
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံ သင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲကို စက်တင်ဘာလ(၂၃)ရက်၊ နံနက်(၉)နာရီအချိန်၌ ဖျာပုံမြို့နယ်မီးသတ်ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက် သည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် ဖျာပုံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဝင်းက မီးသတ်တပ်ဖွဲ့ဟာ ပြည်သူလူထုရဲ့ အသက် အိုးအိမ်စည်းစိမ်ပစ္စစည်များနိုင်ငံတော်အတွင်းရှိကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အပါအဝင် အခြားသော ဘေးန္တရာယ်များ ကျရောက်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရည်ရွယ်ဖွဲ့စည်းလေ့ကျင့်သင်တန်းပေးရခြင်းဖြစ်ကြောင်း ယခုမွမ်းမံသင်တန်းသို့ တက်ရောက် ကြသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့် သင်တန်းမှရရှိသော ပညာရပ်နည်းနာများအား စိတ်ပါဝင်စားစွာ လေ့လာသင်ယူကြပြီး မိမိတို့ဒေသ မီးဘေးလုံခြုံရေးအပါအဝင် ရပ်ရွာအကျိုးပြု လုပ်ငန်းများ၌ အားတက်သရော ဆောင်ရွက်ကြရန် အမှာစကား ပြောကြားပြီးခဲ့သည်။အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၅)အား စက်တင်ဘာ (၁)ရက်နေ့မှစတင်၍ စက်တင်ဘာ (၂၆)ရက်နေ့ အထိ ဖျာပုံမြို့နယ်မီးသတ်ဦးစီးဌာန၊ သန္ဓေ တပ်ဖွဲ့ဝင်နည်းပြများမှ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ မြို့နယ်တွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅၀)ဦးတက်ရောက်ကြကြောင်း သိရှိရသည်။
(Doca ဧရာဝတီ)