သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မကွေး/ချောက်ခရိုင်အတွင်းရှိ မြို့နယ်များ၌ ဆိုလာနှင့်ဆက်စပ်ပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်းစုံစမ်းလေ့လာခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနှင့်အဖွဲ့သည် (၁၉.၁.၂၀၂၃)နှင့် (၂၀.၁.၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် မကွေးမြို့ပေါ်၌ ဈေးကွက်အတွင်း အများပြည်သူ သုံးစွဲလျက်ရှိသည့် အိမ်သုံးဆိုလာပြားများ ရောင်းချရာတွင် သင့်တင့်မျှတသော ‌စျေးနှုန်းဖြစ်စေရေးနှင့် အများပြည်သူထိခိုက် နစ်နာမှုမရှိစေရေးအတွက် ရောင်းချလျက်ရှိသည့် ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ (Solar panel, Solar Invertor, Solar Battery) အရောင်းဆိုင်(၆)အား ကွင်းဆင်း၍ ဈေးနှုန်းများနှင့် ရောင်းချမှုအခြေအနေများအား လေ့လာခဲ့ပါသည်။ ထို့အတူ မြို့နယ်တာဝန်ခံများမှလည်း(၁၉.၁.၂၀၂၃)နှင့်(၂၀.၁.၂၀၂၃) ရက်နေ့များတွင် ချောက် မြို့နယ်တွင်(၂)ဆိုင်၊ ရေနံချောင်းမြို့နယ်တွင်(၁)ဆိုင်၊ တောင်တွင်းကြီးမြို့တွင်(၂)ဆိုင်၊ မြို့သစ်မြို့ တွင်(၁)ဆိုင်၊ နတ်မောက်မြို့ တွင်(၁)ဆိုင် စုစုပေါင်း (၇)ဆိုင်အား ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရှိရပါသည်။

          မကွေး/ချောက် ခရိုင်အတွင်း၌ ဆိုလာနှင့်ဆက်စပ်ပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီများမရှိဘဲ၊ အိန္ဒိယနှင့်တရုတ်နိုင်ငံမှ တင်သွင်းသော ဆိုလာနှင့် ဆက်စပ်ပစ္စည်းများသာ ဆိုင်တင်ရောင်းချကြောင်း၊ ဆိုလာပြားများအား ဌာနဆိုင်ရာများမှ လျှပ်စစ်မြစ်ရေတင်နှင့် စိုက်ပျိုးရေးသုံးလုပ်ငန်းများတွင်သာ မြင်းကောင်ရေများသော ပစ္စည်းများအသုံးပြုခြင်း၊ တစ်ချို့စီးပွားရေးလုပ်ငန်းရှင် အနည်းစုမှသာ (Air Con) တစ်ကောင်ခွဲအထိ သုံးစွဲနိုင်သည့် ဆိုလာပြားများ အသုံးပြုကြ၍ ဝယ်မည့်သူ သေချာမှသာ မှာယူပေးကြောင်း သိရှိရပြီး စျေးကွက်အတွင်းဖြစ်ပေါ်နေသော စျေးနှုန်း များမှာ အိန္ဒိယနိုင်ငံထုတ် TATA (60W) ဆိုလာပြားတစ်ချပ်လျှင် ဝယ်စျေးကျပ်(၆၅၀၀၀)အား ကျပ်( ၆၈၀၀၀)ဖြင့် ရောင်းချ၍ အမြတ်(၃၀၀၀)ကျပ်ခန့်ရရှိကြောင်း ၊ 81 (150W) ဆိုလာတစ်ချပ်လျှင် ဝယ်စျေး(၂၇၅၀၀၀)ကျပ်အား (၂၇၈၀၀၀)ကျပ်ဖြင့် ရောင်းချ၍ အမြတ်(၃၀၀၀)ကျပ်ခန့် ရရှိကြောင်း၊ တရုတ်နိုင်ငံထုတ် Solar အားသွင်းမီးသီးများအား ဝယ်ရင်းစျေးအပေါ် အမြတ်ကျပ်(၇၀၀-၈၀၀-၁၀၀၀-၁၅၀၀)ခန့်သာ ပစ္စည်းအမျိုးအစားပေါ်မူတည်၍  အမြတ်အနည်းငယ်တင်၍သာ ‌ရောင်းချကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပြီး မကွေး/ချောက်ခရိုင်အတွင်း၌ ကျေးလက်ဒေသ၏ (၆၀) ရာခိုင်နှုန်းခန့် လျှပ်စစ်မီးရရှိနေပြီဖြစ်၍ Solar ပြားများကို တစ်ဆိုင်လျှင်  တစ်လပျမ်းမျှ (၃)ချပ် ခန့်သာရောင်းချရကြောင်းနှင့် ယခုအချိန်တွင် တရုတ်နိုင်ငံထုတ် Solar အားသွင်းမီးသီးများသာ အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ၊ ၂၃ ရက်နေ့ ၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

          အဆိုပါစျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ‌ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စျေးကွက်အတွင်း တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသည့် Diclo-M ပုံစံတူ ဆေးဝါးများရောင်းချနေမှုများ ရှိ/မရှိ ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဘူးသီးတောင်မြို့မဈေးကြီးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ မောင်တောခရိုင် ဘူးသီးတောင်မြို့နယ်တာဝန်ခံ ဦးကျော်လှိုင် (ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍     (၂၄-၁-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဘူးသီးတောင်မြို့ မြို့မဈေးကြီးအတွင်း ဈေးဆိုင်များတွင် ရောင်းချနေသော စားသောက်ကုန်ပစ္စည်းများအား စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး ကုန်ပစ္စည်းများပေါ်၌ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲနိုင်ရေး ရည်ရွယ်၍ ဈေးကွက်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးကျော်လှိုင် (ဦးစီးမှူး)မှ ဈေးဆိုင်ပိုင်ရှင်များအား ရောင်းချနေသော ကုန်စည်များသည် ဝယ်ယူ စားသုံးသူ မိဘပြည်သူများအား ဘေးဥပါဒ်မဖြစ်စေရေးအတွက် မိမိတို့နိုင်ငံမှ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိမှု၊ ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ဖြစ်စေ (သို့) မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖော်ပြထားသော ကုန်စည်များကို ဦးစားပေးရောင်းချရန် လိုအပ်ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေအရ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖော်ပြရန်လိုအပ်ပြီး မြန်မာဘာသာ (သို့) မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖော်ပြရမည်ဖြစ်သည့်အတွက် ရောင်းချသည့် ဈေးဆိုင်လုပ်ငန်းရှင်များအနေဖြင့်လည်း စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက်များအား လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း အသိပညာပေးပြောကြားပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

 

မလှိုင်မြို့နယ်အတွင်း တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိစေရေး စျေးကွက်‌စောင့်ကြည့်စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မလှိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီချိန်တွင် မလှိုင်မြို့ပေါ်ရှိ ဆေးဆိုင် ( ၄ ) ဆိုင်တွင် တရားဝင်မှတ်ပုံထားခြင်းမရှိသော Diclon-M ပုံစံတူဆေးဝါးများကို စျေးကွက်အတွင်း ‌ရောင်းချခြင်း ရှိ/မရှိ စျေးကွက်စောင့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဆေးဝါးအရောင်းဆိုင်များတွင် Diclon-M ပုံစံတူ မှတ်ပုံထားခြင်းမရှိသော တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိကြောင်း တွေ့ရှိရပြီး၊ ခရိုင်ဦးစီးမှူးမှ တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသော Diclon-M ပုံစံတူဆေးဝါးများ ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမပြုလုပ်ကြရန် ဆေးနှင့်ဆေးဝါးများ ရောင်းချရာတွင် သက်ဆိုင်ရာဌာန၏ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA(မန္တလေး)

 

ကျိုက်ထိုမြို့နယ်တွင် စားသုံးသူ ကာကွယ်ရေး ဥပဒေနှင့်ကုန်ညွှန်းအမှတ်အသားအကြောင်းသိကောင်းစရာ (Talk Show) ဆွေးနွေးပွဲ ပြုလုပ်

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျိုက်ထိုခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ (၂၀) ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကုန်ညွှန်းအမှတ်အသားအကြောင်း သိကောင်းစရာ Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က အသိပညာပေး Talk Show အစီအစဉ် ပြုလုပ်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာန၏ အသစ်ထပ်မံပြောင်းလဲလိုက်သည့် ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့် လုပ်ကိုင်ဆောင်ရွက်နေမှုအခြေအနေ၊ ကွင်းဆင်းစစ်ဆေးရာတွင် အဓိကထားစစ်ဆေးသည့် ထုတ်ကုန်များအကြောင်း၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းအခြေအနေ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းတို့နှင့်ပတ်သက်၍ သိကောင်းစရာများ စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မွန်)

   

ကျိုက်ထိုမြို့နယ်တွင် စားသောက်ကုန်အရောင်းအဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ကျိုက်ထိုမြို့ရှိ စားသောက်ကုန်ရောင်းချသောဆိုင်များအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထို့သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသောက်ကုန်အရောင်းဆိုင်(၆)ဆိုင်အား ဈေးကွက်စောင့်ကြည့်ခဲ့ပြီး အဆိုပါဆိုင်များတွင် COFFEE SHOP (Very Good) တံဆိပ်ပါ ကော်ဖီကဲ့သို့ အန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်များ တရားမဝင် ရောင်းဝယ်ဖောက်ကားမှု ရှိ/မရှိ စောင့်ကြည့်စစ်ဆေးခဲ့ရာ အဆိုပါကော်ဖီများရောင်းချခြင်းမရှိကြောင်းတွေ့ရှိရပါသည်။

     ထို့နောက် ဆိုင်ရှင်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိသောကုန်ပစ္စည်းများကိုရောင်းချရန် ပညာပေး ဆွေးနွေးခဲ့ပါသည်။ထို့နောက်း ကုန်အညွှန်းအမှတ်အသာ ဖော်ပြချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသောညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ဖော်ပြပါရှိသော လက်ကမ်းစာစောင်အားဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မွန်)

ကျိုက်ထိုမြို့နယ်တွင် တရားမဝင်ဆေးဝါးရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

      ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၀ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ကျိုက်ထိုမြို့ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ထို့သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကျိုက်ထိုမြို့ပေါ်ရှိ ဆေးဆိုင်(၈)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး အဆိုပါ ဆေးဆိုင်များတွင် မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင်ဆေးဝါးများအား ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ တရားမဝင်ဆေးများ ရောင်းချခြင်းမရှိကြောင်းတွေ့ရှိရပါသည်။

     ထို့နောက် ဆေးဆိုင်ပိုင်ရှင်များအား မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများကို ရောင်းချခြင်းမပြုရန်၊ သက်တမ်းလွန်သောဆေးဝါးများကို ရောင်းချခြင်းမပြုရန်နှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မပါရှိသောဆေးဝါးများကို ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(မွန်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၂4.၁.202၃ရက်နေ့နံနက်11:00နာရီအချိန်တွင် မိုးညှင်းမြို့၊နောင်စွန်းရပ်ကွက်ရှိ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချနေသောကုန်စုံဆိုင်(၃)ဆိုင်အားကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍စားသုံးသူကာကွယ်ရေး ဥပဒေပါပြဌာန်းချက်နှင့်ကိုက်ညီမှု ရှိ မရှိ  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

        ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Carabaoအမှတ်တံဆိပ်ပါ ခွန်အားဖြည့်အချိုရည်တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ  မြန်မာဘာသာဖြင့်  သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊အရွယ်အစား၊အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက် စသည့်အချက်များ ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်းရှိမရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

ဘီးလင်းမြို့၊ ရပ်ကွက်များရှိ စတိုးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၃-၁-၂၀၂၃ ရက်နေ့တွင် ဘီးလင်းမြို့၊ ရပ်ကွက်များရှိ အခြေခံလူသုံးကုန်၊ စားသောက်ကုန်များ ရောင်းချလျက်ရှိသော စတိုးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ဆောင်ရွက်ရာတွင် COFFEE SHOP (very good) ကော်ဖီကဲ့သို့ အန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်များ တရားမဝင် ရောင်းဝယ်ဖောက်ကားမှုရှိ/မရှိစစ်ဆေးခဲ့ရာ အဆိုပါကော်ဖီများ ရောင်းချမှုမရှိကြောင်းသိရှိရပါသည်။ ထို့နောက် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်းသည့် သိကောင်းစရာများကို ဆိုင်ရှင်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ချောင်းဆုံမြို့ အ - မ - က(ဘုရားကြီးကုန်း)ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပဆောင်ရွက်ခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၃ခုနှစ် ဇန်နဝါရီ လ ၂၄ ရက်နေ့၊ နံနက် ၉:၃၀ နာရီအချိန်တွင် ချောင်းဆုံမြို့ အခြေခံပညာမူလတန်းကျောင်း (ဘုရားကြီးကုန်း)၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ  ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

      အဆိုပါဟောပြောပွဲ၌ ချောင်းဆုံမြို့၊ အမက(ဘုရားကြီးကုန်း)ကျောင်းအုပ်ဆရာမကြီးက  အဖွင့်အမှာစကားပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ အကြီးတန်း စာရေး ဒေါ်ထက်ထက်နွေဦးက စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများဟောပြောခြင်း၊  ကျောင်းနေအရွယ်ကလေးများ  စားသုံးသူကာကွယ်ရေးအသိပညာရရှိစေရေးနှင့် စားသုံးသူတို့သိသင့်သည့်အကြောင်းအရာများ၊ လုပ်ငန်းဆောင်ရွက်မှုများ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူများနစ်နာမှုဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်သူနှင့် တိုင်ကြားရမည့်နေရာနှင့်လိပ်စာများပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးထံသို့ စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များပေးအပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ စုစုပေါင်း ၃၅၇ ဦးတက်ရောက်ခဲ့ပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ