HighLight News

Powered by Drupal

ကျောက်ပန်းတောင်းမြို့၊ လွတ်လပ်ရေးရပ် အ.မ.က ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့် စစ်ဆေး

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် (၁၅.၁.၂၀၂၆) ရက်နေ့၊ နံနက် ၁၁:၀၀ နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့ လွတ်လပ်ရေးရပ်  အခြေခံပညာမူလတန်းကျောင်း၌ ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ ကျောင်းသူများ ကုန်စည်များနှင့် ပတ်သက်၍ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် တိုင်းရင်းဆေး၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့၊ ကျောင်းကျန်းမာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

       မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနထောက်ခံချက်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်အမျိုးအစားအလိုက် ဖော်ပြပါဝင်ရမည့် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ် အသားများပြည်စုံမှန်ကန်မှုရှိ/ မရှိ၊ သတ်မှတ်ချက်များနှင့်မညီသော၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သော အစားအစာများ၊ အသုံးအဆောင်များနှင့်ကစားစရာများအား ရောင်းချမှုရှိ/ မရှိကို စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး အရောင်းဆိုင်တာဝန်ရှိသူများအား ကျောင်းသား/ ကျောင်းသူများသည် နုငယ်သူများဖြစ်၍ အစားအသောက်များနှင့် ပတ်သက်ပြီး ပို၍အလေးထားရမည်ဖြစ်သည့်အတွက် သန့်ရှင်းကောင်းမွန်သောမုန့်များ၊ သက်ဆိုင် ရာ ဌာနများမှသတ်မှတ်ထားသော သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ရောင်းချစေရေးနှင့် လိုက်နာမှုမရှိလျှင် အရေးယူဆောင်ရွက်ခြင်းများရှိပါကြောင်း၊  စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများအား ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် ကျောင်းမုန့်ဈေးတန်းများကို ပူးပေါင်းအဖွဲ့များဖြင့် စဉ်ဆက်မပြတ်ဈေး ကွက်စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်၍ ဈေးရောင်းချသူများသည် ဥပဒေပါပြဌာန်းချက်များ၊ သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ရောင်းချကြရန်ရှင်းလင်းမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

            စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင် ဦးစီးမှူးရုံးရှိ ဦးစိုးမိုးထွန်း(ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၁၂.၁.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် မြင်းခြံမြို့ အမှတ်(၁၆)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ ကျောင်းသူများ ကုန်စည်များနှင့် ပတ်သက်၍ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် ကျောင်းကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

         ဦးစိုးမိုးထွန်းနှင့်ဝန်ထမ်းများသည် ကျောင်းမုန့်ဈေးဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနထောက်ခံချက်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်အမျိုးအစားအလိုက် ဖော်ပြပါဝင်ရမည့် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည်စုံမှန်ကန်မှုရှိ/ မရှိ၊ သတ်မှတ်ချက်များနှင့် မညီသော၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သော အစားအစာများ၊ အသုံးအဆောင်များနှင့် ကစားစရာများအား ရောင်းချမှုရှိ/ မရှိကို စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး အရောင်းဆိုင် တာဝန်ရှိသူများအား ကျောင်းသား/ ကျောင်းသူများသည် နုငယ်သူများဖြစ်၍ အစားအသောက်များနှင့် ပတ်သက်ပြီး ပို၍အလေးထားရမည်ဖြစ်သည့်အတွက် မိမိတို့၏ သားသမီးများကဲ့သို့ စိတ်သဘောထား၍ သန့်ရှင်းကောင်းမွန်သောမုန့်များ၊ သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသော သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာရောင်းချစေရေးနှင့် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများအား ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် ကျောင်းမုန့်ဈေးတန်းများကို ပူးပေါင်းအဖွဲ့များဖြင့် စဉ်ဆက်မပြတ်ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများဆောင်ရွက်သွားမည်ဖြစ်၍ ဈေးရောင်းချသူများသည် ဥပဒေပါပြဌာန်းချက်များ၊ သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာရောင်းချကြရန် ရှင်းလင်းမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မြောက်ပိုင်းခရိုင်အတွင်း မြို့နယ်များရှိ စားအုန်းဆီရောင်းချသည့် လက်ကားကိုယ်စားလှယ်များအား တွေ့ဆုံဆွေးနွေး

         တိုင်းဒေသကြီး/ ပြည်နယ်များရှိ စားသုံးသူပြည်သူများသို့ စားအုန်းဆီဖြန့်ဖြူးရာတွင် စားအုန်းဆီကုမ္ပဏီများက တာဝန်ယူ၍ ၎င်းတို့ခန့်အပ်ထားသော ဆီထုတ်ကိုယ်စားလှယ် လက်ကား/ လက်လီ ကိုယ်စားလှယ်များက တစ်ဆင့်ဖြန့်ဖြူးရောင်းချသည့်စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ သိရှိနိုင်စေရေးအရေအတွက်မှန်၊ အချိန်မှန်၊ ဈေးနှုန်းမှန်၊ အခြင်အတွယ်မှန်၊ အရည်အသွေးမှန်တို့ မှန်ကန်စွာဆောင်ရွက်ကြစေရေး၊ စာရင်းဇယားများပြုစုထားရှိစေရေးနှင့် ညွှန်ကြားချက်စည်းကမ်းချက်များအပေါ် လိုက်နာဆောင်ရွက်ကြစေရေး ကြီးကြပ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနကွပ်ကဲမှုအောက်ရှိ မြောက်ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနရုံး၌ (၂၇.၁.၂၀၂၆)ရက်နေ့ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယ တိုင်းဒေသကြီးဦးစီးမှူးတို့ ဦးဆောင်၍ ခရိုင်အတွင်း မြို့နယ်များရှိ စားအုန်းဆီရောင်းချသည့် လက်ကားကိုယ်စားလှယ် (၃၈)ဦးတို့အား မြောက်ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင် ခေါ်ယူတွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်ရာ၌ လိုက်နာရမည့် ညွှန်ကြားချက်၊ စည်းကမ်းချက်များအပေါ် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

သာကေတမြို့နယ်အတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များအား အဖွဲ့စုံဖြင့်ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူ‌ရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်စီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဈေး စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ (၂၇.၁.၂၀၂၆)ရက်နေ့တွင် သာကေတမြို့နယ်ရှိ စားသုံး ဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်းစားသုံးဆီရောင်းချသည့်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး သတ်မှတ်ဈေးနှုန်းရေးဆွဲထားသည့် လက်လီ/ လက်ကားဈေးနှုန်းများ ရေးသားထားသည့် Board / ဗီနိုင်းများအား နေ့စဉ်ချိတ်ဆွဲရောင်းချရန်၊ ခွဲတမ်းရရှိသည့် ဆီပေပါများကို တဆင့်ပြန်လည်ခွဲဝေပေးမှုအခြေအနေ၊ ပြည်သူများထံအပြည့်အဝရောင်းချပေးရန်နှင့် ဈေးကစားရန်အလို့ငှာ စားဆီများသိုလှောင်ထားခြင်း ရှိ/ မရှိ၊ စားအုန်းဆီလက်လီရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူပို့ဆောင်စရိတ်အပါအဝင် ဖြစ်သင့်ဖြစ်ထိုက်သည့် အမြတ်ရာခိုင်နှုန်းထက်ပိုမို၍ ရောင်းချနေမှုရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ပြီး လိုက်နာမှုမရှိပါကအရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းပြောကြားခဲ့၍ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်ထုတ်ပြန်ပေးလျက်ရှိသည့် အတွက်လုပ်ငန်းရှင်များအနေဖြင့် စနစ်တကျလိုက်နာပေးစေလိုကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိ

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးကော်မတီမှတာဝန်ရှိသူများ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ပူးပေါင်း၍ (၂၇-၁-၂၀၂) ရက်နေ့တွင် သာကေတမြို့နယ်အတွင်းရှိ ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်များသို့ သွားရောက်၍ အွန်လိုင်း(Myro)တွင် မှတ်ပုံတင်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

      ထိုသို့ ကွင်းဆင်းအသိပညာပေးဆောင်ရွက်ရာတွင် န်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)က ဆန်ဈေးနှုန်းကြီးမြင့်နေမှုကိုဆိုင်ရှင်များအနေဖြင့် စားသုံးသူပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန်၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချပေးရန်၊ ဆန်ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသောအရွယ်အစားဖြင့် ရေးသားဖော်ပြ၍ရောင်းချကြရန်၊ ဈေးကွက်အတွင်းရှိ စားသုံးဆန်များအားပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်ဖြင့်ရောင်းချပေးနိုင်ရေး ဆွေးနွေးပြောကြားခဲ့ပြီး ဆန် စပါးသိုလှောင်ရုံများအနေဖြင့် ဆန်တန်ချိန် ၂၅ နှင့်အထက်သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက်သိုလှောင်ရုံတစ်မျိုးမျိုးကိုပိုင်ဆိုင်သူ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် www .myro.com.mmတွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကြို့ပင်ကောက်မြို့နယ်ရှိ ရွှေပြည့်စုံဆန်စက်သို့ကွင်းဆင်းခြင်း

           ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်ရှိ နွယ်ခွေရပ်ကွက် မြရတနာလမ်း၊ ရွှေပြည့်စုံဆန်စက်သို့ (၂၃.၁.၂၀၂) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတစ်ဦးတို့သည် ဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ပါသည်။

          လုပ်ငန်းရှင်နှင့်တွေ့ဆုံရာတွင် ယခုကြိတ်ခွဲသောစပါး အမျိုးအစားအနေဖြင့် ရက်၁၀၀ G7၊ မှော်ဘီ ၃၊ထိုင်းနှံကောက်စပါးသစ်များကို ကြိတ်ခွဲလျက်ရှိပြီး ရန်ကုန်သို့တင်ပို့ကြောင်း ဆန်တစ်အိတ်လျှင် ၄၅၀၀၀ ကျပ်ဖြစ်ကြောင်း၊ Gasifier နှင့် တစ်နေ့ကိုအိတ် ၁၀၀/၁၂၀ ခန့် ကြိတ်ခွဲရရှိပြီး  အလုပ်သမား(၅)ယောက်နှင့် ပုံမှန်ကြိတ်ခွဲ လည်ပတ်လျက်ရှိကြောင်း၊ စပါးလက်ကျန်အနေဖြင့် စပါး တင်း ၁၅၀၀ ခန့်၊ ဆန်လက်ကျန်အနေဖြင့် အိတ် ၈၀၀ခန့်ရှိကြောင်း အရောင်းအဝယ်အနေဖြင့် ပုံမှန်ရောင်းဝယ်ရပါကြောင်း ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

DOCA(ပဲခူး)   

အုတ်ဖိုမြို့တွင် မုန့်ရောင်းချသည့်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် သီတင်းကျွတ်ကာလသည် မုန့်ရောင်းချသည့်ဆိုင်များ အရောင်းအဝယ်သွက်သည့်အခါဖြစ်သဖြင့် ရောင်းချသည့်မုန့်များတွင် စားသုံးသူအန္တရာယ်ကင်းစွာ သုံးစွဲနိုင်ရန်အတွက် အုတ်ဖိုမြို့နယ် စားသုံးသူရေးရာမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် အုတ်ဖိုမြို့နယ်အတွင်း မုန့်ရောင်းချသည့် ဆိုင်များသို့ရှောင်တခင် ကွင်းဆင်းစစ်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် မုန့်ရောင်းချသည့်ဆိုင်များသည် သက်တမ်းကျော်လွန်သည့်မုန့်များ ရောနှောရောင်းချခြင်းမပြုကြရန် မြန်မာစာကုန်အညွှန်းအမှတ်အသားပါမှသာ ရောင်းချကြရန် ကုန်အညွှန်းအမှတ်အသားပါ အရေအတွက်အတိုင်းရောင်းချကြရန် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို  အပြည့်အဝလိုက်နာကြပါရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီမြို့နယ်တွင်   စားသုံးဆီရောင်းချနေမှုအား ကွင်းဆင်းဆောင်ရွက်ခြင်း

        ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးများကို စဉ်ဆက်မပြတ်  လုပ်ဆောင်လျက်ရှိပါသည်။ ထို့သို့ဆောင်ရွက်ရာတွင် သာယာဝတီမြို့နယ်၊ စားသုံးသူရေးရာ ဦးစီးဌာနမှမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့မှ ၂၂.၁.၂၀၂၆ ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် သာယာဝတီ မြို့မဈေးကြီးအတွင်း စားသုံးဆီရောင်းချနေသော လက်လီ/ လက်ကား ကိုယ်စားလှယ်ဆိုင်များအား  ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားအုန်းဆီများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှုအခြေအနေများ၊ စားအုန်း ဆီရောင်းချမှုဈေးနှုန်းများ၊ ခွဲတမ်းရရှိသော ဆီပိဿာအတိုင်း ရောင်းချမှုရှိ/ မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/ မရှိ ၊ ရောနှောဆီများရောင်းချခြင်းမပြုရန် မှာကြားခဲ့ပါသည်။ ဈေးနှုန်းများ အဆမတန် မြှင့်တင်ရောင်းချမှုရှိပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းကိုလည်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီမြို့တွင် ဆန်ဂိုဒေါင်နှင့် ဆန်ဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် သာယာဝတီမြို့နယ်တွင် ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ် မှန်ကန်စေရေး၊ သမားရိုးကျရောင်းဝယ်ခြင်းမဟုတ်သော ဈေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မဖြစ်ပေါ်စေရေးအတွက် သာယာဝတီမြို့ နယ်အတွင်းရှိ ဆန်လက်လီ/ လက်ကား အရောင်းဆိုင်များ၊ သိုလှောင်ရုံများ၊ ဆန်စက်များသို့ အပတ်စဉ်အင်္ဂါနေ့တိုင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိရာ (၂၂.၁.၂၀၂၆) ရက်နေ့တွင် သာယာဝတီ မြို့နယ်ရှိ ဦးလှမင်းဆန်ဆိုင်သို့  သွားရောက်ကွင်းဆင်းခဲ့ရာ ဒေသထွက် ဧည့်မထစပါးများကို ဝယ်ယူကြိတ်ခွဲလျက်ရှိပါကြောင်း၊ ဆန်ဈေးနှုန်းအနေဖြင့် (၁၀၈)ပေါင် တစ်အိတ်လျှင် (၅၀၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း စစ်ဆေးသိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့တွင် မုန့်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

               စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် လက်ပံတန်းမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၆ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင်  မြို့မဈေးအတွင်းရှိ ဦးသန်းဝင်းမုန့်ဆိုင်အား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်းရှိ/ မရှိ၊ လက်ပံတန်း မြို့နယ်တာဝန်ခံ ဦးကျော်မျိုးထွန်းနှင့် ဝန်ထမ်းများမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်များသိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊  စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံချက်ပေးနိုင်သည့် အရည် အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်း ပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ ပြည့်စုံစွာ ဖော်ပြခြင်း ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - HighLight News