ပန်းတနော်မြို့နယ်ရှိ စားအုန်းဆီလက်လီလက္ကားကိုယ်စားလှယ်များအား ဆီရောင်းချရာတွင် သတ်မှတ်စည်းကမ်းများနှင့်အညီရောင်းချနိုင်ရေးကို အသိပညာပေး

Powered by Drupal

        (၂၀.၉.၂၀၂၅)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်  ပန်းတနော်မြို့နယ်ရှိ စားအုန်းဆီလက်လီလက္ကားကိုယ်စားလှယ်များအား ဆီရောင်းချရာတွင် သတ်မှတ်စည်းကမ်းများနှင့်အညီရောင်းချနိုင်ရေးကို ပန်းတနော်မြို့နယ် တာဝန်ခံရုံးတွင် အသိပေး ပြောကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

         ပြောကြားဆွေးနွေးရာတွင် မအူပင်ခရိုင်ဦးစီးမှူး ဦး‌ဇော်မင်းက ပန်းတနော် စားအုန်းဆီ လက္ကားလက်လီဖြန့်ဖြူးသည့် ကိုယ်စားလှယ်များအား နေ့စည် ရောင်းချပေးသည့် ဆီရောင်းချမှုစာရင်းများ မှန်ကန်မှုရှိစေရေး၊ ဖြန့်ဖြူးသည့်စားအုန်းဆီများအား စားသုံးသူများထံသို့ မှန်ကန်ပြည့်ဝစွာ ရောက်ရှိစေရေး၊ ဆီအုန်းဆီထုတ်ယူခွင့် ဆီစာအုပ်များဖြင့်ဖြန်ဖြူးရောင်းချရာတွင် အဆင်ပြေချောမွေ့စွာရောင်းချစေရေး၊ သတ်မှတ်ထားသည့်ဒေသစျေးနှုန်းများဖြင့် ရောင်းချမှုရှိစေရေး၊ ရရှိသောစားအုန်းဆီခွဲတမ်းများအား သိုလှောင် ထားမှုမရှိဘဲ အပြည့်အဝရောင်းချစေရေး၊ အချိန်အတွယ် မှန်ကန်မှုရှိစေရေးတို့ ကိုအသိပညာ ပေးပြောကြားခဲ့ပြီး သတ်မှတ်စည်ကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးကြီးကုန်စည် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပြီး ဆီရောင်းချသူ လက်ကား/ လက်လီ လုပ်ငန်းရှင် ၂၅ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)