သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျိုက်လတ်မြို့နယ်မှ မြိတ်မြို့သို့ ဆန်တင်ပို့မှု

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်သည် ဆန်/ စပါးကိုအဓိကထားစိုက် ပျိုးထုတ်လုပ်ပြီး၊ အခြားတိုင်းဒေသကြီးများသို့ ဆန်စပါး တင်ပို့ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၂၄) ရက်နေ့၊ ညနေ (၁၆:၃၀) နာရီအချိန်တွင် မြိတ်မြို့သို့ ဆန်စပါးသယ်ယူပို့ဆောင်မည့် လုပ်ငန်းများဆောင်ရွက်ခြင်းကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြပါသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့၏ ဦးဆောင်မှုဖြင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများက ကျိုက်လတ်မြို့မှ မြိတ်မြို့သို့ တင်ပို့မည့် MV-မြမြမွန် ရေယာဉ်ပေါ်တွင် ပေါ်ဆန်း/ဧည့်မထဆန်အိတ်များ တင်ဆောင်ထားရှိမှုအခြေအနေ၊ ရေယာဉ်ကြံခိုင်မှုနှင့် လိုအပ်သည့် စစ်ဆေးမှုများ၊ ဆောင်ရွက်ခြင်း၊ ဆန်သယ်ယူရာတွင် ကန့်သတ်ပစ္စည်းများ သယ်ဆောင်ခြင်းမရှိစေရေးနှင့် တရားဥပဒေနှင့် အညီ ညီညွတ်မှုမရှိသည့် ကိစ္စရပ်များ ဖြစ်ပွားမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့၊ မြို့မဈေးကြီးအတွင်းရှိ ရွှေမြင့်မိုရ် ပုဇွန်ခြောက်ဘူးတွင်ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစိစစ်

          ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့မဈေးကြီးအတွင်း “ရွှေမြင့်မိုရ်” ဆိုင်တွင် ရောင်းချနေသော “ရွှေမြင့်မိုရ်” ပုဇွန်ခြောက်ဘူးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစိစစ်ခဲ့ပါသည်။

          အဆိုပါကွင်းဆင်းစိစစ်မှုတွင် မြို့နယ်တာဝန်ခံက“ရွှေမြင့်မိုရ်”ပုဇွန်ခြောက်ဘူးတွင် သက်ဆိုင်ရာဌာနမှ ထောက်ခံချက်များပြည့်စုံမှုရှိ/ မရှိ၊ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဓာတုဆိုးဆေးများ သုံးစွဲမှုမရှိစေရေး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားရှိမှု အခြေအနေတို့အား စိစစ်ခဲ့ရာ ပြည့်စုံစွာဖော်ပြထားသည်ကို ကွင်းဆင်းစိစစ်ခဲ့မှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

တိုင်းဒေသကြီးဦးစီးမှူးမှ Express ကားဖြင့် ပစ္စည်းများသယ်ယူခြင်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခြင်း

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့၊ နံနက်(၁၀း၄၅) နာရီအချိန်တွင် စားသုံးသူ‌ရေးရာ ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ Express ကားဖြင့် ပစ္စည်းများသယ်ယူခြင်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ လာရောက်မေးမြန်းသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          တွေ့ဆုံရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ဖြစ်ပွားနေသော နယ်မြေအခြေအနေများအရ ကား လမ်းခရီးဖြင့် ပစ္စည်းများသယ်ယူရာတွင် လိုက်နာရမည့် စည်းကမ်းများ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်းနှင့် လုပ်ငန်းရှင်များမှလည်း လိုအပ်သည်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

  တိုင်းဒေသကြီးဦးစီးမှူးမှ ကုန်အညွှန်းအမှတ်အသားလာရောက်လျှောက်ထားသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့၊ နံနက်(၉း၃၀) နာရီအချိန်တွင် စားသုံးသူ‌ရေးရာ ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ ကုန်အညွှန်းအမှတ်အသားလာရောက်လျှောက်ထားသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     တွေ့ဆုံရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပါရှိရမည့် အမျိုးအမည်၊ အရွယ်အစားနှင့်အသားတင်ပမာဏ၊ ထားသိုပုံအဆင့်ဆင့်များနှင့်စပ်လျဉ်း၍ ဖော်ပြပါရှိ ရမည့်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်းနှင့် ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

       ၂၀၂ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့၊ ၁၃း၀၀နာရီအချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်၊ ရေးလမ်းရှိ ဟိုင်း‌ဝေးကားဂိတ်ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Myanmar Oil Alliance Co,Ltd တို့မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၁၁၀) ပေပါကို ယာဥ်မောင်း ဦးမြင့်ဇော်သန်း၊ ယာဉ်အမှတ် 7F-3777 / Nissan မော်တော်ယာဉ်နှင့် အလားတူ Kaung Hlyan New Asia Co,Ltd မှ စားအုန်းဆီ (၇၈) ပေပါ နှင့် Yadanarbon Network Distribution Co,Ltd မှ စားအုန်းဆီ (၃၄) ပေပါတို့ကို ယာဉ်မောင်း ဦးစည်သူအောင်၊ ယာဉ်အမှတ် 1M-3466/ Isuzu မော်တော်ယာဉ်တို့ဖြင့် တင်ဆောင်၍ အသီးသီး ရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဦးစိုးဦးနှင့်တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ကြောင်း၊ ယင်းသို့ရောက်ရှိလာသော စားအုန်းဆီစုစုပေါင်း (၂၂၂) ပေပါအား ကုမ္ပဏီ၏ လက်ကားအ​ရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန် လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ် ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ညွှန်ကြားရေးမှူးချုပ် ဦးဆောင်ကျင်းပပြုလုပ်သော စက်မှုလုပ်ငန်းသုံးစားအုန်းဆီ ဖြန့်ဖြူးခြင်းဆိုင်ရာ မူဝါဒလမ်းညွှန်ချက်များနှင့်စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခြင်း

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဦးဆောင်၍ ကျင်းပပြုလုပ်သော စက်မှုလုပ်ငန်းသုံးစားအုန်းဆီ ဖြန့်ဖြူးခြင်းဆိုင်ရာ မူဝါဒလမ်းညွှန်ချက်များနှင့်စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲအား တိုင်းဒေသ ကြီးဦးစီးမှူးနှင့်တာဝန်ရှိသူများမှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

       အစည်းအဝေး ပထမပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများမှ ရှင်း လင်းပြောကြားခြင်း၊ တိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌမှ ပြောကြားခြင်းများ ဆောင်ရွက်ခြင်းများဆောင်ရွက်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကား ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကာ အစည်းအဝေးအား ညနေ (၁၇း၀၀) နာရီ အချိန်တွင် ပြီးမြောက် ခဲ့ပါသည်။

DOCA(တနင်္သာရီ)

 

သာစည်မြို့နယ်၊ နှမ်းကန်ကျေးရွာနှင့် ဆံမြိတ်ရှည် ကျေးရွာတို့တွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ၊ ခရိုင်ဦီးစီးမှူး၏ လမ်းညွှန်မှု ဖြင့် စားသုံးသူ ရေးရားဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှအဖွဲ့သည် ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၂၂)ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန် တွင် သာစည်မြို့နယ်၊နှမ်းကန်ကျေးရွာအုပ်စု၊ နှမ်းကန် ကျေးရွာနှင့် ပြွန်ကန်ကျေးရွာအုပ်စုဆံမြိတ်ရှည် ကျေးရွာတို့မှ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သိမ့်သူဇာ မောင် (ဒု-ဦီးစီးမှူး) မှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများ၊တာဝန်များ၊ ကုန်စည်(သို့) ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍အာမခံချက်များအပေါ် စားသုံးသူမှတောင်းဆိုနိုင်သည့် အချက်များ၊ စားသုံး သူပြည်သူများ ကုန်စည်များဝယ်ယူသုံးစွဲရာတွင် မှန်ကန်စွာရွေးချယ် ဝယ်ယူတက် စေရန် ကုန်အညွှန်း အမှတ်အသား နှင့်စပ်လျဉ်းသည့်အချက်များ ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်၍ တိုင်ကြားမှုများကို ဖြေရှင်းဆွေးနွေးပေးခဲ့သည့် ဖြစ်စဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူနစ်နာ ဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက် ရေးစင်တာ (CICC)နှင့် Consumer Call Center (1535) သို့  ဆက်သွယ်နိုင် တိုင်ကြား နိုင်ကြောင်းနှင့် Consumer Call Center (1535)သို့ နမူနာ ခေါ်ဆိုဆွေးနွေးခဲ့ပြီးတက်ရောက်လာသူများမှလည်းသိရှိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူ များမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းသိရပါသည်။ အဆိုပါဆွေးနွေးပွဲတွင် နှမ်းကန်ကျေးရွာမှ စားသုံးသူပြည်သူ (၄၅)ဦးခန့်နှင့် ဆံမြိတ်ရှည်ကျေးရွာမှ စားသုံးသူပြည်သူ(၇၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။          

DOCA(မန္တလေး)

ထားဝယ်မြို့သို့ သင်္ဘောဖြင့်ဝင်ရောက်လာသော ဆန်အိတ်များအားပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးခြင်း

       ၂၀၂ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်နေ့၊ (၁၃း၀၀) နာရီ အချိန်တွင် မြိတ်မြို့မှ ထားဝယ်မြို့၊ ဦးစွန်ဝှိုင် ဆိပ်ခံတံတားသို့ ရောက်ရှိဆိုက်ကပ်လာသော အမ်ဗွီ Aung Tat Toe ရေယာဉ်ဖြင့် တင်ဆောင်လာသော ၁၂ ပြည်ပါ ဆန်အိတ် ၁၀၀၀၀ အား စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်နှင့် အကောက်ခွန်ဦးစီးဌာန၊ ရေကြောင်းရဲတပ်ဖွဲ့၊ မြန့်မာ့ဆိပ်ကမ်း အာဏာပိုင် အဖွဲ့တို့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ပြီး အဆိုပါ ဆန်များအား ထားဝယ်မြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့သို့ သင်္ဘောဖြင့်ဝင်ရောက်လာသော ဘိလပ်မြေများအားပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးခြင်း

    ၂၀၂ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်နေ့၊ (၁၂း၄၅) နာရီ အချိန်တွင် မြိတ်မြို့မှ ထားဝယ်မြို့၊ ထူးထူးတိုးဆိပ်ကမ်းသို့ ရောက်ရှိဆိုက်ကပ်လာသော အမ်ဗွီ ဝိသာခါ သင်္ဘောဖြင့် တင်ဆောင် လာသော ကြံတစ်ကောင် အမှတ်တံဆိပ် ၅၀ ကီလိုဂရမ် ဘိလပ်မြေ အိတ် ၂၁၆၀၀ အား စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်နှင့် အကောက်ခွန်ဦးစီးဌာန၊ ရေကြောင်း ရဲတပ်ဖွဲ့၊ မြန့်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့တို့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေး ဆောင်ရွက်ခဲ့ပြီး အဆိုပါဘိလပ်မြေများအား ထားဝယ်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင် များ၊ ဆောက်လုပ်ရေးလုပ်ငန်းများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ရွှေညီကို ပဲကြော်နှင့် အသင့်စားလက်ဖက်ဖြန့်ဖြူးလုပ်ငန်းရှင်မှ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြရေးလာရောက်ဆွေးနွေး

       ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၉)ရက်နေ့ နံနက်(၁၁း၀၀)နာရီတွင် ၊ မြိတ်မြို့၊ အမှတ်(၁၀၅)၊ (၃)လမ်း၊ နောက်လယ်ရပ်ကွက်နေ ရွှေညီကိုပဲကြော်နှင့် အသင့်စားလက်ဖက် ဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင် ဦးကျော်သက်တင်မှ ၎င်း၏ပဲကြော်နှင့်လက်ဖက်များ၌ ကုန် အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များ ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြနိုင်ရေး အတွက် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနရုံးသို့ လာရောက်ဆွေးနွေးခဲ့ပါသည်။

      ရွှေညီကို ပဲကြော်နှင့်လက်ဖက်လုပ်ငန်းရှင်အနေဖြင့် ပဲကြော်များအား ရန်ကုန်မြို့မှ လည်းကောင်း၊ လက်ဖက်များအား ရှမ်းပြည်နယ်၊ ပင်လောင်းမြို့မှလည်းကောင်းမှာယူပြီး ပဲကြော်အား (၁၀)ကျပ်သား၊ (၂၅)ကျပ်သား၊ (၁)ပိဿာထုတ်များနှင့် အသင့်စားလက်ဖက် အား(၂၅)ကျပ်သားထုတ်များ ထုတ်ပြီး မြိတ်မြို့ရှိ ကုန်တိုက်များနှင့် ရပ်ကွပ်များရှိ အိမ်ဆိုင် များသို့ ဖြန့်ဖြူး‌ရောင်းချကြောင်း သိရပါသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေ-၂၀၁၉ အခန်း(၁၈)တွင်ဖော်ပြထားသည့် ကန်စည်များ၌ ထည့်သွင်းဖော်ပြရမည့် တံဆိပ်အမှတ်အ သား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်း ပုံ၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးမည့်ရက်စွဲနှင့် ထုတ်လုပ်မှုအ မှတ်စဥ်၊ ထုတ်လုပ်သူ၏လိပ်စာ၊ ကုန်စည်တွင်ပါဝင်သော ကုန်ကြမ်းပစ္စည်းအမျိုးအမည်နှင့် ပမာဏ၊ ပါဝင်မှုအချိုးအစား၊ ကျန်းမာဆိုင်ရာဘေးထွက်ဆိုးကျိုး(သို့မဟုတ်) ဓါတ်မတည့် ကြောင်းဖော်ပြချက်၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပြည့်စုံမှန်ကန်စွာ ထည့်သွင်း ဖော်ပြပြီး စျေးကွက်အတွင်းဖြန့်ဖြူးရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရပါ သည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ