HighLight News

Powered by Drupal

ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခြင်း

           ၂၄.၁၀.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပန်းဘဲတန်းမြို့နယ်ရှိ အင်းဝမုန့်တိုက်နှင့်  Fudo မုန့်တိုက်တို့တွင်  ဈေးကွက်မရောက်မီ ထုတ်လုပ်နေသော မုန့်အမျိုးမျိုးတို့၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိတို့အား  မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှ ဝန်ထမ်း(၂)ဦးနှင့်အတူ ပူးပေါင်းပါဝင်စစ်ဆေးခဲ့ကြောင်း သိရသည်။

            သို့ရာတွင် ၎င်းတို့ထုတ်လုပ်နေသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်းရှိကြောင်း တွေ့ရှိခဲ့ရပါသည်။ ထို့ကြောင့် ရောင်းချနေသောကုန်ပစ္စည်း အမျိုးမျိုးတို့တွင် သုံးစွဲသူများအန္တရာယ်မရှိစေရန် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထားသိုသိမ်းဆည်းမှု၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ပါဝင်ပစ္စည်းစသည့် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့်ထည့်သွင်းဖော်ပြရန်လိုအပ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပြီး ဒီဇင်ဘာလထဲတွင် ပြန်လည်စစ်ဆေးမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မှော်ဘီမြို့နယ်ရှိ ရွှေထိပ်တန်းစားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

        (၃၀.၁၀.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် အမှတ်(၂၅၈)၊ ပြည်လမ်း၊ မှော်ဘီမြို့နယ်ရှိ ရွှေထိပ်တန်းစားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် နေ့စဉ်လက်ကားကိုယ်စားလှယ် ဦးဇေထံမှ ရရှိသောခွဲတမ်းအား နံနက်(၁၀း၀၀)နာရီအချိန်မှ (၄)နာရီထိ ရောင်းချပေးပါကြောင်း၊ ဈေးနှုန်းမှာလည်း လက်ကားကိုယ်စားလှယ်မှရရှိသော ဈေးနှုန်းကို (၂%)သာ အမြတ်တင်၍ရောင်းပါကြောင်း မိမိတို့ဌာနမှလည်း သတ်မှတ်စည်းကမ်းချက်များအတိုင်း ရောင်းချခြင်းမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၂)ဦးတို့သည် (၃၀.၁၀.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၄၀) နာရီအချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ရတနာဈေးတွင် စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့စစ်ဆေးခဲ့ရာတွင် ရုံ(ဂ) အခန်း(၈)ရှိ ဒေါ်မြင့်မြင့်လှိုင်ဆိုင်သို့ ရောက်ရှိခဲ့ရာ မိမိသည် M Power Co.,Ltd မှ ရရှိသောခွဲတမ်းအား စားသုံးသူပြည်သူများသို့ နေ့စဉ်ပုံမှန်ရပ်ကွက်အလိုက် စာအုပ်စနစ်ဖြင့် ရောင်းချပေးပါကြောင်း အများမြင်သာအောင် ဈေးနှုန်း Vinyl ဖြင့်လည်း ချိတ်ဆွဲထားပါကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများက ထုတ်ပြန်ထားသည့်အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချရန်တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

ဦးဝင်းဗိုလ်စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

      (၃၀.၁၀.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၂၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၂)ဦးတို့သည် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ရတနာဈေးတွင် စားအုန်းဆီလက်လီရောင်းချနေသော ဦးဝင်းဗိုလ်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဦးဝင်းဗိုလ်ဆိုင်မှ တာဝန်ရှိသူက မိမိသည် ဇမ္ဗူကံထွန်း ကုမ္ပဏီမှ မိမိရရှိပြီး နေ့စဉ်လက်ကားကိုယ်စားလှယ်ဖြစ်သော ဦးလှိုင်မြင့်ထွန်းထံမှ ထုတ်ယူရရှိသော စားအုန်းဆီ ခွဲတမ်းများကို ဈေးအတွင်းရှိ စားသုံးသူပြည်သူများသို့ နေ့စဉ်နံနက် (၀၈း၀၀) နာရီမှ ညနေ(၁၆း၀၀) နာရီအချိန်အထိ သတ်မှတ်ဈေးနှုန်းအထက် (၂%)အမြတ်သာတင်၍ ရောင်းချပါကြောင်း အလေးချိန်ကိုလည်း ပြည့်ဝစွာချိန်တွယ်ပေးပါကြောင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းလည်းမရှိကြောင်းနှင့် သက်ဆိုင်ရာဌာနအသီးသီးမှ လာရောက်စစ်ဆေးသည့်အခါ အစစ်ဆေးခံနိုင်ရန် မှတ်တမ်းများလည်း ထားရှိပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

         

မင်္ဂလာဒုံမြို့နယ်၌ စားအုန်းဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၂)ဦးတို့သည် (၃၀.၁၀.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် ရတနာဈေးရှိ ရုံ(ခ)၊ အမှတ်(၇၇/၇၈)ရှိ ဦးဇော်ဇော်စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ထောက်ကြန့်ရတနာဈေးစည်ပင်များမှ ပူးပေါင်းပါဝင်လျက် မိမိရရှိသောခွဲတမ်းကို စာအုပ်စနစ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် (၅၀)ကျပ်သားနှုန်းဖြင့် တစ်လကို (၂)ပိသာနှုန်းပေးပါကြောင်း၊ နေ့စဉ်ရပ်ကွက်အပိုင်းအလိုက် ရောင်းပေးလျက်ရှိပါကြောင်း၊ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချပေးလျက်ရှိပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းလည်းမရှိပါကြောင်း လက်ကျန်များလည်း မထားရှိဘဲ တစ်နေ့စာတစ်နေ့ကုန်အောင် ရောင်းချပေးပါကြောင်းနှင့် မိမိတို့ ဌာနမှလည်း သတ်မှတ်စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်မှုမရှိခဲ့လျှင် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

Modern Mart များနှင့် ဈေးများအတွင်းရှိ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ ရောင်းချလျက်ရှိသော ဈေးနှုန်းများ၏အခြေအနေများအား စျေးကွပ်စောင့်ကြည့် စစ်ဆေး

       (၃၀.၁၀.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ Modern Mart များနှင့်ဈေးများတွင် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ ရောင်းချနေသည့်ဈေး နှုန်းဈေးကွက်အခြေအနေနှင့် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ထိုင်းနိုင်ငံထုတ်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချနေသည့်ဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့်ဥပဒေ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန်၊ ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံမှုရှိ/ မရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပစ္စည်းများပြတ်လပ်မှုရှိ/ မရှိနှင့် ယခင်အပတ်ဈေးနှုန်းနှင့် ယခုအပတ်ဈေးနှုန်းများကောက်ခံ၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

ဈေးများအတွင်းရှိ ထိုင်းနိုင်ငံထုတ်စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၃၀.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀) နာရီခွဲအချိန်တွင် အင်းစိန်မြို့နယ်အတွင်းရှိ အင်းစိန်ဈေးနှင့် ဘိုကုန်းဈေးတို့တွင် ထိုင်းနိုင်ငံထုတ်စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ၊ ဈေးနှုန်းဈေးကွက် အခြေအနေအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ၏ ယခင်အပတ်၊ ယခုအပတ်တွင် ရောင်းချနေသော ဈေးနှုန်းကောက်ခံခြင်းနှင့် ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်း ပြည့်စုံမှုရှိ/ မရှိ စစ်ဆေးခဲ့ပြီး ဒေါ်နီလာဝင်း၊ ဦးစီးမှူးက လုပ်ငန်းရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ တွင် အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ အချက်များကို မြန်မာဘာသာ  ဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာ သာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသား ဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

လှိုင်သာယာမြို့နယ်ရှိ Super Market တွင် ရောင်းချလျက်ရှိသော စားသောက်ကုန်၊ လူသုံးကုန် ပစ္စည်းများပြတ်လပ်မှုရှိ/ မရှိနှင့် ဈေးနှုန်း/ ဈေးကွက်အခြေအနေ

       (၃၀.၁၀.၂၀၂၅)ရက်နေ့ နေ့လယ်(၁၂:၃၀) နာရီခွဲအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် လှိုင်သာယာမြို့နယ်ရှိ City Mart Supermarket နှင့် Sein Gay Har Super Center တို့တွင် ထိုင်းနိုင်ငံထုတ်စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများပြတ်လပ်မှုရှိ/ မရှိနှင့် ဈေးနှုန်းဈေးကွက်အခြေအနေအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ရာ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုးတွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်းရှိ/ မရှိ စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ပစ္စည်းများပြတ်လပ်မှုရှိ/ မရှိနှင့် ယခင်အပတ်ဈေးနှုန်းနှင့် ယခုအပတ်ဈေးနှုန်းများ ကောက်ယူပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

Modern Mart များရှိ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ၏ ဈေးနှုန်းအခြေအနေအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့သည် (၂၉.၁၀.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် အင်းစိန်မြို့နယ်ရှိ သန့်စင်စတိုးနှင့် ရွှေပြည်သာမြို့နယ်ရှိ City Mart Supermarket သို့ သွားရောက်၍ ထိုင်းနိုင်ငံထုတ် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ၏ ဈေးနှုန်းအခြေအနေအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၂၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန်၊ ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက် ပြည့်စုံမှုရှိ/ မရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိနှင့် ယခင်အပတ်ဈေးနှုန်းနှင့် ယခုအပတ်ဈေးနှုန်းများ ကောက်ယူ၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

မှော်ဘီမြို့နယ်အတွင်းရှိ ရွှေထိပ်တန်းဆန်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် (၂၉.၁၀.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၅၀) နာရီငါးဆယ်မီနစ်အချိန်တွင် အမှတ်(၂၅၈)၊ ပြည်လမ်း၊ မှော်ဘီမြို့နယ်ရှိ ရွှေထိပ်တန်းဆန်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးမှ ပူးပေါင်းပါဝင်လျက် ရွှေထိပ်တန်းဆန်ဆိုင်သို့ ရောက်ရှိခဲ့ရာ ရွှေဘိုပေါ်ဆန်း၊ ဇီယာ၊ ဧည့်မထ၊ ပေါ်ဆန်း၊ ရက်(၉၀)၊ ကျားပျံနှင့် ပေါ်ဆန်းမွှေးတို့ကို မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းချုပ်မှ သတ်မှတ်ထား သောဈေးနှုန်းများအတိုင်း ရောင်းချပါကြောင်း၊ မိမိတို့မြို့နယ်တွင် လက်လုပ်လက်စားများစွာ နေထိုင်သောကြောင့် ဆန်မှာ နေ့စဉ်အရောင်းသွက်ပါကြောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းလည်း မရှိပါကြောင်း မိမိတို့ဌာနမှလည်း သတ်မှတ်ဈေးအတိုင်း ရောင်းချရန်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

         

Pages

Subscribe to RSS - HighLight News