သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မအူပင်ခရိုင်ဦးစီးမှူးရုံး ဝန်ထမ်းများဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့ ရင်းရင်းနှီးနှီး တွေ့ဆုံခြင်း

      ၁-၉-၂၀၂၅ ရက်နေ့ နံနက် (၀၉:၃၀) အချိန်တွင်  စားသုံးသူရေးရာဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်နှင့် အဖွဲ့သည် တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထွန်း လိုက်၍ မအူပင်ခရိုင်ဦးစီးမှူးရုံး မှ အရာထမ်း၊ အမှုထမ်းများနှင့် ရင်းနှီးဖော်ရွေစွာ တွေ့ဆုံခဲ့ကြပြီး ၊ ဝန်ထမ်းတစ်ဦးခြင်း မိတ်ဆက်စကားပြောကြားခဲ့ကြသည်။

          ညွှန်ကြားရေးမှူးချုပ်မှ ခရိုင်ဝန်ထမ်းများအား ဝန်ထမ်းစွမ်းဆောင်ရည်ကောင်းမွန်အောင်ကြိုးစား ဆောင်ရွက်ကြရန်၊ ဌာနက သတ်မှတ်ထားသော ပြိုင်ပွဲမျာကို ရဲဝင့်စွာ ယှဉ်ပြိုင်ကြရန်၊ ကွန်ပျူတာကျွမ်းကျင်ပိုင်နိုင်စွာ ရိုက်တက်ရန်၊ ဝန်ထမ်းကျင့်ဝတ် အပါး ၃၀ကို လိုက်နာကျင့်သုံးနုင်ရန်ကို မှာကြားပြီး ဝန်ထမ်းများ ကျန်းမာရေးအထူးဂရုစိုက်၍ နေထိုင်ကြပါရန်၊ ခရိုင်ရုံးဝန်ထမ်းများက ဂါရဝရှေ့ထား၍ ညွှန်ကြားရေးမှူးချုပ်အား ကန်တော့ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်မှ ခရိုင်ဝန်ထမ်းများကို မုန့်ဖိုးပေးဝေခဲ့ပြီး ရင်းနှီးစွာ အမှတ်တရ ဓါတ်ပုံမှတ်တမ်းတင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ လက်ကား/လက်လီလုပ်ငန်းများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားပြုလုပ်

       စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်နှင့် အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးဝင်ထွန်းနှင့်အတူ ၁-၉-၂၀၂၅ ရက်နေ့ နံနက် ၈နာရီအချိန်က မအူပင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် မအူပင်စားအုန်းဆီ ကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း လက်ကားလုပ်ငန်းရှင် (၈)ဦး /လက်လီကိုယ်စားလှယ် လုပ်ငန်းရှင် (၁၇၆) ဦးနှင့် ဝန်ထမ်းများနှင့် အခြားသော ဌာနဆိုင်ရာများ (၂၀)ဦးနှင့် စားအုန်းဆီဖြန့်ဖြူရောင်းချမှု အခြေအနေများကို တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ကြသည်။

          ဆွေးနွေးပွဲကို အခမ်းအနားအစီးအစဉ် ၅ရပ်ဖြင့်ကျင်းပပြီး ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်မှ အဖွင့်အမှာစကားပြောကြားရာ စီးကွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စာအုန်းဆီဖြန့်ဖြူး ရောင်းချရေးလုပ်ငန်းများကို ဥပဒေများနှင့်အညီ ထိန်ကြောင်းဆောင်ရွက်နေပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်ဆောင်ရွက်ချက်များကို အချိန်နှင့် တပြေးညီးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုုလို လုပ်ငန်းရှင်များနှင့် လာရောက်တွေ့ဆုံရခြင်းမှာ အသင်းအဖွဲ့များ ဖွဲ့စီးနိုင်ရေး ဥပဒေ စည်မျဉ်းစည်းကမ်းများ အတိုင်း လုပ်ငန်းရှင်များက  လိုက်နာဆောင်ရွက်နိုင်ရေးအတွက် သမာသမတ်ကျသော လုပ်ငန်းရှင်တစ်ဦး ဖြစ်ပေါ်စေရန် လိုအပ်ကြောင်း၊ ကျွန်တော်တို့ စားသုံးသူရေးရာဦးစီးဌာနသည် ကုန်စည်နှင့် ဝန်ဆောင်မှုများကို စားသုံးသူနှင့် လုပ်ငန်းရှင်အခြား မျှတစွာ ဆောင်ရွက်ပေးနေသော ဌာနတစ်ခုဖြစ်ကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကိုအပြည့်အဝကာကွယ်‌ပေး နေသော ဌာန တစ်ခုဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး ၈ချက်ကို လုပ်ငန်းများသိရှိနိုင်ရန် ရှင်းလင်းခြင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်တွင် ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ တို့ ဖွဲ့စည်းထားရှိကြောင်း ကျွန်တော်တို့ စားသုံးသူရေးရာဦးစီးဌာနမှ နိုင်ငံတော်မှ ထုတ်ပေးသော ဆီများကို သတ်မှတ်ထားသည့် ပြည်သူများထံ လက်ဝယ် မှန်ကန်စွာရောက်ရှိရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အချိုသော လုပ်ငန်းရှင်များက သတ်မှတ်ချက်နှင့်အညီ ထုတ်ပေးသော စားအုန်းဆီများကို သတ်မှတ်နေရာများသို့ မရောက်ရှိကြောင်းကို ဝန်ကြီးထံသို့ သတင်းရရှိသဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးမှ ဝန်ကြီး၏ လမ်းညွှန်ချက်အရ ယခုလိုမြေပြင်အထိ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးရခြင်း ဖြစ်ပါကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးကျင့်ဝတ်နှင့် လိုက်နာဆောင်ရွက်ကြရန် မှာကြားလိုကြောင်း လိုက်နာဆောင်ရွက်မှု မရှိကြောင်း စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူခံမည်ဖြစ်ကြောင်း၊ ပြည်သူများက မိမိတို့ လစဉ် ရရှိမည့် ဆီများ အပြည့်အဝမရရှိပါက စားသုံးသူအခွင့်အရေးထိခိုက်နစ်နာမှု ရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ ဖွင့်လှစ်ထားသော Consumer Call Center 1535 ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် တက်ရောက်လာသော လုပ်ငန်းရှင်များက တင်ပြစရာရှိပါက  ဆွေးနွေးတင်ပြနိုင်ကြောင်းကို ပြောကြားခဲ့သည်။

     ဆက်လက်၍ တိုင်ဒေသကြီးဦးစီးမှူး ဦးဝင်ထွန်းမှ မှာကြားဆွေးနွေးရာ ယခုဆွေးနွေးပွဲသို့ တက်ရောက်လာသော ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မအူပင်ခရီုင် ဥက္ကဌနှင့် ခရိုင်အဆင့် တာဝန်ရှိသူများ၊ တက်ရောက်လာသူ လုပ်ငန်းရှင်များ အားလုံးကို မင်္ဂလာအပေါင်းနှင့် ပြည်စုံပါစေကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ကုမ္ပဏီ ၁၄၃ ခုမှ လစဉ် ဆီတန်ချိန် ၆၆၀၀ နီးပါး၊ ဖြန့်ဝေရောင်းချပေးလျက်ရျိပြီး၊ မအူပင်ခရိုင်အနေဖြင့် ကုမ္ပဏီ ၃ခုမှ လစဉ် ဆီတန်ချိန် ၅၈၇ တန်နှင့် လုပ်ငန်းသုံးဆီ ၁၃၀၊ ၁၄၀ ဆန် ရာခိုင်နှုန်း’ ၃၀ရာခိုင်နှုန်းလောက် ရရှိကြောင်း၊ ပြည်သူများကို ဖြန့်ဝေချပေးမှု ဆီများ သတ်မှတ်နေရာများသို့ အမှန်တကယ်ရောက်ရှိမှု မရှိခြင်းများ အားနည်းနေကြောင်း သတင်းရရှိ၍ ယခုလို လာရောက်တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ စားအုန်းဆီခွဲဝေရောင်းချမှု မှန်ကန်စေရေးကို တိုင်းဓေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ပြန်လည်ဖွဲ့စည်းနိုင်ရေး၊ ARCCI အသင်းပြန်လည်ဖွဲ့စည်းနိုင်ရေး ဆီလုပ်ငန်းရှင်များက ပုူပေါင်းပါဝင်ဆောင်ရွက်ရန်၊ အသစ်ပနြ်လည်ဖွဲစည်းခြင်းလုပ်ငန်းများကို စက်တင်ဘာလအတွင်း ဆောင်ရွက်သွားမည်ဖြစ်၍ ညွှန်ကြားချက်များ ပေးပို့သွားမည်ဖြစ်ပါကြောင်း၊ စာအုန်းဆီရောင်းချမှု အနေဖြင့် အိမ်ထောင်စုများ ရာနှုန်းပြည့် ရရှိနိုင်စေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းသုံးဆီများ ၇၀ ရာခိုင်းနှုန်းသာရရှိနေပြီး သတ်မှတ်နေရာများ တွင် သတ်မှတ်ပမာဏများအတိုင်း အပြည့်အဝရရှိစေရန် ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နိဂုံးချုပ်အနေဖြင့်  လုပ်ငန်းသုံးဆီများ မြေပြင်ကွင်းဆင်းပြီး လိုအပ်သော ပမာဏကို အမှန်တကယ်ရရှိရေး ဆောင်ရွက်ဖို့ရ်၊ ဆီဖြန့်ခွဲမှု မှန် ၆မှန်ဖြင့် စတစ်တကျလုပ်ဆောင်ရန်၊ စားအုန်းဆီအရောင်းဆိုင်များမှ သတ်မှတ်ချက်များနှင့်အညီ ရောင်းချမှုရှိမရှိကို ကွင်းဆင်းစ်စဆေးခြင်း၊ သတ်မှတ်စည်းကမ်းချက်များနှင့် ရောင်းချမှု မညီပါက  ဥပဒေအရ ထိရောက်စွာ အရေးယးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တင်ပြဆွေးနွေးသွားပြီး တက်ရောက်လာသူများ လိုအပ်ချက်များကို ဆွေးနွေးကြပြီး ဆွေးနွေးပွဲကို ၉နာရီတွင် ရှုပ်သိမ်းခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မြစ်ကြီးနားမြို့၊အမှတ်(၁) ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ ဧရာရပ်ကွက်တွင် စားသုံးသူကာကွယ်ရေးလုပ်ငန်း အသိပညာ‌ပေး‌ဟောပြောခြင်း

 

     စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး ၊စိတ်ကျေနပ်မှုရရှိစေရေးအတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်လျက် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး) သည် ၈.၉.၂၀၂၅ ရက်နေ့ ၁၃း၃၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊       အမှတ်(၁) ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ ဧရာရပ်ကွက်ရှိ ဆရာမ များနှင့် ကျောင်းသူ (၁၃၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ဟောပြောရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး) က၂၀၁၉ခုနှစ်၊ စားသုံးသူကာကွယ်ရေး စတင်ပေါ်ပေါက်လာပုံ၊စားသုံးသူကာကွယ်ရေးပဒေပါ စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏ ဓိပ္ပါယ်ဖွင့်ဆိုချက် စားသုံးသူအခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ချက် ၊ ကုန်စည် / ဝန်ဆောင်မှု နှင့် စပ်လျဉ်း၍ အာမခံချက် ပေးခြင်းအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ အချိုရည် သောက်သုံးမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များအကြောင်း၊ အစားအသောက်တွင် သုံးစွဲခွင့်မရှိ သောဆိုးဆေးများအကြောင်း၊ ကုန်စည်များကို ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန် မှုရှိသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရန်၊ စားသုံးသူ နစ်နာဆုံးရှုံးမှုများအတွက်လည်း တိုင်ကြားရန် CICC ရုံးခန်းများကို ဖွင့်လှစ်ထားရှိမှု၊ ဖြေရှင်းပေးနေမှုအခြေအနေများ  Call Center  1535 သို့ တိုက်ရိုက် ခေါ်ဆို မေးမြန်းတိုင်ကြားနိုင်ပါကြောင်း အသိပညာပေး ဟောပြောခဲ့ပါ သည်။

DOCA(ကချင်)

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး)သည် ၉.၉.၂၀၂၅ ရက်နေ့၊ ၀၉:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်ရှိ ရွှေ(ဆေးဆိုင်)သို့ သွားရောက်၍ စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ စေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဆေးဝါးနှင့်ဖြည့်စွက်စာအမျိုးမျိုးတွင်ပါဝင်သည့် “ဒို့ရွှေမြန်မာ” အမှတ်တံဆိပ်ပါ သလိပ်ပျော်ချောင်းဆိုးပျောက်ငုံဆေးပြားတွင် ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်တို့ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ဆေးဆိုင်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာလက်ကမ်းစာစောင်များ ဖြန့်ဝေ ခဲ့ပါသည်။

DOCA(ကချင်)

တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာ City Mart နှင့် ရန်ကန်းစင်တာ သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         (၅. ၉. ၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်(စစ်ဆေးရေးအရာရှိ)နှင့် ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာ City Mart နှင့် ရန်ကန်းစင်တာတို့သို့ သွားရောက်ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

       ယိုးဒယားနိုင်ငံမှတင်သွင်းသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများနှင့်ပတ်သက်၍ ဈေးနှုန်းမြှင့်တက်မှုရှိ/မရှိ၊ ကုန်ပစ္စည်းကန့်သတ်ရောင်းချခြင်းရှိ/ မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများပြည့် စုံစွာဖော်ပြထားခြင်းရှိ/ မရှိကုန်ပစ္စည်းများ ကန့်သတ်ရောင်းချမှုအခြေအနေနှင့် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ စစ်ဆေးခဲ့ပြီး ယခင်အပတ်၊ ယခုအပတ်တွင် ရောင်းချနေသောဈေးနှုန်းများကောက်ခံ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်း (ရုံးအုပ်)သည် ၈.၉.၂၀၂၅ ရက်နေ့၊ ၁၄:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်ရှိ လက်လီဖြန့်ဖြူး ရောင်းချသော အောင်မိသားစု(ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်း မှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်ပတ်သက်၍ ကိုက်ညီမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုးတွင် ပါဝင်သည့် Vito အမှတ်တံဆိပ်ပါ ချောကလက်ပဲနို့တွင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်းမရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

မြင်းခြံမြို့ စံပြဈေးတွင် ပြည်သူသက်သာဈေးရောင်းချပေးမှုအား ပူးပေါင်းပါဝင်ဆောင်ရွက်

   မြင်းခြံမြို့နယ် ပြည်သူများသက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ဝယ်ယူ သုံးစွဲနိုင်ရေးအတွက် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်သူသက်သာဈေး ရောင်းနေ့အား (၅-၉-၂၀၂၅) ရက်နေ့၊ နံနက် (၈:၀၀) နာရီအချိန်တွင် မြင်းခြံမြို့ စံပြဈေးတွင် ရောင်းချခဲ့ကြောင်းသိရသည်။ ထိုအရောင်းဆိုင်ဖွင့်လှစ်ရောင်းချခြင်းအား မြို့နယ်စည်ပင် သာယာရေး အဖွဲ့မှဦးဆောင် ဆောင်ရွက်လျက်ရှိပြီး စားသုံးသူရေးရာဦးစီးဌာန ၊ ဆန်အသင်းအဖွဲ့၊ ဆီအသင်းအဖွဲ့နှင့် ဈေးကော်မတီဝင်များပူပေါင်း၍ ဆန်တစ်ပြီ ၃၆၀၀/ကျပ် ၊ စားအုန်းဆီ တစ်ပိဿာ ၇၆၈၀/-ကျပ် ၊ ကြက်ဥတစ်လုံး ၄၀၀/- ကျပ် ၊ အမဲသားတစ်ပိဿာ ၂၅၀၀၀/-ကျပ် ၊ ဝက်သား တစ်ပိဿာ ၂၆၀၀၀/-ကျပ်၊ ဆိတ်သားတစ်ပိဿာ ၂၈၀၀၀/-ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာ (၃၀၀၀) ကျပ်၊ ရောင်းချပေးခဲ့ပြီး လွတ်လပ်စွာ လာရောက်ဝယ်ယူနိုင်သည့်အတွက် ရပ်ကွက်စုံမှလာရောက်ဝယ်ယူကြကြောင်း ဦးဆောင် ဆောင်ရွက် သူထံမှသိရပြီး ယင်းရောင်းချမှုအစီအစဉ်အား စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီး မှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)နှင့်ဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ ကြောင်းနှင့် မြင်းခြံမြို့ရှိ မြို့မဈေး၊ စံပြဈေးနှင့် အေးမြသီတာဈေးတို့တွင် အလှည့်ကျပုံမှန်ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)

လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း

    (၈.၉.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံး၌ တိုင်းဦးစီးမှူးဦးဆောင်၍ စားသုံးသူကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေးနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင် ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၉/၂၀၂၅)ကို အရာထမ်း၊ အမှုထမ်းစုစုပေါင်း(၉)ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA (ပြည်ထောင်စုနယ်မြေ)

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းများမှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးတင်စိုးနိုင် စစ်ဆေးရေးအရာရှိနှင့်အဖွဲ့ သည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်း၊ မြေပြင် လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှုရှိ/မရှိ လုပ်ငန်းလိပ်စာမှန်ကုန်မှုရှိ/မရှိကို (၈-၉-၂၀၂၅) ရက်နေ့နေ့လည်(၁း၀၀)နာရီအချိန်တွင် အလှကုန်ပစ္စည်းများအား အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် အမှတ် (၂၇၉- A)၊ (၂၂) လမ်း၊ အောင်သာယာရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိခရိုင်၊ နေပြည်တော်သို့ သွားရောက်၍ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များ မေးမြန်း ခြင်း၊ မြေပြင်စစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် စားသုံးသူကာ ကွယ်ရေးဥပဒေပါအခန်း(၁၇)ရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍ အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ပြည်ထောင်စုနယ်မြေ)

ကျောက်ပန်းတောင်းမြို့ရှိ သားစိုး ဆေးဝါးနှင့်ဆေးအပိုပစ္စည်းအရောင်းဆိုင်သို့ ကွင်းဆင်း

   မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးနှင့်  သက်ဆိုင်ရာဌာနများမှ ထောက်ခံချက်မပါ သောဆေးဝါးများနှင့် ဖော်ပြပါဝင်ရမည့်သတ်မှတ်ချက်များနှင့်ကိုက်ညီမှုမရှိသော ဆေးဝါးများ ရောင်းချမှုမရှိစေရေး ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့ရှိ “သားစိုး” ဆေးနှင့်ဆေးအပို ပစ္စည်း အရောင်း ဆိုင်သို့(၂.၉.၂၀၂၅) ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဒေါ်ထားအိဝင်း(ဒု-ဦးစီးမှူး)ဦး ဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ တာဝန်ရှိ သူများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ကွင်းဆင်းဆောင်ရွက်မှုတွင် သက်ဆိုင်ရာကျန်းမာရေးဌာန၏ ညွှန်ကြားချက်များနှင့် အညီ ရောင်းချ မှုရှိ/မရှိ၊ တရားမဝင်ဆေးဝါးများရောင်းချမှုရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချ မှုရှိ/မရှိ၊ ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း များရှိ/မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေအရ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ် အသား များပါဝင်မှုရှိ/မရှိ တို့ကို စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သတ်မှတ်ချက်များနှင့်အညီ တရားဝင်ဆေးဝါးများကိုသာရောင်းချကြောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဆေးဝါးများပြတ် လပ်မှုမရှိခြင်းများအား စစ်ဆေးတွေ့ရှိရပြီး၊ ဆေးဆိုင်တာဝန်ရှိသူများအနေဖြင့် မိမိရောင်းချ သော ဆေးဝါးများနှင့် စပ်လျဉ်း၍ ပြည့်စုံမှန်ကန်သော သတင်းအချက်အလက်၊ အာမခံချက်များ ကို စားသုံးသူများအားသိရှိစေရေး၊ သက်ဆိုင် ရာဌာနများ၏ လမ်းညွှန်ချက်များနှင့် အညီရောင်း ချစေရေး၊စားသုံးသူကာကွယ်ရေးဥပဒေအခန်း ၁၈)ပါ ကုန်အညွှန်း အမှတ် အသား ဖော်ပြခြင်း နှင့်စပ်လျဉ်းလည်း သိရှိလိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင် ရာဌာနများ၏ ဥပဒေ ပြဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ၍ ဖြန့်ဖြူးရောင်း ချကြရန်အသိပေး၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ