HighLight News

Powered by Drupal

လက်ပံတန်းမြို့တွင် ရေသန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးဟောပြောခြင်း

             ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ လက်ပံတန်းမြို့နယ်  ဝေဠုန်ဝန်လမ်းရှိ AROMA သောက်ရေသန့်လုပ်ငန်းရှင် ဦးအောင်သက်ခိုင်နှင့် ၂၀၂၆ခုနှစ်ဇန်နဝါရီလ ၂၆ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လက်ပံတန်းမြို့နယ် တာဝန်ခံဦးကျော်မျိုးထွန်း၊  စားသုံး/ ထုတ်လုံတာဝန်ခံ ဦးချစ်ကိုကိုနှင့် ဝန်ထမ်းများမှ တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ ဖြန့်ဖြူးရောင်းချရန်၊ ကုန်စည်၏အရည်အသွေး၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများအားလည်းကောင်း၊ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ဥပဒေအခန်း(၁၁) ပါကုန်စည်နှင့် စပ်လျဉ်း၍ စားသုံးလက်ခံနိုင်သည့် အရည်အသွေးရှိခြင်းကို အထူးအလေးထားဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီမြို့တွင် ဆန်ဂိုဒေါင်နှင့် ဆန်ဆိုင်များကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သာယာဝတီမြို့နယ်တွင် ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ် မှန်ကန်စေရေး၊ သမားရိုးကျရောင်းဝယ်ခြင်းမဟုတ်သော ဈေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မဖြစ်ပေါ်စေရေးအတွက် သာယာဝတီမြို့ နယ်အတွင်းရှိ ဆန်လက်လီ/ လက်ကား အရောင်းဆိုင်များ၊ သိုလှောင်ရုံများ၊ ဆန်စက်များသို့ အပတ်စဉ်အင်္ဂါနေ့တိုင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိရာ (၂၂.၁.၂၀၂၆) ရက်နေ့တွင် သာယာဝတီမြို့နယ်ရှိ စိန်လျှံဖြိုးဆန်ဆိုင်သို့  သွားရောက်ကွင်းဆင်းခဲ့ရာ ဒေသထွက် ဧည့်မထစပါးများကို ဝယ်ယူကြိတ်ခွဲလျက်ရှိပါကြောင်း၊ ဆန်ဈေးနှုန်းအနေဖြင့် (၁၀၈)ပေါင် တစ်အိတ်လျှင် (၅၀၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း စစ်ဆေးသိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီမြို့တွင် စားသုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

                ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ အုတ်ဖိုမြို့နယ်  ဈေးလမ်းရှိစားသုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးမြင့်ဦးနှင့် ၂၀၂၆ခုနှစ်၊  ဇန်နဝါရီလ ၂၃ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အုတ်ဖိုမြို့နယ်တာဝန်ခံဦးအေးဇော်ထိုက်နှင့်   ဝန်ထမ်းများမှ တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ ဖြန့်ဖြူးရောင်းချရန်၊ ကုန်စည်၏အရည်အသွေး၊ ထုတ်လုပ်ရက်စွဲ၊  သက်တမ်းကုန်ဆုံးရက်စွဲများ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများအားလည်းကောင်း၊ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း(၁၁) ပါကုန်စည်နှင့် စပ်လျဉ်း၍ စားသုံးလက်ခံနိုင်သည့် အရည်အသွေးရှိခြင်းကို အထူးအလေးထားဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်းရှိ ကိတ်မုန့်လုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်း

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေအမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များ လုံခြုံစိတ်ချမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးအတွက် လစဉ်ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ဇီးကုန်းမြို့နယ်တာဝန်ခံမှ ဦးဆောင်၍ ဇီးကုန်းမြို့နယ်အတွင်းရှိ ကိတ်မုန့်လုပ်ငန်းများအား (၂၆.၁.၂၀၂၆ ) ရက်နေ့ ဈေးကွက်မရောက်မှီ သွားရောက်စစ်ဆေးခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန်အချက်အလက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်း

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများသည် ရွှေတောင်မြို့နယ်၊ မဲတောအုပ်စု၊ မဲတောကျေးရွာရှိ ပြည်သူ (၃၂)ဦးအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် အွန်လိုင်းစနစ်ဖြင့် ဟောပြောဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။

     အဆိုပါ ဆွေးနွေးပွဲတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများသည် အမိန့်ကြော်ငြာစာ အမှတ် (၅၁/၂၀၂၃)အရ မှတ်ပုံတင်လက်မှတ်လျှောက်ထားရရှိပြီးမှ လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃)ဖြင့် ထုတ်ပြန်ထားသည့် အကြောင်းအရာများအကြောင်းနှင့် စားသုံးသူ၏ အခွင့်အရေးအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းပြောကြားပြီး စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်ပေါ်စေရေး၊ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ပြီး တိုင်ကြားရန်နည်းလမ်းများနှင့် Call Center 1535 သို့ တိုင်ကြားနိုင်ကြောင်းတို့ ဆွေးနွေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် လက်လီဆိုင်များအား ကွင်းဆင်းစစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်အနေဖြင့် ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်းနှင့် ရွှေတောင် မြို့နယ်(၄)မြို့နယ်ပါဝင်ပြီး စားအုန်းဆီများကို ရည်ညွှန်းဈေးနှင့်အညီ ဖြန့်ဖြူးရောင်းချရာတွင် နေ့စဉ် ပြည်မြို့နယ်အနေဖြင့်(၉၆၈)ပေပါ၊ ပိဿာအားဖြင့်(၁၀၆၄၈၀)၊ ရွှေတောင်မြို့နယ်အနေဖြင့် (၄၅၁)ပေပါ၊ ပိဿာအားဖြင့်(၄၉၆၁၀)၊ ပေါက်ခေါင်းမြို့နယ်အနေဖြင့်(၃၆၂)ပေပါ၊ ပိဿာအားဖြင့် (၃၉၈၂၀)၊ ပန်းတောင်းမြို့နယ်အနေဖြင့်(၄၄၅)ပေပါ၊ ပိဿာအားဖြင့်(၄၈၉၅၀)၊ စုစုပေါင်း ခရိုင်အနေဖြင့် (၂၂၂၆) ပေပါ၊ ပိဿာအားဖြင့်(၂၄၄၈၆၀)ကို လက်ကား၊လက်လီကိုယ်စားလှယ်များမှ စားသုံးသူပြည်သူသို့ နေ့စဉ် အိမ်ထောင်စုအလိုက် စားအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။

          မိမိတို့ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အဆိုပါခွဲတမ်းရ စားအုန်းဆီများအား ရည်ညွှန်းဈေးနှင့် အညီရောင်းချမှုရှိ/ မရှိ၊ ရရှိသည့်အရေအတွက်အတိုင်း အပြည့်အဝရောင်းချမှုရှိမရှိ၊ အလေးချိန် မှန်ကန်မှု ရှိ/ မရှိတို့ကို ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် သက်ဆိုင်ရာ လက်ကားကိုယ်စားလှယ်နှင့် လက်လီရောင်းချသူများအား ခေါ်ယူတွေ့ဆုံဆွေးနွေးခြင်း၊ လက်လီအရောင်းဆိုင်များသို့ မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခြင်းမျာကိုလည်း သက်ဆိုင်ရာ အဖွဲ့ဝင်များဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

          ခရိုင်အတွင်းရှိ လက်ကား၊ လက်လီ ကိုယ်စားလှယ်များအား သတ်မှတ်ရည်ညွှန်းဈေးနှင့် အညီ ရောင်းချစေရေး၊ ရရှိသည့်အရေအတွက်အတိုင်း အပြည့်အဝရောင်းချစေရေး၊ အလေးချိန် မှန်ကန်မှုရှိစေရေးတို့အတွက် ခေါ်ယူတွေ့ဆုံဆွေးနွေးခြင်းများကို (၂၀.၁.၂၀၂၆)ရက်နေ့တွင် ပြည်ခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ပြည်မြို့နယ်မှ လက်လီကိုယ်စားလှယ်(၅၄)ဦး၊ ရွှေတောင်မြို့နယ်မှ လက်လီကိုယ်စားလှယ်(၅)ဦးနှင့် ပေါက်ခေါင်းမြို့နယ်မှ လက်လီကိုယ်စားလှယ် (၉)ဦးတို့အားလည်းကောင်း၊ ပန်းတောင်းမြို့နယ်မှ လက်လီကိုယ်စားလှယ်(၁၈)ဦးတို့အား(၂၁.၁.၂၀၂၆)ရက်နေ့တွင် ဥသျှစ်ပင်မြို့၊ ရွှေပင်ရတနာခန်းမ၌လည်းကောင်း တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့တွေ့ဆုံဆွေးနွေးခြင်းများအပြင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကိုလည်း ပြည်ခရိုင် အဆင့်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များလိုက်ပါ၍ ပြည်မြို့ပေါ်ရှိ လက်လီဆိုင်များသို့ (၂၀.၁.၂၀၂၆) ရက်နေ့၊ နံနက်ပိုင်း၌လည်းကောင်း၊ ပန်းတောင်းမြို့နယ်ရှိ လက်လီဆိုင်များသို့ (၂၁.၁.၂၀၂၆)ရက်‌နေ့၊ နံနက်ပိုင်း၌လည်းကောင်း မြေပြင်ကွင်းဆင်းစစ်ဆေးပြီး အလားတူ ရွှေတောင်မြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ်တို့တွင် သက်ဆိုင်ရာမြို့နယ် ကြီးကြပ်အဖွဲ့ဝင်များပါဝင်သော မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့ဖြင့်လည်းကောင်း မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်၊ ပြည်မြို့ စင်္ကြန်တောင်တောရဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၀.၁.၂၀၂၆) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပြည်ခရိုင်၊ ပြည်မြို့၊ ပြည်မြို့ စင်္ကြန်တောင်တောရ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ဆရာ၊ ဆရာမ (၄) ဦး၊ ကျောင်းသား/ ကျောင်းသူ (၁၀၅)ဦး၊ စုစုပေါင်း (၁၀၉) ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါ ဟောပြောပွဲတွင် ပြည်မြို့နယ်ဦးစီးမှူး ဦးထွန်းနိုင်လင်းက ဌာနဖွဲ့စည်းပုံနှင့် ယခု ဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်း၊ စားသုံးသူမိဘပြည်သူများ၏ အခွင့်အရေးများကိုသိရှိပြီး နစ်နာဆုံးရှုံးမှုရှိခဲ့လျှင် တိုင်ကြားနိုင်စေရန် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ “CICC” ရုံးများဖွင့်လှစ်ထားရှိနေပြီဖြစ်ကြောင်း၊ ထိုသို့ လည်းတိုင်ကြားနိုင်ကြောင်း၊ ဒါ့အပြင် facebook စာမျက်နှာတွင်လည်းကောင်း၊ DOCA. Doca.com. mm တွင်လည်းကောင်း၊ Consumer Call Center ဖွင့်လှစ်ထားသည့် (1535) Call Center တွင် လည်းကောင်း တိုင်ကြားနိုင်ကြောင်း အသေးစိတ်အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဖြူးမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင် ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တောင်ငူရိုင်ဦးစီးမှူးရုံး၏ ညှိနှိုင်းဆောင်ရွက်ချက်အရ (၂၇.၁.၂၀၂၆) ရက်နေ့ နံနက်ပိုင်းက ဖြူးစည်ပင်သာယာဈေးနှင့် မြို့ပေါ်ရှိ ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ပူးပေါင်းအဖွဲ့သည် စည်ပင်သာယာဈေးအတွင်း ရောင်းချလျက်ရှိသော အစားအသောက်များနှင့် အလှကုန်ပစ္စည်းများတွင် ခွင့်မပြုဓါတုဆေးများ ပါဝင်မှုရှိ/ မရှိနှင့် ရက်လွန်/ မလွန်တို့ကိုလည်းကာင်း၊ ဆေးဆိုင်များ၌ ရောင်းချလျက်ရှိသော ဆေးဝါးများတွင် တရားမဝင်ဆေးဝါးများနှင့် ရက်လွန်ဆေးဝါးများ ပါဝင်မှုရှိ/ မရှိကိုလည်းကောင်း စောင့်ကြည့်စစ်ဆေးပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက အစားအသောက်များနှင့် အလှကုန်ပစ္စည်းများကို နမူနာကောက်ယူခဲ့ကြောင်း သိရသည်။

         ဈေးကွက်စောင့်ကြည့်စစ်ဆေးစဉ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် ကုန်အညွှန်းအမှတ်အသားများကို သတ်မှတ်ချက်နှင့်အညီ ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်စည်များကို ရောင်းချခြင်းမပြရန် အသိပညာပေးပြောကြားခဲ့ကြောင်းနှင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးရာသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ အမက(လွန်)ရွှေလေးအင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး

         စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် (၂၂.၁.၂၀၂၆) ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူမြို့နယ်၊ ရွေလေးအင်းကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျောင်းသားကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

        ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဦးစီးဌာနမှ ဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရန် အရေးကြီပုံများ၊ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်ပါက တိုင်ကြားကြရန် လိုအပ်ပုံများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

           ထို့နောက် မြို့နယ်တာဝန်ခံသည် ကျောင်းသား/ ကျောင်းသူများ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားရှိမှုအားကို အသင့်စားမုန့်များဖြင့် လက်တွေ့ဖတ်ရှုစေခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၈၄ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အုတ်တွင်းမြို့နယ်တွင် စားသုံးဆီလက်လီလက်ကားရောင်းချသူများနှင့် တွေ့ဆုံ

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်သည်(၂၃.၁.၂၀၂၆) ရက်နေ့ နံနက်ပိုင်းက တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ကျောင်းရှစ်ဆယ်ကျေးရွာ ခပေါင်းဈေးနှင့် ဈေးပြင်ပ ကုန်စုံဆိုင်များတွင် စားသုံးဆီရောင်းချမှုအခြေအနေများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးပြီး စားသုံးဆီလက်လီလက်ကားရောင်းချသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ မြို့နယ်တာဝန်ခံသည် အုတ်တွင်းမြို့ရှိ ဘိုလေးကုန်စုံဆိုင်နှင့် ကွမ်းမင်းသား ကုန်စုံဆိုင်များသို့ သွားရောက်၍ ရည်ညွှန်းဈေးဖြင့်ဝယ်ယူခွင့်ရရှိသည့် စားသုံးဆီများအား ပြန်လည်ရောင်းချမှု အခြေအနေများ၊ အမှတ်တံဆိပ်ပါ စားသုံးဆီရောင်းချမှုအခြေအနေများကို စောင့်ကြည့်စစ်ဆေးပြီး ဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

            မြို့နယ်တာဝန်ခံသည် ရည်ညွှန်းဈေးဖြင့် ဝယ်ယူခွင့်ရရှိသည့် စားသုံးဆီများအား သယ်ယူစရိတ်ပေါင်း၍ နှစ်ရာခိုင်နှုန်းထက်မပိုသောအမြတ်ဖြင့် စားသုံးသူပြည်သူများ လက်ဝယ်သို့ ဈေးနှုန်းမှန်၊ အလေးချိန်မှန်ကန်စွာရောင်းချရေး၊ အမှတ်တံဆိပ်ပါစားသုံးဆီများ ရောင်းချရာတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်နှင့် အညီ ဖော်ပြထားသော စားသုံးဆီများကိုသာ ရောင်းချရေးတို့ကို အသိညာပေးဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - HighLight News