“မြစ်သားမြို့နယ်၊ ကူမဲမြို့တွင် ပြည်သူ့သက်သာဈေးရောင်းချခြင်းပြုလုပ်”

Powered by Drupal

           မြစ်သားမြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူ ရရှိနိုင်ရေးအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် လုပ်ငန်းရှင်များနှင့်ညှိနှိုင်း၍ စားသုံးသူပြည်သူ များအား သက်သာဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည် ။ အောက်တိုဘာလ(၂၆) ရက်နေ့တွင် မြစ်သားမြို့နယ်၊ ကူမဲမြို့ရှိ၊ တောက်ပရစ်ဘုရားဝန်းအတွင်း၌ အခြေခံစားသောက် ကုန်ပစ္စည်းများဖြစ်သော  အမဲသား တစ်ပိဿာလျှင်(၂၅၀၀၀/-)ကျပ် ၊ ဝတ်သား တစ်ပိဿာလျှင် (၂၆၀၀၀/-) ကျပ် ၊ ဆိတ်သား (၁)ပိဿာလျှင်(၂၈၀၀၀/-)ကျပ် ၊ ကြက်သား တစ်ပိဿာလျှင် (၂၀၀၀၀/-)ကျပ် ၊ စားအုန်းဆီ (၁)ပိဿာလျှင် (၇၆၅၅/-)ကျပ်နှင့် ဟင်းသီးဟင်းရွက်တို့အား ရောင်းချပေးခဲ့ပြီး ပြည်သူများသက်သာဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း သက်မှတ်ထားသောနေရာများတွင် ဆက်လက်ရောင်းချပေးသွားမည်ဖြစ် ကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)