
စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည့် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ဇွန်လ (၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့မ(၅)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းမုန့်ဈေးတန်းများသို့ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ ကျောင်းမုန့်ဈေးတန်းတွင် မြန်မာမုန့်မျိုးစုံ၊ မုန့်ဟင်းခါး၊ ခေါက်ဆွဲ၊ အသုတ်စုံ၊ ထမင်းကြော် ရောင်းချနေသော ဈေးသည်များအား သန့်ရှင်းလတ်ဆက်သော အစားအစာများကိုရောင်းချရန်နှင့် ငရုတ်ဆီအစားထိုး၊ မန်ကျည်းအနစ်ကိုသာဖျော်၍ ရောင်းချရန်နှင့် အစားအသောက်များကို ယင်မနားအောင် ဖုံးအုပ်ထားရန်နှင့် အစားအသောက် အသုံးအဆောင်ပစ္စည်းများကို သန့်ရှင်းစွာ ဆေးကြောရန်နှင့် အစားအသောက်များကို လက်အိတ်စွပ်၍ ကိုင်တွယ်ရန် အသိပညာပေး၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
