စားအုန်းဆီဈေးနှုန်းများ ကြီးမြှင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ်အသိပညာပေး ဆောင်ရွက်ခြင်း

Powered by Drupal

    (၁၃-၆-၂၀၂၅)ရက်နေ့ ၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည်  မြို့နယ်ထွေ/အုပ်၊ မြို့နယ်စည်ပင်၊ အထူးစုံစမ်းစစ်ဆေးရေးဌာနတို့နှင့် ပူးပေါင်း၍ သာကေတမြို့နယ်နှင့် ဒေါပုံမြို့နယ်အတွင်းရှိ စားအုန်းဆီ အရောင်းဆိုင်များသို့ သွားရောက်၍ စားအုန်းဆီ ရောင်းချမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကွင်းဆင်းစစ်ဆေးရာ သင့်တင့်သောဈေးနှုန်းနှင့် အရေအတွက်မှန်၊ အလေးချိန်မှန် ၊  ဈေးနှုန်းမှန်ဖြင့် ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပြီး ရောင်းချရာတွင်လည်း စာအုပ်စနစ်ဖြင့် ရောင်းချပေးကြောင်း၊ ကွင်းဆင်းစိစစ်သည့်အရောင်း ဆိုင်များ၊ ဈေးများလက်လီ/လက်ကား ကိုယ်စားလှယ်များထံမှ စိစစ်မေးမြန်းသိရှိရပြီး ဈေးနှုန်းမြှင့်တင်ရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိ ရပါသည်။

DOCA (ရန်ကုန်)