ဖျာပုံမြို့၌ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းအသိပညာပေးဆောင်ရွက်  

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်း ညွန်မှုဖြင့် အမှတ် (၈၀)ယာဉ်ထိန်းတပ်ဖွဲ့စု (ဖျာပုံ) မှတာဝန်ရှိသူများသည်  မြို့နယ်အတွင်း သွားလာလျက်ရှိကြသော မော်တော်ယာဉ်မောင်းနှင်ကြသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းအသိပညာပေးဆောင်ရွက်ခြင်းကို့စက်တင်ဘာလ  ၉၊နံနက် (၈:၀၀) မြို့နယ်အတွင်း လိုက်လံအသိပညာပေးဆောင်ရွက်ကြသည်။
         အဆိုပါယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်ရာတွင် အမှတ် (၈၀) ယာဉ်ထိန်းတပ်ဖွဲ့စု (ဖျာပုံ)မှ ဒုရဲအုပ်ဝိုင်းအောင်ချစ်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ယာဉ် စည်းကမ်း၊လမ်းစည်းကမ်းကြီးကြပ်မှုကော်မတီမှတာဝန်ရှိသူများသည်မြို့နယ်အတွင်း သွားလာ လျက်ရှိသော မော်တော်ဆိုင်ကယ်စီးသူများ လိုက်နာရန် စည်းကမ်းချက်များနှင့်ဆောင်ရန်/ ရှောင်ရန်စည်းကမ်းများ၊ဆိုင်ကယ်စီးနင်းမောင်နှင်ရာတွင် ဆိုင်ကယ်ဦးထုပ် ဆောင်းကြရန်၊ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းကိုလိုက်နာကြရန် အသိပညာပေးဟောပြောခြင်းကို မြို့နယ် အတွင်းလမ်းဆုံလမ်းဂွများ၊မြို့ဝင်၊မြို့ထွက်နေရာများတွင်လိုက်လံ ဟောပြောဆောင်ရွက်ကြ ကြောင်းသိရှိရသည်။

(Doca ဧရာဝတီ)