ဆန်လက်လီရောင်းချနေသော အင်ကြင်းခိုင်(ဆန်ရောင်းဝယ်ရေးအရောင်း ဆိုင်) သို့ သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းစစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ယုယုလွင် (အကြီးတန်းစာရေး)နှင့် ဝန်ထမ်းများသည် (၁၆.၆.၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင်     ပုဇွန်တောင်မြို့နယ် ၊ ပုဇွန်တောင်ဈေးအတွင်းရှိ ဆန်လက်လီရောင်းချနေသော အင်ကြင်းခိုင် (ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်)သို့ သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်ရှိ ရောင်းချနေသော ဆန်များသည် ရွှေဘိုပေါ်ဆန်း(အသစ်/အဟောင်း)၊ ရွှေဘို(လတ်)  ၊ ကျားပျံ(ရှယ်) ၊ ကျားပျံ(လတ်) ၊ ဧရာပေါ် ဆန်း ၊ ပေါ်ဆန်း(ရိုးရိုး) ၊ ပေါ်ဆန်း(လတ်) ၊ ဇီယာ(နိမ့်) ၊ ဇီယာ (လတ်) ၊ (ရက် ၉၀) ၊ ဧရာပဒေသာ ၊ ဧရာပဒေသာ (ထိပ်စ) ပေါ်ကျွဲစသည့် ဆန်များ၏(၁ပြည်) ဈေးနှုန်းများကို စစ်ဆေးခြင်း သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် ဆန်ဈေးနှုန်းကြီးမြှင့်မှု မဖြစ် ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များ သိုလှောင်ထားခြင်းမပြုရန် သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချသွားရန် အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)