ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပန်းအိပျိုးပင်ဈေးကွက်

           ပန်းအိပင်သည် ရနံ့မကြွယ်သော ပန်းပွင့်သည့် ပန်းအလှပင် ချုံပင်ကြီးမျိုးဖြစ်သည်။ မိုးရာသီတွင် ပန်းအိပန်းများ အဆုပ်လိုက်အခိုင်လိုက် အပွင့်များ အူနေအောင် ပွင့်သောပန်း ဖြစ်သည်။ ရနံ့မကြွယ်ပေမယ့်လည်း အနည်းငယ်ရနံ့သင်းသင်းတော့ ရှိပါသည်။ ပန်းပွင့်များ၏ ပွင့်ချပ်တို့သည် ဆပ်တွန့်ကဲ့သို့ အတွန့်တွန့်ကလေးများဖြင့် နုနယ်ပါသည်။ အပူပိုင်းဒေသများတွင် အောင်မြင်ဖြစ်ထွန်းနိုင်သော နှစ်ရှည်ပင်ဖြစ်သည်။ ပန်းအိပင်ကို ပန်းဥယျာဉ်များ အိမ်ခြံဝင်း ၊ ဘုရား ကျောင်းကန်များတွင် အလှပန်းပင်အဖြစ် စိုက်ပျိုးလေ့ရှိသည်။ အပင်ရင့်သွားလျှင်  အပွင့်နဲ့တက်၍ များများပွင့်ရန် အပွင့်တုံးပြီး နောက်ပိုင်းအကိုင်းအခက်များကို ခုတ်ပေးရသည်။ မိုးဦးကျကာလ အညွှန့်အတက်အသစ်များထွက်လာပြီး အပွင့်များ အူခဲနေအောင် ပွင့်တတ်ပါသည်။ ပန်းအိ ပန်းပင်များမှာလည်း သပြေဘူတ၊ ပန်းစက္ကူပန်းများကဲ့သို့ ပင်လုံးကျွတ်အများကြီးပွင့်တတ်ပါသည်။ ပန်းအိပန်းရောင်စုံရှိပြီး ပန်းရောင်၊အဖြူရောင်၊အနီရောင်၊ခရမ်းရောင်၊မရမ်းရောင်စသည်ဖြင့် အရောင်မျိုးစုံရှိပြီး ရောင်းအားအသင့်တင့်ရှိသော ပန်းပင်များဖြစ်သည်။ပန်းက လေးတွေက သူတို့ရဲ့ အရောင်အဆင်းပေါ် မူတည်၍လည်း ဂုဏ်တင့်စေသည်။ ပန်းရောင်အိပန်းလေးတွေက နူးညံ့ သိမ်မွေ့ခြင်း၊နှစ်လိုဖွယ်ကောင်းခြင်း၊ ချစ်ဖို့ကောင်းခြင်းကို ဆောင်ကြဉ်းပါသည်။ ပန်းရောင်၏ သဘောသည် စိတ်ကိုနူးညံ့စေပြီး ဒေါသပြေလျော့စေသည်။ အဖြူရောင်ပန်းကလေးများသည် သန့်ရှင်းမှု၊ တည်ငြိမ်မှု၊ သဘောထားဖြူစင်မှုကိုကိုယ်စားပြုသည်။ပန်းအိပန်းကလေးများသည်ရောင်စုံချစ်ပန်းကလေးများဖြစ်သည့်အတွက်ကြောင့်လည်းစိုက်ပျိုးသင့်သောပန်းပင်ဖြစ်သည်။ပန်းအိပျိုးပင်တစ်ပင်လျှင်အရောင်နှင့်အပင်အရွယ်အစားပေါ်မူတည်၍ (၃၀၀၀/ ၅၀၀၀/ ၈၀၀၀) ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း ပန်းပျိုးပင်အရောင်းဆိုင်မှ သိရှိရသည်။

DOCA(မန္တလေး)

 

တနင်္သာရီတိုင်း၊မြိတ်မြို့ပေါ်ရှိ နာနတ်သီးဈေးနှုန်း

     တနင်္သာရီတိုင်းမှ ထွက်ရှိသောနာနတ်သီးများကို ကားလမ်းဖြင့် သယ်ယူလာ၍ မြိတ်မြို့ ပေါ်ရှိ ဈေးများတွင် ရောင်းချကြပါသည်။ နာနတ်သီးသည် မိုးရာသီတွင် အများအပြားထွက်ရှိပါသည်။ နာနတ်သီးစားသုံးခြင်းဖြင့် ခန္ဓာကိုယ်ခွန်အားကို တိုးမြှင့်ပေးပြီး ရေဓါတ်ဖြည်တင်းပေးခြင်း သွေးလည်ပတ်မှုကောင်းစေခြင်း၊ နာပိတ်ခြင်းကိုသက်သာစေခြင်း၊ ခန္ဓာကိုယ်ရောင်ရမ်းခြင်းမှကာကွယ်ပေး ခြင်း၊ ဗီတာမင်ဘီကြွယ်ဝစေခြင်း၊ အရိုးအကြောသန်မာခြင်းစသည့် အကျိုးကျေးဇူးများရရှိခြင်း ကြောင့် စားသုံးသူများ ကြိုက်နှစ်သက်သော အသီးဖြစ်ပါသည်။

     ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် ရောင်းချနေသော နာနတ်သီးအကြီး တစ်လုံးလျှင် (၆၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိရောင်းချနေသော ဇွန်စိမ်းပန်းဈေးနှုန်း

    မြိတ်မြို့၊ ဆိပ်ငယ်ဈေးကြီးအတွင်းတွင် ဘုရားပန်းမျိုးစုံဖြစ်သည့် သပြေပန်း၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ ဇွန်ပန်း၊ စံပယ်ပန်း၊ စကားဝါပန်း၊ စကားဖြူပန်း၊ ရွှေပန်း၊ ငွေပန်း၊ ပန်းတိမ်ငိုပန်း၊ နှင်းဆီ ပန်း၊ခိုင်ရွှေဝါပန်းနှင့် ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်းများ ရောင်းချလျက်ရှိရာ လူကြိုက်များသော ခိုင်ရွှေဝါပန်း၊ နှင်းဆီပန်းများနှင့် ဇော်စိမ်းပန်း(ခေါ်) ကျောက်စိမ်းပန်းများကို  မြိတ်မြို့ပေါ်နှင့် ဒေသ အနီးတစ်ဝိုက်ရှိကျေးရွာများမှ တစ်နိုင်တစ်ပိုင်စိုက်ပျိုး ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

     ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ဇော်စိမ်းပန်း(ခေါ်) ကျောက်စိမ်းပန်း (၅)ခက်ပါ(၁)စည်းလျှင် (၂၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ဘုရားပန်းမျိုးစုံ ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

ဒန်းပန်းပျိုးပင်ဈေးကွက်

            ဒန်းပန်းလေး၏ အဓိပ္ပာယ်က “ဘဝကိုအရှုံးမပေးနဲ့”ဟူ၍ဖြစ်သည်။ မိုးတွင်းရာသီသည် ဒန်းပန်းပွင့်ရာသီဖြစ်သည်။ ဒန်းပန်းပွင့်နေသောအပင်နား လမ်းလျှောက်မိလျှင်ဖြင့် အခြားပန်းများ နှင့်မတူတဲ့ ဒန်းပန်းရနံ့သည် လူတို့၏ စိတ်ကို ကြည်လင်လန်းဆန်းခွန်အားကို ဖြစ်စေပါသည်။ ဒန်းပန်းပွင့်လေးများသည် အဝါနုရောင် အဆုတ်လိုက် အခိုင်လိုက်ပွင့်ပြီး အသီးများသည်လည်း အဆုတ်လိုက် အခိုင်လိုက်သီးကြသည်။ ၎င်းအသီးများရင့်မှည့်လာပါက ဒန်ပန်းစေ့များမှ ဒန်းပန်းပင် မျိုးပွားလာပါသည်။မြန်မာနို်ငငံတွင် အများအားဖြင့် စနေနံပန်းမို့ဒန်းကိုင်းကို ဘုရားလှူရန် ရတြာခြေရန် အသုံးပြုကြသည်။  ဒါန်းရနံ့မွှေသင်းသင်းမွှေး ကြိုင်ပါသည်။ ငယ်ငယ်ကဆိုလျှင် ဒန်းပန်းခွက်ကလေးများကို စုဆောင်းပြီး လက်သည်းမှာအုံကာ လက်သည်းနီပြုလုပ်၍ ကစား ခဲ့ကြဖူးသည်။ ခြေစွယ်၊လက်စွယ်ငုတ်က ဒန်းရွက်ကြိတ်ပြီး စီးပေးက ပျောက်ကင်းနိုင် သည်ဟု ရှေးလူကြီများက ဆိုကြသည်။ ဒန်းပင်၏ ဒန်းပန်းလေးတွေက လေတိုက်တိုင်း မွှေးသည်။  ဒန်းပန်းပင်ကို ဘုရား၊ကျောင်းကန်နှင့် အိမ်ခြံစီးရိုးများတွင် စိုက်ပျိုးလေ့ရှိသည်။ မည်သို့ပင် ဆိုစေကာမူ ဒန်းပန်းပင်သည်ပန်းပွင့် သောအပင်တစ်မျိုးဖြစ်ပြီး ဒန်းပန်းရနံ့က လူတို့၏စိတ်ကို ခွန်အားဖြစ်စေနိုင်သည်။ ပန်းပျိုးပင်ဈေကွက်၌ ဒန်းပန်းပျိုးပင်ဝယ်ယူမှု အားနည်းကြောင်းနှင့် ဒန်းပန်းပျိုးပင် တစ်ပင်လျှင် (၁၀၀၀/၁၅၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

မြိတ်ခရိုင်အတွင်း ပွင်းလင်းရာသီအထိ မိုးဆက်တိုက်ရွာသွန်းနေသဖြင့် ကွမ်းသီးခြောက်လုပ်ချိန် နောက်ကျနေ

     ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ မိုးရာသီကုန်ဆုံးပြီး ပွင့်လင်းရာသီ စတင်ရောက်ရှိလာပြီးဖြစ်သော် လည်း မုန်တိုင်းအရှိန်ကြောင့် မိုးအဆက်မပြတ်ရွာသွန်းနေသဖြင့် ကွမ်းသီးခြောက်လုပ်သူများ လုပ်ငန်းခွင်ဝင်ရန်နောက်ကျနေကြောင်း၊ သီတင်းကျွတ်လတွင် ကွမ်းသီးအမှည့်ဆွတ်ခူးပြီး အခြောက် လုပ်၍ နေလှန်းကြလေ့ရှိသော်လည်း လက်ရှိတွင် မိုးရွာသွန်းနေသဖြင့် ကွမ်းသီးမှည့်မခူးရသေး ကြောင်း “ကွမ်းသီးအမှည့်တွေက ကြိုခူးထားရင် မိုးကလည်းနိုဝင်ဘာလအထိ ရွာချင်ရွာနေမှာ အဲဒီ အခါ ကွမ်းသီးအမှည့်တွေက အပင်ပေါက်ကုန်မှာ” အခုတောင်မှ အပင်အောက်ကြွေကျတဲ့ အသီးတွေ ဆို ကွမ်းပင်ပေါက်ဖြစ်နေပြီလို့ ကျွန်းစုနှင့် ဘုတ်ပြင်းမြို့နယ်များရှိ ကွမ်းသီးစိုက်တောင်သူများထံမှ သိရှိရပါသည်။

     ကွမ်းသီးအမှည့်ကို ခူးဆွတ်ပြီးအခြောက်လုပ်ရန်အတွက်နေလှမ်းပါက ရက်(၃၀)မှ (၄၅)ရက် အထိ ကြာမြင့်ကြောင်း ကွမ်းသီးနုခူးပြီးနောက် ကွမ်းပင်တွင်ကျန်ခဲ့သည့် လက်ကျန်ကွမ်းသီးအမှည့် များကို မခူးရသေးဘဲ နေပူမည့်ရက်ကိုစောင့်နေသဖြင့် ကွမ်းသီးခြောက်ထွက်ရှိမှုနောက်ကျကြောင်း ကျွန်းစုနှင့် ဘုတ်ပြင်းမြို့နယ်များမှ ထွက်ရှိသော ကွမ်းသီးခြောက်များကို မြိတ်မြို့ရှိ ကွမ်းသီးခြောက် အဝယ်ဒိုင်များသို့ ပေးပို့ရောင်းချပြီး မြိတ်မြို့မှ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးသို့ တင်ပို့ရောင်းချ ကြောင်းနှင့် လက်ရှိ ကွမ်းသီးခြောက် (၁)ပိဿာလျှင် (၁၇၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ပျဉ်းမပန်းပျိုးပင်ဈေးကွက်

            ပျဉ်းမပန်းပင်စိုထိုင်းသော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ ပျဉ်းမပန်းသည် နွေရာသီမှာ ပွင့်သောပန်းဖြစ်ပေမယ့် မန္တလေးဒေသတွင် မိုးရာသီအချိန်မှာလည်း ပွင့်လန်းနေကြပါသည်။ ပျဉ်းမပန်းကို ကြားသာကြားဖူးနေသည် လမ်းဘေးဝဲယာတွင် ပွင့်လန်းနေသော ပန်းခရမ်း ရောင်လေးများက ပျဉ်းမပန်းပွင့်မှန်း သတိမမူမိခဲ့ပေ။ ဆိုလိုသည်မှာ ဟိုတုန်းက ပျဉ်းမပင်ကို ရှားရှားပါးပါး မြင်ဖူးကြပေမယ့် ယခုအခါ စိုက်ပျိုးသူများပြားလာမှုကြောင့် နေရာတိုင်းလိုလိုမှာ မြင်တွေ့နိုင်နေပြီ ဖြစ်ပါသည်။ ပျဉ်းမပင်၏ အမြစ်သည် သိပ်သည်းကျယ်ပြန့်သောကြောင့် ရေတိုက်စားမှုကို ထိန်းချုပ်နိုင်သည်။ တောတောင်များပြန်လည်စိမ်းလန်းစိုပြေရန်နှင့် မြစ်ကမ်းများ ရေတိုက်စားမှုမှ ကာကွယ်ရန် ပျဉ်းမပင်ကို စိုက်ပျိုးသင့်ပါသည်။ ပျဉ်းမပင်သည် အရိပ်ရပင် ပန်းအလှပင်လည်း ဖြစ်သည်။ ပျဉ်းမပန်းပွင့်သည် ပန်းရောင်၊ ခရမ်းရောင် အဆုပ်လိုက် အခိုင်လိုက် ပွင့်တတ်ပြီး ပန်းညှိုးခါနီးတွင် အဖြူရောင်ပြောင်းသွားလေ့ရှိသည်။ ပျဉ်းမပန်းသည် ကမ္ဘာ့အလှဆုံး အထူးခြားဆုံးပန်းများတွင် ပါဝင်သည်။ အပင်သက်တမ်း(၃)နှစ်တွင် ပန်းစပွင့်တတ်ပါသည်။ ပျဉ်းမပန်းကို နိုင်ငံအလိုက် အခေါ်အဝေါ် မျိုးစုံမတူညီကြဘဲ “Queens Flower” ဟု၍လည်း တင်စားခေါ်ဝေါ်ကြသည်။ ပျဉ်းမပင်ကို ထေရဝါဒ ဗုဒ္ဓအယူအဆအရ မြင့်မြတ်သော သစ်ပင်ဟု ဆိုကြသည်။ ပျဉ်းမရွက်ကို အခြောက်ခံ၍ ရေနွေးကြမ်းလုပ်သောက်ခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ အဆိပ်တောက်ကို ဖယ်ရှားနိုင်ပြီး အသည်းကျန်းမာနိုင်သည်ဟု လေ့လာသိရှိရသည်။ ဆေးဖက်လည်းဝင် အရိပ်လည်းရပန်းလည်းလှသည့် ပျဉ်းမပင် တစ်ပင်လျှင် (၈၀၀၀/၁၀၀၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း ပန်းပျိုးပင်အရောင်းဆိုင်မှ သိရှိရသည်။

DOCA(မန္တလေး)

 

 

ဒေသထွက်အုန်းပင်မှ အုန်းသီးစျေးနှုန်းစျေးကွက်

    မြိတ်ခရိုင်တွင် နွေရာသီဒေသစားကုန်အဖြစ်အုန်းပင်များတစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပြီး စီးပွား ဖြစ် လုပ်ကိုင်လျက်ရှိကြပါသည်။ အုန်းပင်ကို ကျေးရွာများတွင်အဓိကထားစိုက်ပျိုးကြပြီး မြို့များရှိ ခြံ များ၌ လည်း စိုက်ပျိုးကြလေ့ရှိပါသည်။ အုန်းပင်ကို အမျိုးမျိုးအသုံးပြုကြလေ့ရှိသည်။ အရွက်အရိုးကို ပန်းဂုံးပြုလုပ်ပြီး၊ အရွက်ကို နေကာအဖြစ်အသုံးပြုကြလေ့ရှိသည်။ အုန်းပင်မှ ထွက်ရှိသော အုန်းသီး သည် မုန့်အမျိုးမျိုးပြုလုပ်ရာတွင်မပါမဖြစ်သော အရာဖြစ်ပြီး အုန်းသီးနုများကို ကျန်းမာရေး အရ သောက်သုံးကြလေ့ရှိသည်။ မြိတ်မြို့တွင် ဒေသထွက်အုန်းပင်များ စျေးကောင်းရရှိလျက်ရှိပြီး နွေရာသီရောက်လျှင် အုန်းသီးများရှားပါးလျက်ရှိသည်။ အုန်းသီးကို အုန်းသီးနု၊ အုန်းသီးခြောက်အဖြစ် ခွဲ၍ ရောင်းချကြပြီး အရွယ်အစား အရေအတွက်ပေါ်မူတည်၍ စျေးကောင်းရလျက်ရှိသည်။  မြိတ် ဒေသတွင် အုန်းသီးခြောက်လက်ကားစျေးလျှင် ၁၈၀၀ကျပ်ရှိပြီး အုန်းသီးနု‌လက်ကားစျေးနှုန်းမှာ ၁၅၀၀ကျပ်ခန့်စျေးရရှိကြောင်း သိရှိရပါသည်။ အုန်းသီးလက်လီအရောင်းဆိုင်များနှင့် စျေးများတွင် ရောင်းချသောစျေးနှုန်းအရ အုန်းသီးခြောက်တစ်လုံးစျေးနှုန်းမှာ ၅၀၀၀ကျပ် ခန့်ရှိပြီး အုန်းသီးနု တစ်လုံးစျေးနှုန်းမှာ ၃၀၀၀ ကျပ်ခန့်စျေးရရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

မြိတ်ခရိုင်တွင် ဒေသဝင်ငွေရရှိလျက်ရှိသည့် တံမြက်စည်း

      တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တွင် ကွမ်းသီး၊ ရာဘာ၊ သီဟိုဠ်၊ ဝါး၊ သစ်ပင်များစိုက်ပျိုးလျက်ရှိပြီး ဘဘာဝအလျောက်ပေါက်ရောက်ပြီး ဒေသန္တရပေါက်ရောက်လျက်ရှိသော တန်ဖိုးရှိအပင်များလည်းရှိ သည်။ သဘာဝအလျောက်ပေါက်ရောက်လျက်ရှိသော အပင်များတွင် တံမြက်စည်းပင်တို့လည်း ပေါက်ရောက်လျက်ရှိပါသည်။ တံမြက်စည်းပင်ကို  တံမြက်စည်းအဖြစ်ထုတ်လုပ်ရောင်းချလျက်ရှိကြ ပြီး မြိတ်မြို့တွင် တံမြက်စည်းချော၊ တံမြက်စည်းအကြမ်းဟူ၍ အမျိုးမျိုးပြုလုပ် ရောင်းချကြသည်။ တံမြက်စည်းချောသည် တံမြက်စည်း ပင်ကိုအသုံးပြု၍ ယပ်တောင် ပုံသဏ္ဍန်ပြု လုပ်ထားပြီး တံမြက် စည်းကြမ်းသည် အုန်းခက်များအား အသုံးပြုကြသည်။ အိမ်တိုင်းအိမ်တိုင်းတွင် အမှိုက်လှည်းရန် အသုံးပြုကြခြင်းကြောင့် တံမြက်စည်းစျေးကွက်ကောင်းလျက်ရှိပြီး ဒေသဝင်ငွေရရှိလျက်ရှိသည်။ ဒေသတွင်းသုံးစွဲကြသလို အခြားမြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိသည်။ မြိတ်မြို့တွင် တံမြက် စည်းအချောတစ်စည်းလျှင် ၃၅၀၀ ကျပ်ခန့်ရှိပြီး တံမြက်စည်းအကြမ်းတစ် ချောင်းလျှင် အမျိုးအစား ပေါ်မူတည်၍ ၃၀၀၀ကျပ်မှ ၅၀၀၀ ကျပ် အထိစျေးရရှိလျက်ရှိပါသည်။

DOCA(တနင်္သာရီ)

 

 

ဂန္ဓာမာပန်း ဈေးကွက်

            ဂန္ဓာမာပန်းသည် တစ်နှစ်ပတ်လုံး ထွက်ပေါ်သည့်ပန်းပျိုးဖြစ်သည်။ ပန်းအများဆုံး ထွက်ပေါ်ချိန် တွင် ဈေးကျတတ်ပြီး အခြားသော သစ္စာပန်း ၊ပန်းတိမ်ငိုပန်းများ ထွက်ပေါ်ချိန်ဖြစ်၍ ဂန္ဓာမာပန်း ဈေးကွက် အေးနေကြောင်း သိရှိရသည်။ ဂန္ဓာမာပန်းပွင့်ကြီးမျိုး၊ ပွင့်သေးမျိုး၊ အဝါရောင်၊ ခရမ်းရောင်၊ နီညိုရောင် စသည်ဖြင့် အရောင်မျိုးစုံရှိသည်။ ဂန္ဓာမာပန်းအဖြူရောင်၏ အဓိပ္ပာယ်သည် “ငြိမ်းချမ်းပါစေ” ဟူ၍ ဖြစ်သည်။ ဂန္ဓာမာပန်း အဝါရောင်သည် “သတိရနေမယ်” ဟု သင်္ကေတ အမှတ်အသားဖြစ်သည်။ ဂန္ဓာမာပန်း အဖြူရောင်နှင့် အဝါရောင် ကို လူကြိုက်များပြီး ရောင်းအားကောင်းကြောင်း သိရှိရသည်။ ဂျပန်တွင် ကျင်းပသော ဂန္ဓာမာပန်းပွဲတော်သည် ပျော်ရွှင်ခြင်းတို့၏ ပွဲတော် “Festival of Happines” ဟု အမည်တွင်ပါသည်။ ဂန္ဓာမာပန်း ရနံ့မကြွယ်သော အလှပန်းဖြစ်သည်။ ဂန္ဓာမာပန်းတွင် ပါဝင်သော “Pyrethum” ဆိုသည် ပိုးသတ်ဆေး ဒြပ်ပေါင်းသည်ခြင်းမတွေ၏ အာရုံကြောကို အကျိုးသက်ပြီး ခြင်ကိုက်ခြင်းကို တားဆီးပေးနိုင်ပါသည်။ခြင်မတွေ့ကသာ လူ့သွေးကို စုတ်ယူကြသည့် အတွက်ကြောင့် ဂန္ဓာမာ ခြင်နိုင်ဆေးအဖြစ် ထုတ်လုပ်ရောင်းချကြောင်း လေ့လာသိရှိရသည်။ပန်းတို့၏ အဓိပ္ပာယ်ပန်းတို့၏ သဘာဝအလှပေါ်မူတည်၍ ဝယ်ယူမှုရှိကြောင်း သိရှိရသည်။မန္တလေးဈေးကွက်အတွင်းသို့ ပြင်ဦးလွင်ဒေသထွက် ဂန္ဓာမာပန်းများ ဝင်ရောက်လျှက်ရှိပြီး ဂန္ဓာမာပန်းပွင့်သေးမျိုး လက်ဆုပ် တစ်ဆုပ် တစ်စည်း လျှင် (၁၅၀၀/၂၀၀၀)ကျပ် ဂန္ဓာမာပန်း ပွင့်ကြီး မျိုး(၁၀)ခိုင်ပါ တစ်စည်းလျှင် (၂၀၀၀/၃၀၀၀) ကျပ် ဖြင့်ရောင်းချလျှက်ရှိကြောင်း ပန်းမျိုးစုံ အရောင်းဆိုင်မှ သိရှိရသည်။

DOCA(မန္တလေး)

 

 

 

ပုဏ္ဏရိပ်ပန်းပျိုးပင်ဈေးကွက်

        ပုဏ္ဏရိပ်ပန်းကလေးများသည်လည်း ရနံ့မကြွယ်သောအလှပန်းပင်ကလေးများဖြစ်ပါသည်။ အပင် အရွယ်အစားမှာလည်း မကြီးလွန်း မမြင့်လွန်းသော ခြုံနွယ်ပင်အမျိုးအစားဖြစ်ပြီး တစ်ပင် လုံးပန်းများ ဝေဆာနေအောင် ပင်လုံးကျွတ်ပွင့်တတ်ပြီး ကြာရှည်ခံသော မညှိုးသော အမျိုးအစားဖြစ်သည်။ ပုဏ္ဏရိပ်ပန်းပင်များကို စာသင်ကျောင်း၊ဘုရားကျောင်းကန်၊ အလှပန်းခြံနှင့် အိမ်ခြံစည်းရိုးများတွင် စိုက်ပျိုးလေ့ရှိကြသည်။ ပုဏ္ဏရိပ်ပန်းသည် အနီရောင်၊ အဝါရောင်၊ အဖြူရောင်၊ပန်းရောင်၊ အုတ်ခဲရောင် စသည်ဖြင့် အရောင်မျိုးစုံ ပွင့်လန်းသော ပန်းမျိုးဖြစ်သည်။ ပန်းစိုက်သူ ပန်းချစ်သူများအတွက် ရနံ့ဖြင့် မဆွဲဆောင်နိုင်ပေမယ့် အမြဲတမ်း ပန်းပွင့်ပေးတတ်၍ စိုက်ပျိုးသူတို့ကို စိတ်မပျက်စေပါ။ ပုဏ္ဏရိပ်ပင်သည် ပန်းပွင့်သော အပင်မျိုးစုဖြစ်၍ အပူပိုင်းဒေသ အမြဲစိမ်း ခြုံနွယ်သစ်ပင်မျိုးဖြစ်သည်။ တစ်နှစ်ပတ်လုံး ပန်းပွင့်တတ်ပြီး ဟိန္ဒူဘာသာရေး အခမ်းအနားများတွင် အသုံးပြုလေ့ရှိသည်။ ပုဏ္ဏရိပ်ပန်း၏ အဓိပ္ပာယ်သည် “သခင်” ဟူ၍ ဖြစ်ပြီး နတ်ဘုရား Siva ကို ရည်ညွှန်းသည် ဟုလေ့လာသိရှိရသည်။ မည်သို့ပင်ဆိုစေကာမူ နေဒဏ် မိုးဒဏ်ခံနိုင်ရည်ရှိပြီး တစ်နှစ်ပတ်လုံး ပန်းပွင့်တဲ့ အပင်မျိုးဖြစ်သည့်အတွက်ကြောင့် စိုက်ပျိုး သင့်သော အပင်မျိုးဖြစ်သည်။ ကိုယ်စိုက်ပျိုးထားသော ပန်းကလေးများ ပွင့်ဖူးနေတာကို မြင်ရလျှင် စိုက်ပျိုးသူ မြင်ရသူအားလုံး၏ စိတ်ကို တဒင်္ဂတော့ ငြိမ်းအေးမှုပေးနိုင်မည် ထင်ပါသည်။ ပုဏ္ဏရိပ်ပန်းပျိုးပင်တစ်ပင်လျှင် (၂၀၀၀/၃၀၀၀/၅၀၀၀)ကျပ် ဖြင့် ရောင်းချလျှက်ရှိပြီး မိမိတို့ လိုအပ်နေသော သစ်ပင်စားပင်ပန်းပင်များကို  Delivery စနစ်ဖြင့် အိမ်တိုင်ရာရောက် ပို့ဆောင် ပေးသော စနစ်ဖြင့် ရောင်းချလျှက်ရှိကြောင်း ပန်းပျိုးပင်ဆိုင်မှ သိရှိရသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း