ဇလွန်မြို့နယ် ဆင်ဖြူတော်ကျေးရွာတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၃၀.၁၀.၂၀၂၅)ရက်နေ့ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစား နှင့်ကာယပညာ ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဇလွန်မြို့နယ် ဆင်ဖြူတော်ကျေးရွာအုပ်စု၊ အခြေခံပညာမူလတန်းကျောင်း ၌ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမ(၈၅)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာ ပေး ဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။

     ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူစကားရပ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ဝန်ဆောင် မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများ အကြောင်း၊တားမြစ်ချက်များအကြောင်း၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူတို့အနေဖြင့် အသင့်စားမုန့်များဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့်သက်တမ်းကုန်ဆုံးရက်များ အဓိက ဖက်ရှု့ရမည်ဖြစ်ကြောင်း၊ စားသုံးသူ တို့အနေဖြင့် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်မည်ဖြစ်ကြောင်း၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကျောင်းဈေးတန်းနှင့် ပြင်ပဈေးဆိုင်များတွင် စားသုံးရန်မသင့်သော အစား အစာများနှင့် ရရှိလာမည့်ဆိုးကျိုးများ အကြောင်းစသည့်တို့ကိုအသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)