ထွန်းတောက် (ဆန်ရောင်းဝယ်ရေးဆိုင်) အား သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်း         စစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး(ဒု-ဦးစီး မှူး)၊  ဒေါ်ယုယုလွင် (အကြီးတန်းစာရေး) နှင့် ဝန်ထမ်းများသည် (၁၆.၆.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပုဇွန်တောင်မြို့နယ် ၊ အမှတ်-၂၇-ကုန်ဈေးတန်းလမ်း (၆)ရပ်ကွက်အတွင်းရှိ ဆန်လက်လီ ရောင်းချနေသော ထွန်းတောက် (ဆန်ရောင်းဝယ်ရေးဆိုင်) အား သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

   ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်ရှိ ရောင်းချနေသော ဆန်များသည် ရွှေဘိုပေါ်ဆန်း(အသစ်/‌အဟောင်း)၊ ပေါ်ဆန်း(လတ်)  ၊ပေါ်ဆန်း(ရိုးရိုး) ၊ ဧရာမင်း(သီးထပ်) ၊(ရက် ၉၀) ၊ ဧည့်မထ(ရိုးရိုး) စသည့် ဆန်များ၏(၁ပြည်) ဈေးနှုန်းများကို စစ်ဆေးရာ သတ်မှတ် ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပြီး ၊ ဆန်ဈေးနှုန်းကြီးမြှင့်မှု မဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းမပြုရန် သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချသွားရန်၊ လိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း  အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)