သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သထုံခရိုင်၊ ဘီးလင်းမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှဆီကားများ ရောက်ရှိလာမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း

           မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံ ဦးစီးမှူး ဒေါ်ဇင်ဖြူဝင်းနှင့် ဝန်ထမ်းများသည် (၇.၂.၂၀၂၅) ရက်နေ့ နေ့လည်(၀၁:၃၀)နာရီအချိန်တွင် ဘီးလင်းမြို့နယ်ရှိ ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ Kaung Hlyan New Asia ကုမ္ပဏီမှ(ယာဉ်အမှတ် 5G-4197) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ(၂၂)ပေပါနှင့် (၈.၂.၂၀၂၅) ရက်နေ့ နံနက် (၀၈:၄၅) နာရီအချိန်တွင် (ယာဉ်အမှတ် 4G-2351) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ(၂၉)ပေပါ စုစုပေါင်း (၅၁)ပေပါ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

            အဆိုပါ စားအုန်းဆီများကို သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး‌ရေးအဖွဲ့တို့မှ သွားရောက်စစ်ဆေးခဲ့ပြီး ခွဲတမ်းရရှိသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် ဘီးလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများရှိ လက်လီ/လက်ကားဆိုင်ခွဲများသို့ ခွဲဝေရောင်းချပေးသွားမည် ဖြစ်ကြောင်းနှင့် လက်လီ/လက်ကား ဆိုင်များအနေဖြင့်လည်း စားသုံးသူပြည်သူ့များထံသို့ ၂%အမြတ်ဖြင့်ပြန်လည်ရောင်းချနေခြင်းအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ အလေးချိန် ပြည့်/မပြည့်၊ သတ်မှတ်ခွဲတမ်းများအား ပြည့်ဝစွာရောင်းချခြင်း ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တို့မှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မုဒုံမြို့နယ်၊ အ.မ.က(စက်သစ်) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

           ၁၂.၂.၂၀၂၅ ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဦးညီလွင်အေးသည် မုဒုံမြို့နယ်၊ အ.မ.က (စက်သစ်) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးက ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်းနှင့် စားသုံးသူကာကွယ် ရေးဥပဒေ ၂၀၁၉ အခန်း(၉)ပါ စားသုံးသူများ ရရှိနိုင်မည့် အခွင့်အရေးများနှင့် လိုက်နာရမည့် တာဝန်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၈) ပါ ကုန်စည်များတွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကို နမူနာပစ္စည်းများပြသ၍ ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းပြီး ကုန်ပစ္စည်းများဝယ်ယူအသုံးပြုရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြ ထားသော ကုန်စည်များကို ဝယ်ယူအသုံးပြုသင့်ကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက အရေးဆိုခွင့် တိုင်ကြားနိုင်ခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်ရှိကြောင်း၊ တိုင်ကြားရန် CICC ရုံးများ ဖွင့်လှစ်ထား ရှိပြီးဖြစ်၍ နစ်နာသည့် စားသုံးသူများမှ တိုင်ကြားနိုင်ကြောင်း၊ Facebook စာမျက်နှာ၊ DOCA Myanmar Mobile Application နှင့် Consumer Call Center (1535) တို့တွင် တိုင်ကြား နိုင်ကြောင်းတို့ကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

           အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၇၆) ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

သထုံခရိုင်၊ သထုံမြို့နယ်တွင် (၇၈) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်အလေးပြုခြင်းနှင့်ပြည်ထောင်စုနေ့သဝဏ်လွှာဖတ်ပွဲအခမ်းအနားသို့ သထုံခရိုင်မှူးတက်ရောက်

           ၁၂.၂.၂၀၂၅ ရက်နေ့ နံနက် (၀၅:၃၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ သထုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သော (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်အလေးပြုခြင်းနှင့် ပြည်ထောင်စုနေ့သဝဏ်လွှာဖတ်ပွဲ အခမ်းအနားသို့ သထုံခရိုင်မှူး တက်ရောက်ခဲ့ကြောင်းသိရသည်။

            ပထမဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်၍ တက်ရောက်လာကြသော ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်အဖွဲ့အစည်းများက နိုင်ငံတော်အလံအား အလေးပြုဂုဏ်ပြုခဲ့ကြသည်။ ဆက်လက်၍ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲကို နံနက် (၇) နာရီအချိန်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်မှ ပေးပို့သော (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသဝဏ်လွှာကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးရဲနိုင်မှ ဖတ်ကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ချောက်မြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်း(အေးစေတီ)ကျောင်း၌ အသိပညာပေး ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံသည် အခြေခံပညာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနတို့နှင့်ပူးပေါင်း၍ (၁၁.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ချောက်မြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်း(အေးစေတီ)ကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိက လူငယ်နှင့်မူးယစ် အန္တရာယ်  ခေါင်းစဉ်ဖြင့် မူးယစ်ဆေးဝါးအန္တရာယ်စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း ၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများကိုလည်ကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြရေးနှင့် စားသုံးရန်မသင့်သော အစားအစာများအကြောင်း ကိုလည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာအကြောင်းများကိုလည်းကောင်း အသီးသီးဟောပြော ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက ကျောင်းအတွင်း ရောင်းချနေသော မုန့်ဈေးတန်းရှိ မုန့်ဆိုင်များအား စားသုံးသူအန္တရာယ်ကင်းရှင်းစေရေး စစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာ‌ဖော်ပြမှု ရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ချောက်မြို့နယ်၌ စားသောက်ကုန်လုပ်ငန်းရှင်များ လုပ်ငန်းသုံးဆီများလုံလောက်မှုရှိ/မရှိနှင့် အမှန်တကယ်သုံးစွဲမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

          မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံသည် လုပ်ငန်းသုံးဆီများ လုံ လောက်မှုရှိ/မရှိနှင့် အမှန်တကယ်သုံးစွဲခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်လျှက်ရှိရာ (၁၃.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပဒေသာနှင့်ညီညီထွန်းပဲကြော်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် စားသောက်ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက် လျှက်ရှိသည့် လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းသုံးဆီများလုံလောက်မှုရှိ/မရှိနှင့် ခွင့်ပြုပေးထားသည့် လုပ်ငန်းသုံးဆီများ အမှန်တကယ်သုံးစွဲခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ စားသုံးသူမိဘပြည်သူများ ဘေး အန္တရာယ် ကင်းရှင်းစွာစားသုံးနိုင်စေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များပေါ် တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရေး၊ စီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရေး၊ စားသုံးသူ များစိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက် များနှင့် ပြစ်မှုပြစ်ဒဏ်များ စသည်တို့ကို သိရှိလိုက်နာစေရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(မကွေး)

ချောက်မြို့မစျေး၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး Campaign နှင့် ရောနှောဆီရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

          မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ် စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ မသုံးစွဲရေးနေ့သတ်မှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိ ရာ (၁၀.၂.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့မစျေး အတွင်းနှင့်အပြင်တွင် ပလတ်စတစ်အိတ်များ မသုံးစွဲစေရေး ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ဆက်လက်၍ ရောနှောဆီရောင်းချခြင်းရှိ/မရှိ စစ်ဆေးရာတွင် ရောင်းချခြင်းမရှိကြောင်း စစ်ဆေး တွေ့ရှိရပြီး ရောနှောဆီပြုလုပ်ရောင်းချမည့် လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များနှင့် မြန်မာနိုင်ငံအစား အသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့မှ  ထုတ်ပြန်ထားသည့် အမိန့်အမှတ်(၂/၂၀၂၄)ပါ သတ်မှတ် ချက်များ ပြည့်စုံမှန်ကန်သော ဘူးသွပ်ဆီများသာ ရောင်းချရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကျုံပျော်မြို့နယ်ရှိ ဖြူစင်လူသုံးကုန်ပစ္စည်းဆိုင်သို့ Online Sales ကိစ္စနှင့် ပတ်သတ်၍ စားသုံးသူရေးရာ ဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

အွန်လိုင်းစနစ်ဖြင့်ရောင်းဝယ်ခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃)ဖြင့် သတ်မှတ် ကြေညာခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့် Online Sales လုပ်ငန်းများအနေဖြင့် လုပ်ငန်းမှတ်ပုံတင်ခြင်း ကို www.ecomreg.gov.mm မှ တစ်ဆင့်ဝင်ရောက် လျှောက်ထားနိုင်ကြပြီး အဆိုပါလုပ်ငန်း များမှ လျောက်ထားလာသည့် လုပ်ငန်းဆိုင်ရာ အချက်အလက်များမှာ မှန်ကန်မှု ရှိ/ မရှိ ကို စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပါသည်။

(၁၁.၂.၂၀၂၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ် ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်ခင်မေဝင်း သည် ကျုံပျော်မြို့နယ်၊ ဗိုလ်ချုပ်လမ်း၊ တေဇရပ်ကွက်ရှိ ဖြူစင်လူသုံးကုန်ပစ္စည်းဆိုင်သို့ သွားရောက်၍ Online Sales ဆောင်ရွက်ခြင်း အတွက် လိုအပ် သောအချက်အလက် များကို မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ ပါသည်။ စစ်ဆေးရေးအရာရှိသည် မြေပြင်ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များကို Online Sales application တွင် ဖြည့်သွင်းပေးပို့ခဲ့ပြီး အဆိုပါ စစ်ဆေးချက်များကို ကုန်သွယ်ရေးဦးစီးဌာနမှ ဆက်လက်စိစစ်ပေး ပြီးပါက Online Sales လုပ်ငန်းမှတ်ပုံတင် လက်မှတ်ထုတ်ပေး ခြင်း(သို့)ပယ်ဖျက်ခြင်း တို့ကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

အွန်လိုင်းစနစ်ဖြင့်ရောင်းဝယ်ခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃)ဖြင့် သတ်မှတ် ကြေညာခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့် Online Sales လုပ်ငန်းများအနေဖြင့် လုပ်ငန်းမှတ်ပုံတင်ခြင်း ကို www.ecomreg.gov.mm မှ တစ်ဆင့်ဝင်ရောက် လျှောက်ထားနိုင်ကြပြီး အဆိုပါလုပ်ငန်း များမှ လျောက်ထားလာသည့် လုပ်ငန်းဆိုင်ရာ အချက်အလက်များမှာ မှန်ကန်မှု ရှိ/ မရှိ ကို စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပါသည်။

(၁၀.၂.၂၀၂၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ် ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်ခင်မေဝင်း သည် ကျုံပျော်မြို့နယ်၊ အမှတ် (၁၃၁) အုန်းတောလမ်း၊ မြဝတီရပ်ကွက်ရှိ ဦးချင်ဝမ်စတိုးဆိုင်သို့ သွားရောက်၍ Online Sales ဆောင်ရွက်ခြင်းအတွက် လိုအပ် သောအချက်အလက် များကို မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။ စစ်ဆေးရေးအရာရှိသည် မြေပြင်ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များကို Online Sales application တွင် ဖြည့်သွင်းပေးပို့ခဲ့ပြီး အဆိုပါ စစ်ဆေးချက်များကို ကုန်သွယ် ရေးဦးစီးဌာနမှ ဆက်လက်စိစစ်ပေး ပြီးပါက Online Sales လုပ်ငန်းမှတ်ပုံတင် လက်မှတ် ထုတ်ပေးခြင်း(သို့)ပယ်ဖျက်ခြင်း တို့ကိုဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါ သည်။

DOCA (ဧရာဝတီ)

ကျုံပျော်မြို့နယ်ရှိ ဂျက်စမင် ကလေးအသုံးအဆောင်ပစ္စည်းဆိုင်သို့ Online Sales ကိစ္စနှင့် ပတ်သတ်၍စားသုံးသူရေးရာ ဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

 အွန်လိုင်းစနစ်ဖြင့်ရောင်းဝယ်ခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃)ဖြင့် သတ်မှတ် ကြေညာခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့် Online Sales လုပ်ငန်းများအနေဖြင့် လုပ်ငန်းမှတ်ပုံတင်ခြင်း ကို www.ecomreg.gov.mm မှ တစ်ဆင့်ဝင်ရောက် လျှောက်ထားနိုင်ကြပြီး အဆိုပါလုပ်ငန်း များမှ လျောက်ထားလာသည့် လုပ်ငန်းဆိုင်ရာ အချက်အလက်များမှာ မှန်ကန်မှု ရှိ/ မရှိ ကို စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပါသည်။

(၁၀.၂.၂၀၂၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ် ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်ခင်မေဝင်း သည် ကျုံပျော်မြို့နယ်၊ ကမ်းနားလမ်း၊ မြဝတီရပ်ကွက်ရှိ ဂျက်စမင် ၊ ကလေးအသုံးအဆောင်ပစ္စည်းဆိုင်သို့ သွားရောက်၍ Online Sales ဆောင်ရွက်ခြင်းအတွက် လိုအပ် သောအချက်အလက် များကို မြေပြင်ကွင်းဆင်း စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ပါသည်။ စစ်ဆေး ရေးအရာရှိသည် မြေပြင်ကွင်းဆင်း စစ်ဆေးတွေ့ရှိ ချက်များကို Online Sales application တွင် ဖြည့်သွင်းပေးပို့ခဲ့ပြီး အဆိုပါ စစ်ဆေးချက်များကို ကုန်သွယ် ရေး ဦးစီးဌာနမှ ဆက်လက်စိစစ်ပေး ပြီးပါက Online Sales လုပ်ငန်းမှတ်ပုံတင် လက်မှတ် ထုတ်ပေးခြင်း(သို့)ပယ်ဖျက်ခြင်း တို့ကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကျုံပျော်မြို့နယ်ရှိ အိမွန်ထွေး ကုန်မျိုးစုံဆိုင်သို့ Online Sales ကိစ္စနှင့်ပတ်သတ်၍ စားသုံးသူရေးရာ ဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

အွန်လိုင်းစနစ်ဖြင့်ရောင်းဝယ်ခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃)ဖြင့် သတ်မှတ် ကြေညာခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့် Online Sales လုပ်ငန်းများအနေဖြင့် လုပ်ငန်းမှတ်ပုံတင်ခြင်း ကို www.ecomreg.gov.mm မှ တစ်ဆင့်ဝင်ရောက် လျှောက်ထားနိုင်ကြပြီး အဆိုပါလုပ်ငန်း များမှ လျောက်ထားလာသည့် လုပ်ငန်းဆိုင်ရာ အချက်အလက်များမှာ မှန်ကန်မှု ရှိ/ မရှိ ကို စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပါသည်။

(၁၀.၂.၂၀၂၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ် ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်ခင်မေဝင်း သည် ကျုံပျော်မြို့နယ်၊ အောင်ဆန်းရပ်ကွက်ရှိ အိမွန်ထွေး၊ အိမ်သုံးပစ္စည်း၊ အလှကုန်ပစ္စည်း၊ အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းဆိုင်သို့ သွားရောက်၍ Online Sales ဆောင်ရွက်ခြင်းအတွက် လိုအပ် သောအချက်အလက် များကို မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။ စစ်ဆေး ရေးအရာရှိသည် မြေပြင်ကွင်း ဆင်းစစ်ဆေးတွေ့ရှိချက်များကို Online Sales application တွင် ဖြည့်သွင်း ပေးပို့ခဲ့ပြီး အဆိုပါ စစ်ဆေးချက်များကို ကုန်သွယ်ရေးဦးစီးဌာနမှ ဆက်လက်စိစစ်ပေး ပြီးပါက Online Sales လုပ်ငန်းမှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်း(သို့)ပယ်ဖျက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ