HighLight News

Powered by Drupal

စစ်ကိုင်းမြို့ရှိ ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များအား ဖောက်ဖျက်မှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို လစဉ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် စစ်ကိုင်းခရိုင်ဦးစီးမှူး၏ ညွှန်ကြားချက်အရ ခရိုင်ရုံးမှ စစ်ဆေးရေးမှူး (၃)ဦးသည် ခရိုင်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များသို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့မှုတွင်  အစားအသောက်ကုန်စည်များအား စစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ဆိုင်ပိုင်ရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် (၂/၂၀၁၉) ညွှန်ကြားချက်ပါ အသေးစိတ်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၂၃)ပါ တားမြစ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းမြို့၊ တိုင်းရင်းဆေးအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးသည် စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဦးစားပေးဆောင်ရွက်ရမည့် ကုန်စည်အမျိုးအစားများအား ကာလအလိုက် ဆောင်ရွက်ရန် ညွှန်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ခရိုင်ရုံးမှ စစ်ဆေးရေးမှူး (၃)ဦးသည် ခရိုင်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ စစ်ကိုင်းမြို့ပေါ်ရပ်ကွက်ရှိ ဆေးအရောင်းဆိုင်များသို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့မှုတွင်  တိုင်းရင်းဆေးမျိုးမျိုးအား စစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ဆိုင်ပိုင်ရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်က ထုတ်ပြန်ထားသည့် (၂/၂၀၁၉) ညွှန်ကြားချက်ပါ အသေးစိတ်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၂၃)ပါ တားမြစ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဆေးအဝါးအတုများ ရောင်းချခြင်းမပြုရန်နှင့် တရားဝင် ဆေးဝါးမှတ်ပုံတင်ခွင့်ပြုထားသော ဆေးဝါများရောင်းချရန် အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 “ သုံးခွမြို့နယ်၌ ကလေးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း  ”

          ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ စည်ပင်သာယာမြို့မဈေး အတွင်း/ အပြင်ရှိ ကုန်စုံဆိုင်ရောင်းချလျက်ရှိသော ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိတို့အား စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်တင်မေလွင်နှင့် စည်ပင်သာယာမြို့မဈေးတာဝန်ခံ ဦးဖြိုးဝေတို့ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား မေလ(၁၄)၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

        ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကလေးအသုံး အဆောင်ပစ္စည်းအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူပြည်သူများဘေးအန္တရာယ်ဖြစ်စေနိုင်သော ကုန်စည်များရောင်းချခြင်း ရှိ/မရှိတို့အား ဈေးကွက်စောင့်စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအား ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ မဖြစ်မနေ ရေးသား ဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချပေးကြရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

           ၂၀၂၆ ခုနှစ်၊ မေလ (၁၂)ရက်နေ့၊ နေ့လယ် (:၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကျိုင်းတုံမြို့၊ ဝပ်အင်းရပ်၊ ရပ်ကွက် ()အတွင်းရှိ ဝပ်အင်းဘုန်းကြီးကျောင်း၌ ကျေးရွာသူ၊ ကျေးရွာသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သည့် ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်း (၆၀)ဦးအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ကာ ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

              ယင်းဟောပြောပွဲတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယ ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးအောင်လင်းဦးက စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းနှင့် ပတ်သက်၍ ကျေးရွာသူ၊ ကျေးရွာသားများအား အသိပညာပေးဟောပြောခဲ့ပါသည်။ စားသုံးသူ ကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်နှင့် ဝတ္တရားများ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန် သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါအချက်များအား ရှင်းလင်းပြောကြားပြီး ထောက်ခံချက်ရှိသော အစားအစာနှင့် ထောက်ခံချက်မရှိသော အစားအစာများကို ပုံများနှင့်တကွ ပြသခဲ့ကြောင်း သိရှိရပါသည်။

  ယင်းနောက် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)အကြောင်း ရှင်းလင်းပြောကြားပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို  (၁၅:၃၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

အေးသာယာမြို့ရှိ စားသုံးဆီရောင်းချနေသော လက်လီအရောင်းဆိုင်များ မြေပြင်တွင် အမှန်တကယ်ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

         ၂၀၂ခုနှစ်၊ မေ၁၁ ရက်နေ့၊ နေ့လယ် (၁၃:၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူးရုံးမှ  ဦးခွန်ကျော်ဌေး(လက်ထောက်ညွှန်ကြားရေးမှူး) နှင့် ဝန်ထမ်းများသည် အေးသာယာစက်မှုဇုန်မြို့ရှိ စားသုံးဆီလက်လီ အရောင်းဆိုင်()ဆိုင်အား ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားအုန်းဆီလက်လီရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် အခြေခံလက်ကားဈေးနှုန်းများကို အပါတ်စဉ် ထုတ်ပြန်ပေးခဲ့ပြီးဖြစ်ရာ ဒေသအရောက် ဈေးနှုန်းအပေါ် (၂)ရာခိုင်နှုန်း အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချသွားရန်၊ ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာသောနေရာများတွင် မြင်သာသော စာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန် လက်လီဈေးများအတွင်း၌လည်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချပေးစေရေး ၎င်းအပြင် စားအုန်းဆီများအား ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်း၊ ဈေးနှုန်းအဆမတန်မြှင့်တင် ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် စားအုန်းဆီကို စားသုံးသူပြည်သူလက်ဝယ် အမှန်တကယ်ရောက်ရှိအောင် ရောင်းချပေးရန်နှင့် မမှန်မကန် ဆောင်ရွက်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ဟု သိရှိရပါသည်။

DOCA(ရှမ်း)

ဈေးဆိုင်များအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည်  ၂၀၂၆ ခုနှစ်  မေလ  (၁၂)ရက်နေ့၊  နံနက် (၁၀:၃၀) နာရီအချိန်တွင်  တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ သန်းကြွယ်(၂)ကုန်စုံဆိုင်နှင့် OK ကုန်စုံဆိုင်တို့တွင်ရောင်းချလျက်ရှိသော စားသုံးဆီများတွင် မြန်မာစာကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      အဆိုပါဈေးဆိုင်များတွင်ရောင်းချလျက်ရှိသော အမေထွားပဲဆီ/ နှမ်းဦးဆီသန့်၊ Good Choice ဟင်းသီးဟင်းရွက်ဆီ၊ Healthy Chef ပဲပိစပ်ဆီ၊ အေးသူဇာ စားအုန်းဆီ၊ Duck ဟင်းသီးဟင်းရွက်ဆီများရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရပြီး ယင်းကုန်စည်များတွင် စားသုံးသူ ကာကွယ်ရေးဥပဒေအရ သတ်မှတ်ထားသော မြန်မာဘာသာကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများ ဘေအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ သက်တမ်းကုန်ဆုံးနေသည့် ကုန်စည်များအားရောင်းချခြင်းမပြုရန်နှင့် သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းမှတ်ပုံတင်ရရှိထား သောကုန်စည်များကိုသာရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် အသိပညာပေးဆွေးနွေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ကုန်အညွှန်းအမှတ်အသားများနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းသိကောင်းစာရာများအား အသိပညာပေး Talk Show ကျင်းပခြင်း

          (၁၃.၅.၂၀၂၆)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တာဝန်ခံ ဒေါ်မိုးမိုးကြည်သည် ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စားသုံးသူပြည်သူများအား ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်းသိကောင်းစာရာများအား အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

         ထိုသို့ပြုလုပ်ရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)က  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍  မြေပြင်ကွင်းဆင်းစစ်‌ဆေးရာတွင် ကုန်စည်၏တံဆိပ်အမှတ်အသား၊ ကုန်စည်၏အမျိုးအမည်၊ အရွယ် အစား၊ အ‌ရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်၊ ကျန်းမာရေးဘေးထွက်ဆိုးကျိုးနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်များနှင့် သက်ဆိုင်ရာအစိုးရဌာများက ဖော်ပြရန် သတ်မှတ်ထားသော သတင်းအချက်အလက်များအား သိသာထင်ရှားစွာဖော်ပြရမည်ဖြစ်ကြောင်း အကျယ်တဝန်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကား ရောင်းချနေမှုအား အပတ်စဉ်ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည်  မြောက်ဥက္ကလာပမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍  (၁၃.၅.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီ/လက်ကားရောင်းချသည့် အရောင်းဆိုင်များသို့  သွားရောက်၍ စားအုန်းဆီရောင်းချမှုအခြေအနေများကို အပတ်စဉ်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဦးသိန်းထွန်း (ဌာနခွဲစာရေး)က စားအုန်းဆီလက်လီရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူပို့ဆောင်စရိတ်အပါအဝင် ဖြစ်သင့်ဖြစ်ထိုက်သည့် အမြတ်ရာခိုင်နှုန်းထက်ပိုမို၍ ရောင်းချနေမှုရှိ/ မရှိစစ်ဆေးခြင်း ဈေးကစားရန်အလို့ငှာ စားဆီများသိုလှောင်ထားခြင်းရှိ/ မရှိတို့ကို စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး  ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို စားသုံးသူရေးရာဦးစီးဌာနမှ  အပတ်စဉ်ထုတ်ပြန်ပေးလျက်ရှိသည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် စနစ်တကျလိုက်နာပေးစေလိုကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။ စားအုန်းဆီအရောင်းဆိုင်တို့အား ဝင်ရောက်စစ်ဆေးခဲ့ရာတွင် စားအုန်းဆီ‌နှင့်ပတ်သက်ပြီး မိမိရရှိသောခွဲတမ်းများကို စားအုပ်စနစ်ဖြင့် ရပ်ကွက်နေစားသုံးသူပြည်သူများလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိ စားသုံးနိုင်ရန်ရောင်းချပေးပါကြောင်း၊ အလေးချိန်လည်းမှန်ကန်စွာချိန်တွယ်ပေးပါကြောင်း၊ လက်ကျန်များမထားရှိကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)

စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ဆီဖြန့်ဖြူးမှုဆိုင်ရာ အသိပညာပေးဟောပြောခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၁၁.၅.၂၀၂၆ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့ ရုံးကြီးရပ်ကွက်၊ ပဒေသာဈေး၊ ဈေးတာဝန်ခံရုံး၌ ဟင်္သာတခရိုင် ဆီလက်ကားကိုယ်စားလှယ်များအား  ပြည်သူများသို့ ဆီဖြန့်ဖြူးရောင်းချသည့် စည်းကမ်းသတ်မှတ်ချက်များ၊ ပြည်သူလက်ဝယ်ရောက်ရှိနိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန်နှင့် ပါတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့်  လုပ်ငန်းရှင်များမှ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ဟင်္သာတခရိုင်ဦးစီးမှူး ဦးဇော်မင်းက စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါကုန်စည်များတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များအား ရှင်းလင်းဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ   လိုက်နာရမည့်  တာဝန်များနှင့် စားသုံးသူများအသုံးပြုမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိ စေရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် လိုက်နာဆောင်ရွက်သွားရန် အသိပညာပေးဆွေးနွေးခြင်း၊ စားသုံးသူပြည်သူများသို့ စားအုန်းဆီများ လက်လီ/လက်ကား  ဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဆီဖြန့်ဖြူးရောင်းချရာတွင် အိမ်ထောင်စုများသို့ကျယ်ကျယ်ပြန့်ပြန့်လွှမ်းခြုံမှု အားကောင်းစေရေး၊ သတ်မှတ်ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့်အရည်အသွေး၊ အလေးချိန်ပြည့်ဝစွာ  ပြည်သူများသို့ဖြန့်ဖြူးရောင်းချစေရေးတို့ကို ဟောပြောဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်(၄၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး စားသုံးသူကာကွယ်ရေးအသိပညာပေး

          စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည်(၆.၅.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၂:၄၅) နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ ကွင်းကောက်တောင်အုပ်စု၊ လိန်ကုန်းကျေးရွာတွင် ပြည်သူ(၇၅)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ စားသုံးသူအခွင့်အ‌ရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူအသုံးပြုနိုင်ရေးနှင့် Consumer Call Center သို့ဆက်သွယ် မေးမြန်းနိုင်စေရေး  အသိပညာပေးဟောပြောခြင်းကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        အဆိုပါ‌ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများနှင့် ပါတ်သတ်၍ စားသုံးသူကာကွယ်ရေးဥပဒေ စတင်ဖြစ်ပေါ်လာပုံ၊ အစားအသောက်များနှင့် လူသုံးကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်းမရှိပါက သတိထား၍ ဝယ်ယူသုံးစွဲသင့်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ရိုက်နှိပ်ဖော်ပြထားသော ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲသင့်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။ ထို့နောက်စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ကြောင်းကိုလည်းကောင်း၊  စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက် ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှုအခြေအနေ၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov. mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း အသေးစိတ်ပြောကြားခဲ့ပြီး နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် ဟောပြောပွဲကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - HighLight News