ပရီမီယမ်)PHSDတစ်လီတာလျှင်(၃၃၉၈)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ယခု အောက် တိုဘာလ ဒုတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင် (၂၉၁၈) ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၂၉၈၈)ကျပ်၊ ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင် (၂၆၈၆) ကျပ် နှင့် ဒီဇယ်(ပရီမီယမ်)PHSDတစ်လီတာလျှင်(၃၂၃၆)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသော ကြောင့် ယခင် အပတ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက စက်သုံးဆီဈေး 92တစ် လီတာလျှင်(၉၆)ကျပ်၊ 95တစ်လီတာလျှင်(၉၄)ကျပ်၊ ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင်(၃၉)ကျပ် နှင့် ဒီဇယ်(ပရီမီယမ်)PHSD တစ်လီတာလျှင်(၆၂)ကျပ် ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော  ငါးဖယ်ခြစ် နှင့် ငါးဖယ် ဈေးနှုန်း  

    ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက် ရေချိုငါးများကို  လက်လီ/လက္ကား ငါးအရောင်းအဝယ်ပြုလုပ်သည့် ဒိုင်များမှ ဝယ်ယူရောင်းချကာ  ဈေး ကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

    အောက်တိုဘာလ ဒုတိယပတ်တွင် ငါးဖယ်ခြစ် တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀၀)ကျပ် နှင့် (၁၀)ကျပ်သားလျှင် (၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ ငါးဖယ် ဈေးနှုန်းအနေဖြင့် ငါးဖယ် အကောင်လိုက် လက်လီ တစ်ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၈၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချ လျက်ရှိပြီး ယခင်အပတ်ထက် ဈေးအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

မြိတ်မြို့တွင် စတင်ထွက်ရှိလာပြီဖြစ်သော ဓနိရည်ချိုစျေးနှုန်းစျေးကွက်

  မြိတ်ခရိုင်တွင် ပင်လယ်ဝန်းရံလျက်ရှိသည့်အတွက် ရေထွက်ကုန်ပစ္စည်းများပေါများသလို ရေငန်ဒေသတွင်ပေါက်ရောက်သော ဓနိပင်များပေါများစွာပေါက်ရောက်လျက်ရှိသည်။ ဓနိပင်သည် ပင်လယ်ရေငန်ရောက်သော ဒီရေတောများတွင် စိုက်ပျိုးဖြစ်ထွန်းသော အပင်ဖြစ်သည်။ တစ်ချို့ မှာ ဓနိပင်ကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိပြီး ယခုအောက် တိုဘာလတွင် မြိတ်မြို့၌ ဓနိရည် စတင်ထွက်ရှိ နေပြီဖြစ်ကြောင်း သိရှိရပါသည်။ စတင်ထွက်ရှိလာချိန်တွင် ဓနိရည်ချိုစျေးနှုန်း ကောင်းမွန်လျက်ရှိပြီး ယခင်နှစ်က ရာသီပေါ်ရောဂါများကြောင့် အရောင်းပါးခဲ့ကြောင်း သိရှိရပါသည်။

   ယခင်နှစ် ၂၀၂၄ခုနှစ်တွင် ဓနိရည်ချို တစ်ဗူးလျှင် ကျပ် (၃၀၀၀)ခန့်သာစျေးရရှိပြီး ယခု ‌၂၀၂၅ခုနှစ်၊ အောက်တိုဘာလတွင် မြိတ်မြို့ရှိ ဓနိရည်ချိုတစ်ဗူးလျှင် ကျပ်(၄၅၀၀)ခန့်ရှိနေကြောင်းသိ ရှိရိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိကွမ်းရွက်စျေးနှုန်း အနည်းငယ်မြင့်တက်လာ

  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ကွမ်းရွက်စိုက်ပျိုးသူများ များပြား ကြောင်းသိရှိရပါသည်။ ကွမ်းရွက်သည် ဆေးဖက်ဝင်ပစ္စည်းတစ်မျိုးဖြစ်သည့်အပြင် မြန်မာလူမျိုးများ အများဆုံးစားသုံးကြသည့် ကွမ်းယာတွင်မပါမဖြစ်သော အဓိကပါဝင်ပစ္စည်း တစ်မျိုးဖြစ်သည်။ မိုးကာလတွင် အများဆုံးစိုက်ပျိုးကြပြီး မိုးနှင့်ဆောင်းကာလ များတွင် ဈေးကောင်း ရရှိကြောင်း သိရှိရပါသည်။ ယခုအောင်တိုဘာလတွင် ကွမ်းရွက်စျေးနှုန်းအနည်းငယ်မြင့်တက်လာပြီး စျေးကောင်း ရရှိလျက်ရှိကြောင်းသိရှိရပါသည်။

          ၂၀၂၅ခုနှစ်၊ အောက်တိုဘာလဒုတိယပတ်တွင် မြိတ်မြို့ပေါ်ရှိ ရောင်းချနေသော လက်ကား ကွမ်းရွက်အကြီး တစ်စည်းလျှင် (၁၂၀၀) ကျပ်ရှိပြီး ကွမ်းရွက်အငယ်တစ်စည်းလျှင် (၀၀)ကျပ် ဖြစ်ကြောင်း ယခင်က ကွမ်းရွက်အကြီးတစ်စည်းလျှင် (၈၀၀)ကျပ်ခန့်ရှိကြောင်း၊ လက်လီဈေး ကွမ်းရွက် အကြီးတစ်စည်းလျှင် (၁၅၀၀)ကျပ်ရှိပြီး အငယ်တစ်စည်းလျှင် (၈၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ထန်းသီးဈေးကွက်

   ထန်းသီးကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ဘုရားကိုင်လမ်းမတန်းနှင့် ကန်ကြီးရပ် ဘုရားကြီးတန်းလမ်းမတွင် အရောင်းသွက်လျက်ရှိပါသည်။ ကျန်းမာရေးအတွက်များစွာအထောက် အကူဖြစ်စေပါသည်။ ထန်းသီး၏ ဆိုးကျိုးမှာ ဌက်ပျောသီးနှင့် စားသုံးရန်မသင့်တော်သော အသီး တစ်မျိုးဖြစ်သည်။ မိတ်ရောဂါပေါ်တွင် ထန်းသီးဆံကို ကပ်ပေးခြင်းဖြင့် မိတ်ရောဂါကို သက်သာ စေပါသည်။ တပို့တွဲလနှင့် တပေါင်းလတွင် စတင်သီးချိန်ဖြစ်ပြီး တန်ခူးလတွင် ကွဲချိန်ဖြစ်သည်ဟု သိရှိရပါသည်။ ထန်သီးတစ်လုံလျှင် ထန်းသီးဆံကို ၃ခုမှ ၄ခု အထိပါရှိပြီး အရည်ရွှမ်း၍ ချိုမွှေးသော အရသာရှိပါသည်။

   ယခု၂၀၂၅ခုနှစ်၊ အောက်တိုဘာလဒုတိယပတ်တွင် မြိတ်မြို့ပေါ်တွင် အများအပြား ရောင်းချ နေသော ထန်းသီးဈေးနှုန်းမှာ တစ်လုံးလျှင် (၂၀၀၀)ကျပ်ခန့်ရှိကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ငါးဖန့်ဝိုင်း နှင့် ငါးပြေမ ဈေးနှုန်း

     ကျွန်းလှမြို့နယ်အတွင်း လူသုံးကုန်၊ စားသောက်ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက် ရှိရာမှ အသားငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပြီး သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက် ရေချိုငါးများကို ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရသည်။

      ၂၀၂၅ ခုနှစ်၊ ယခု အောက်တိုဘာလ ဒုတိယပတ်တွင် ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာ ငါးဒိုင်တွင် ရောင်းချလျက်ရှိသော ငါးဖန့်ဝိုင်း ဈေးနှုန်းအနေဖြင် ငါးဖန့်ဝိုင်း တစ်ပိဿာလျှင်(၁၄၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၃၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း အလားတူပင် ငါးပြေမ ဈေးနှုန်းအနေဖြင့် ငါးပြေမ တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ခါကြက်ဥ နှင့် မုန့်ညှင်းထုတ်  

     ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖို ဆောင်သီးနှံဖြစ်သည့် ကန်ဇွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ရုံးပတီသီး၊ ငရုပ်သီးစိမ်း၊ ခဝဲသီး၊ ဗုံလုံသီး သင်္ဘောသီး ကင်မုံသီး၊ ကြက်ဟင်းခါးသီး၊ ခရမ်းသီး၊ ခရမ်းကြွပ်သီး နှင့်  ခါကြက်ဥ(ဗမာ)မျိုးကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး သစ်ရာမြိုင် ဈေးကွက် အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချကြပါသည်။

     ၂၀၂၅ ခုနှစ်၊ ယခု အောက်တိုဘာလ ဒုတိယအပတ်၌ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ဖြစ်ပေါ်နေသော  ခါကြက်ဥ ဈေးနှုန်းအနေဖြင့်  ခါကြက်ဥ(ဗမာ)ဥ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ၅၀ ကျပ်သားလျှင်(၅၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ်၊ ခါကြက်ဥ(တရုတ်ဥ)တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းဖြင့် လည်းကောင်း  မုံညှင်းထုတ် ဈေးနှုန်းအနေဖြင့် မုံညှင်းထုတ် တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ၅၀ကျပ်သား လျှင်(၄၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

အာလူးစိုက်ပျိုးထုတ်လုပ်မှု တစ်ဧကကုန်ကျစရိတ်နှင့် အကျိုးအမြတ်တွက် အခြေအနေ

   ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၌ အာလူး (၁၉၁၂) ဧက စိုက်ပျိုးရန်လျာထားပြီး မေလမှ စတင်စိုက်ပျိုးခဲ့ရာတွင် ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၌ အာလူး (၂၈၉) ဧက၊ မိုင်းခတ်မြို့၌ အာလူး (၅၇၀) ဧက၊ စုစုပေါင်း (၈၅၉) ဧက  စိုက်ပျိုးခဲ့ပြီး ဩဂုတ်လမှ ယခု စက်တင်ဘာလ (၃၀) ရက်နေ့ထိ အာလူးသီးနှံ ရိတ်သိမ်းခဲ့ရာတွင် ကျိုင်းတုံမြို့ (၁၅၃) ဧက၊ မိုင်းခတ်မြို့ (၄၈၅) ဧက၊ စုစုပေါင်း (၆၃၈) ဧက ရိတ်သိမ်းပြီးစီးကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ (၃၀.၉.၂၀၂၅) ရက်နေ့ထိ စာရင်းအရ သိရှိရပါသည်။

          ကျိုင်းတုံခရိုင်၌ ဒေသနှင့်ကိုက်ညီပြီး အရေအသွေးကောင်း ဒေသမျိုးများ အဓိကထား စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ အဆိုပါ အာလူးစိုက်ပျိုးသည့် တောင်သူများမှာ တစ်ဧက အထွက်နှုန်း တိုးတက်စေရန် မြေပြုပြင်ခြင်း ၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း၊ သွင်းအားစု (မျိုး)၊ နွားချေး၊ ကွန်ပေါင်းဓာတ်မြေဩဇာ၊ မြေတွင်းအောင်းပိုးသတ်ဆေး စုစုပေါင်း တစ်ဧက ကုန်ကျ စရိတ်မှာ (၃၇) သိန်းကျော်ခန့် ကုန်ကျကြောင်း တောင်သူကြီးများထံမှ သိရှိရပါသည်။

          ယခု ၂၀၂၅ ခုနှစ်တွင် အာလူး တစ်ဧကအထွက်နှုန်းမှာ ပိဿာချိန် (၂၅၀၀) ခန့် ထွက်ရှိ ကြောင်း သိရပါသည်။ ယခု အာလူး လက်ကားဈေး တစ်ပိဿာလျှင် (၂၀၀၀) ကျပ် ခန့်မှန်း ပေါက်ဈေးအရောင်းအဝယ်ရှိပြီး အာလူး ပိဿာချိန် (၂၅၀၀) ကို (၂၀၀၀) ကျပ်နှုန်းဖြင့်ရောင်းလျှင် (၅၀) သိန်းခန့်ရရှိကာ တစ်ဧက၏ အထွေထွေကုန်ကျစရိတ် (၃၇) သိန်းကျော်ခန့်နှုတ်လျှင် အာလူး စိုက်တောင်သူများ အနေဖြင့် အာလူး တစ်ဧကစိုက်လျှင် (၁၂) သိန်းကျော်ခန့် အမြတ်အစွန်းရရှိ မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ခရမ်းသီး  ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ စားဖိုဆောင် သီးနှံဖြစ်သည့် ခရမ်းသီးများကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရသည်။

           အောက်တိုဘာလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ခရမ်းသီး ဈေးနှုန်းအနေဖြင့် ထောပတ် ခရမ်းသီး လက်လီ တစ်ပိဿာလျှင်(၃၈၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ် နှင့် ပဒေသာ ခရမ်းသီး တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၁၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၈၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း ယခင်အပတ်ထက် ထောပတ်ခရမ်းသီးဈေးနှုန်း တစ်ပိသာလျှင်(၁၈၀၀)ကျပ်၊ ပဒေသာ ခရမ်းသီး တစ်ပိဿာလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း  သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း