ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ကမ္ဘောဒီးယားနိုင်ငံ၏ အဓိကလယ်ယာထွက်ကုန်များသည် ၂၀၂၄ ခုနှစ်အတွင်း သိသိသာသာ မြင့်တက်ခဲ့

            ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အဓိကပို့ကုန် ကုန်စည်များသည် သိသိသာသာမြင့်တက်လာခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်၊ ဗီယက်နမ်နှင့်ထိုင်းနိုင်ငံတို့ကို ဆန်၊ ငှက်ပျောသီး၊ သရက်သီး၊ ပီလောပီနံ၊ သီဟိုဠ်စေ့၊ ပြောင်း၊ ငရုတ်ကောင်းနှင့် ဆေးရွက်ကြီးတို့ကို အဓိကတင်ပို့ခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှနိုဝင်ဘာလ အတွင်း ကမ္ဘောဒီးယားနိုင်ငံသည် စပါးတင်ပို့မှုမှ ကန်ဒေါ်လာ ၁,၂၇၁ သန်းနှင့် ဆန်တင်ပို့မှုမှ ကန်ဒေါ်လာ ၄၃၈ သန်းရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၆.၄၂ ရာခိုင်နှုန်းနှင့် ၃.၉၇ ရာခိုင်နှုန်း အသီးသီးတိုးလာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) ၏ တရား ဝင်ထုတ်ပြန်ချက်များအရ သိရသည်။ ကမ္ဘောဒီးယားသည် ပီလောပီနံတင်ပို့မှုမှ ကန်ဒေါ်လာ ၆၂၂ သန်း၊ ရာဘာတင်ပို့မှုမှ ကန်ဒေါ်လာ ၅၂၃ သန်းရှိခဲ့ပြီး ၁၃.၄၂ ရာခိုင်နှုန်းနှင့် ၁၅.၈၁ ရာခိုင်နှုန်းအသီးသီး ရှိခဲ့သည်။ နိုင်ငံတော်သည် သီဟိုဠ်စေ့တင်ပို့မှုမှ ကန်ဒေါ်လာ ၅၀၂ သန်း၊ သရက်သီးတင်ပို့မှုမှ ကန်ဒေါ်လာ ၁၃၈ သန်းရှိခဲ့သည်။ သို့သော်လည်း ငှက်ပျောသီးတင်ပို့မှုမှာ ၁၁.၂ ရာခိုင်နှုန်းကျဆင်းခဲပြီး ကန်ဒေါ်လာ ၁၃၈ သန်းရရှိခဲ့ကြောင်း အစီရင်ခံစာတွင်ဖော်ပြထား သည်။ အခြားလယ်ယာထွက်ကုန်များဖြစ်သည့် ပြောင်း၊ ငရုတ်ကောင်းနှင့်ဆေးရွက်ကြီးတင်ပို့မှုမှ စုစုပေါင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၁၀ သန်းရရှိခဲ့သည်။ စိုက်ပျိုးရေးကဏ္ဍသည် အခြားသောကဏ္ဍများထက် ကမ္ဘောဒီးယားနိုင်ငံ၏ လူမှုရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပံ့ပိုး ရာတွင်အရေးပါသောအခန်းကဏ္ဍမှပါဝင်နေကြောင်း အစီရင်ခံစာတွင်ဖော်ပြထားကြောင်းသိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံမှဩစတြေးလျသို့ ပို့ကုန်များတင်ပို့မှုမှ ကန်ဒေါ်လာသန်း ၄၅၀ နီးပါးရရှိခဲ့

              ကမ္ဘောဒီးယားနိုင်ငံမှ ဩစတြေးလျနိုင်ငံသို တင်ပို့မှုတန်ဖိုးမှာ ၂၀၂၄ ခုနှစ်၊ ပထမ (၁၁) လ အတွင်း အမေရိကန်ဒေါ်လာသန်း ၄၅၀ နီးပါးရှိပြီး ၂၀၂၃ ခုနှစ်၊ အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၃၆ ရာခိုင်နှုန်းတိုးလာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MoC) မှ ထုတ်ပြန်ခဲ့သောအစီရင်ခံစာအရ သိရသည်။ ကမ္ဘောဒီးယားနှင့်ဩစတြေးလျနှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၅၄၇ သန်းအထိရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂၀.၉၅ ရာခိုင်နှုန်းတိုးလာကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ စုစုပေါင်းကုန်သွယ်မှုပမာဏတွင် ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၄၄၄ သန်းရှိခဲ့ပြီး ဩစတြေးလျမှ သွင်းကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၀၂ သန်းရှိခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံနှင့် ဩစတြေးလျတို့အကြား ဒေသတွင်းဘက်စုံစီးပွားရေးသဘောတူညီချက် (RCEP) သည် ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန်နှင့်ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများကို သိသိသာသာ မြှင့်တင်နိုင်ခဲ့ပြီး နိုင်ငံအတွက်ပို့ကုန်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ရန်အတွက် ထောက်ပံ့ ပေးနေကြောင်း ကမ္ဘောဒီးယားကုန်သည်ကြီးများအသင်း (CCC) မှ ထုတ်ပြန်ထားသည်။ ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MoC) သည် ကုန်သွယ်မှု မိတ်ဖက်နိုင်ငံများနှင့် ဆက်ဆံရေးခိုင်မာစေရန်နှင့် ကမ္ဘောဒီးယား၏ပို့ကုန်အလားအလာကို မြှင့်တင်ရန်အတွက် ကြိုးပမ်းနေကြောင်း အစီရင်ခံစာတွင်ထုတ်ပြန်ထားခဲ့ကြောင်းသိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

၂၀၂၄ ခုနှစ်တွင်လုပ်ငန်း ၇၆၁၈၀ နီးပါးလည်ပတ်မှုပြန်လည်စတင်ခဲ့သည့်ဗီယက်နမ်

            ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်၌ လုပ်ငန်း စုစုပေါင်း ၇၆၁၇၉ ခု လုပ်ငန်းလည်ပတ်မှု ပြန်လည်စတင်ခဲ့ကြောင်း စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနအောက်ရှိ စီးပွားရေးမှတ်ပုံတင် အေဂျင်စီ၏ အဆိုအရသိရပါသည်။ ပျမ်းမျှအားဖြင့် တစ်လလျှင် လုပ်ငန်း ၆၃၄၈ ခု လည်ပတ်မှု ပြန်လည်စတင်ခြင်းဖြစ်ကြောင်းသိရပါသည်။ ထို့ကြောင့် ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်၌ လုပ်ငန်းသစ်အရေအတွက်နှင့် လုပ်ငန်းလည်ပတ်မှုပြန်လည်စတင်သည့်လုပ်ငန်း အရေအတွက် မှာ ၂၃၃၄၁၉ ခုရှိခဲ့ကြောင်းသိရပါသည်။ လုပ်ငန်းသစ်အရေအတွက် ၁၅၇၂၄၀ ခု တည်ထောင် ခဲ့ပြီး နိုင်ငံစီးပွားရေးအနေဖြင့် မတည်မှတ်ပုံတင်မှုတန်ဖိုး အမေရိကန်‌ဒေါ်လာ ၁၄၀.၆ ဘီလီယံ ရရှိခဲ့ကြောင်းသိရပါသည်။ အသစ်တည်ထောင်သည့်လုပ်ငန်းအများစုမှာ မတည်ရင်းနှီးငွေ ဗီယက်နမ်ဒေါင် ၁ ဘီလီယံမှ ၁၀ ဘီလီယံထက်နည်းသည့် အသေးစားလုပ်ငန်းများဖြစ်ပြီး အရေအတွက်မှာ ၁၄၅၄၆၄ ခုရှိကြောင်းသိရပါသည်။ ဝန်ဆောင်မှုကဏ္ဍတွင် လုပ်ငန်းသစ် အရေအတွက် ၁၁၈၈၄၀ ခုရှိပြီး စက်မှုနှင့်ဆောက်လုပ်ရေးကဏ္ဍတွင် လုပ်ငန်းသစ် ၃၆၇၇၈ ခုရှိကြောင်းသိရပါသည်။ တစ်ချိန်တည်းမှာပင် ၂၀၂၄ ခုနှစ်တွင် လုပ်ငန်းအရေအတွက် ၁၉၇၈၆၁  ခု ဈေးကွက်မှထွက်ခွာခဲ့ပြီး အများစုမှာ ယာယီရပ်ဆိုင်းခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)

၂၀၂၆ ခုနှစ်တွင်ဒီဇယ်တင်သွင်းမှုကို B50 ပရိုဂရမ်ဖြင့်အဆုံးသတ်ရန်အင်ဒိုနီးရှားရည်မှန်း

            အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် ၅၀ ရာခိုင်နှုန်းဘိုင်အိုဒီဇယ် (B50) ပရိုဂရမ်ကို အကောင်အထည်ဖော်ပြီး ဒီဇယ်တင်သွင်းမှုကိုရပ်တန့်ရန်စီစဉ်နေကြောင်း စွမ်းအင်နှင့်သယံ ဇာတအရင်းအမြစ်ဝန်ကြီးဖြစ်သူ Bahlil Lahadalia ၏အဆိုအရသိရပါသည်။ စွမ်းအင်အသွင် ကူးပြောင်းမှုပရိုဂရမ်၏ အစိတ်အပိုင်းတစ်ခုအနေနှင့် အစိုးရသည် ၂၀၂၆ ခုနှစ်တွင် B50 ပရိုဂရမ်ကို အကောင်အထည်ဖော်ရန် ၂၀၂၅ ခုနှစ်တွင် B40 ကို ကနဦးအကောင်အထည်ဖော်ရမည် ဟုသိရပါသည်။ အကယ်၍ အောင်မြင်အောင်ဆောင်ရွက်နိုင်ပါက ၂၀၂၆ ခုနှစ်တွင် ဒီဇယ်တင်သွင်းရန် မလိုအပ်တော့ကြောင်း သိရပါသည်။ ထို B50 ပရိုဂရမ်သည်သမ္မတ Prabowo Subianto ၏ စွမ်းအင်ဖူလုံမှုရှိရေးညွှန်ကြားမှုနှင့်အညီ စတင်ခြင်းဖြစ်ကြောင်း သိရပါသည်။ Lahadalia က B50 အကောင်အထည်ဖော်ခြင်းသည် နိုင်ငံ၏အရံစွမ်းအင်မြင့်တက်စေမည်ဖြစ်ပြီး ပြည်တွင်းစွမ်းအင်လိုအပ်ချက် ပြည့်မီနိုင်စွမ်းမြင့်တက်ရန်ရည်မှန်းချက်ကို ပံ့ပိုးပေးနိုင်မည်ဟု သိရပါသည်။ တစ်ချိန်တည်းမှာပင် ဒုတိယဝန်ကြီး Yuliot Tanjung က B40 ဘိုင်အိုဒီဇယ် အသုံးပြုမှုမူဝါဒကို ယခုနှစ်ဖေဖော်ဝါရီလတွင် အပြည့်အဝအကောင်အထည်ဖော်မည်ဟု ပြောကြားခဲ့ပါသည်။ B40 သည် ဒီဇယ်ဆီ ၆၀ ရာခိုင်နှုန်းနှင့် စားအုန်းဆီမှပြုလုပ်သည့် ဘိုင်အိုလောင်စာ ၄၀ ရာခိုင်နှုန်းအရောဖြစ်ကြောင်းသိရပါသည်။ B40 ပရိုဂရမ်ပထမအဆင့်သည် ဘိုင်အိုဒီဇယ် ၁၅.၆ သန်းကီလိုလီတာထုတ်လုပ်နိုင်ရန် မျှော်လင့်ရကြောင်းသိရပါသည်။ စွမ်းအင်နှင့် သယံဇာတအရင်းအမြစ်ဝန်ကြီးဌာနကလည်း B40 ဘိုင်အိုဒီဇယ်ပရိုဂရမ်အတွက် စည်းမျဉ်းများကို ဇန်နဝါရီ ၁၂ ရက်နေ့နောက်ဆုံးထား၍ အပြီးသတ်ရန်ရည်ရွယ်ထားကြောင်း သိရှိရပါသည်။

Antara News

DOCA(ရန်ကုန်)                           

၂၀၂၅ ခုနှစ်တွင်ထိုင်းနိုင်ငံ၏ဆန်တင်ပို့မှု ၂၅ ရာခိုင်နှုန်းကျဆင်းနိုင်

             အိန္ဒိယနိုင်ငံကဆန်တင်ပို့မှုပြန်လည်စတင်သောကြောင့် ၂၀၂၅ ခုနှစ် တွင် ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုသည် ၂၀၂၄ ခုနှစ်ကထက် ၂၅ ရာခိုင်နှုန်းကျဆင်းနိုင်ကြောင်းသိရပါသည်။ ထိုင်းနိုင်ငံဆန်တင်ပို့သူများအသင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Chookiat Ophaswongse က ထိုင်းနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ဆန်တန်ချိန် ၇.၅ သန်းတင်ပို့ရန်မျှော်လင့်ရပြီး ၂၀၂၄ ခုနှစ်က တင်ပို့ခဲ့သည့် တန်ချိန် ၁၀ သန်းထက် ၂.၅ သန်းလျှော့ကျနိုင်ကြောင်းပြောကြားခဲ့ပါသည်။ အိန္ဒိယနိုင်ငံထံမှယှဉ်ပြိုင်မှုပြင်းထန်လာခြင်းနှင့် အင်ဒိုနီးရှားနိုင်ငံထံမှဝယ်လိုအားလျှော့ကျမှု ကလည်း ထိုသို့ကျဆင်းနိုင်ကြောင်း ခန့်မှန်းသည့်အချက်များတွင် ပါဝင်နေကြောင်းသိရှိရပါသည်။

Bangkok Post

DOCA(ရန်ကုန်)

၂၀၂၄ ခုနှစ်တွင် ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ၂၄.၇၇ဘီလီယံ ရရှိခဲ့သည့်ဗီယက်နမ်

               ဗီယက်နမ်နိုင်ငံ၏ ၂၀၂၄ ခုနှစ်တွင် စုစုပေါင်းကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇၈၆.၂၉ ဘီလီယံထိ ရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၁၅.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၂၄.၇၇ ဘီလီယံ ရရှိခဲ့ကြောင်း အထွေထွေစာရင်းအင်းရုံး က ဇန်နဝါရီလ ၆ ရက်နေ့ကကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် နိုင်ငံသည် အမေရိကန်ဒေါ်လာ ၄၀၅.၅၃ ဘီလီယံတန်ဖိုးတင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၃၈၀.၇၆ ဘီလီယံတန်ဖိုး ပြန်လည်တင်သွင်းခဲ့ကြောင်းသိရပါသည်။ ထိုတင်ပို့သည့် စုစုပေါင်းတန်ဖိုးတွင် ပြည်တွင်းကဏ္ဍမှာ အမေရိကန်‌ဒေါ်လာ ၁၁၄.၅၉ ဘီလီယံရှိပြီး ရေနံစိမ်း ပါဝင်သော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ အမေရိကန်‌ဒေါ်လာ ၂၉၀.၉၄ ဘီလီယံ ရှိကြောင်းသိရပါသည်။ ကုန်ပစ္စည်းအမျိုးအစား ၃၇ ခုတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် အသီးသီးရရှိခဲ့ကြောင်းသိရပါသည်။ တင်သွင်းမှုတွင် ပြည်တွင်းကဏ္ဍမှ အမေရိကန်ဒေါ်လာ ၁၄၀.၁၁ ဘီလီယံနှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှ အမေရိကန်ဒေါ်လာ၂၄၀.၆၅ ဘီလီယံသုံးစွဲခဲ့ကြောင်းသိရသည်။ ၂၀၂၅ ခုနှစ်တွင် တင်ပို့မှု ဆက်လက်မြှင့်တင်ရန် ဗီယက်နမ်သည် လက်ရှိတည်ရှိသော လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်(FTA)များမှ အကောင်းဆုံးအခြေအနေများကို ရှာဖွေသွားမည်ဖြစ်ကာ ပို့ကုန်သွင်းကုန်ဈေးကွက်များကိုတိုးချဲ့ရန်နှင့် ကွဲပြားရန် FTA အသစ်များ လက်မှတ်ထိုးနိုင်ရန် ကြိုးပမ်းသွားမည်ဟုသိရပါသည်။ စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီးဖြစ်သူ Vo Van Hung က ဌာနသည် ပြည်တွင်းစိုက်ပျိုးမွေးမြူရေးထုတ်ကုန် များကို စားသုံးမှုနှင့် ကုန်ထုတ်လုပ်မှုမြှင့်တင်ရန်နှင့် ၂၀၂၅ မှစ၍ လာမည့်နှစ်များအတွင်း စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များအတွက် တင်ပို့ရာဈေးကွက်များတိုးမြှင့်ရန်စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အနီးကပ်ညှိနှိုင်းဆွေးနွေးသွားမည်ဟု ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)

တောင်ကိုရီးယားနိုင်ငံ၏တတိယအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် ဗီယက်နမ်ဆက်လက်ရပ်တည်

               ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ်၌ တရုတ်နှင့်အမေရိကန်တို့၏နောက်တွင် တောင်ကိုရီးယားနိုင်ငံ ၏ တတိယအကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ ကြောင်း သိရပါသည်။ တောင်ကိုရီးယားနိုင်ငံ၏ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနက ဇန်နဝါရီလ ၆ ရက်နေ့ကထုတ်ပြန်ခဲ့သည့် အချက်အလက်အရ နိုင်ငံ၏တင်ပို့မှုစုစုပေါင်းတန်ဖိုး မှာ အမေရိကန်ဒေါ်လာ ၆၈၃.၈ ဘီလီယံရှိပြီး ဗီယက်နမ်နိုင်ငံသို့အမေရိကန်ဒေါ်လာ ၅၈.၃ ဘီလီယံတန်ဖိုးတင်ပို့ခဲ့ကာ အမေရိကန်ဒေါ်လာ ၂၈.၄ ဘီလီယံတန်ဖိုး ပြန်လည်တင်သွင်း ခဲ့ကြောင်းသိရပါသည်။ တောင်ကိုရီးယားနိုင်ငံ၏ ဗီယက်နမ်နှင့် နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၈၆.၇ ဘီလီယံရှိပြီး တရုတ်(အမေရိကန်ဒေါ်လာ ၂၇၂.၉ ဘီလီယံ) နှင့် အမေရိကန်(အမေရိကန်ဒေါ်လာ ၁၉၉.၉ ဘီလီယံ)နောက်တွင် တတိယ နေရာ၌ ရပ်တည်ခဲ့ကြောင်းသိရပါသည်။ တောင်ကိုရီးယားနိုင်ငံသည်  ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၂၉.၉ ဘီလီယံရရှိခဲ့ပြီး အမေရိကန်ထံမှရရှိသည့် ကုန်သွယ်ရေး ပိုငွေ အမေရိကန်ဒေါ်လာ ၅၅.၇ ဘီလီယံပြီးနောက် ဒုတိယအများဆုံးဖြစ်ကြောင်းသိရပါသည်။ ကိုရီးယားအေဂျင်စီများ၏ ဆန်းစစ်ချက်အရ ထိုသို့ကုန်သွယ်ရေးပိုငွေရရှိမှုသည် နိုင်ငံ၏ ဆီမီးကွန်ဒတ်တာတင်ပို့မှု ၂၀၂၃ ခုနှစ်မှစ၍ ပြန်လည်နာလံထူလာသောကြောင့်ဖြစ်ကြောင်း သိရပါသည်။ တောင်ကိုရီးယားနိုင်ငံ သည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၂၉.၂ ဘီလီယံ တန်ဖိုးရှိသော ဆီမီးကွန်ဒတ်တာ များတင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၄၃.၉ ရာခိုင်နှုန်းမြင့်တက် ခဲ့ကြောင်းသိရပါသည်။ ဆီမီးကွန်ဒတ်တာသည် နိုင်ငံ၏ဗီယက်နမ်သို့ အကြီးမားဆုံး တင်ပို့ခဲ့ သည့်ပစ္စည်းဖြစ်ကြောင်း သိရပါသည်။ နှစ်နိုင်ငံကြားကုန်သွယ်မှုသည်  လုပ်သားအားပြုရသည့် အထည်အလိပ်မှစ၍ ဆီးမီးကွန်ဒတ်တာကဲ့သို့သော တန်ဖိုးမြင့်ကုန်ပစ္စည်းများထိ ပါဝင်ကြောင်း သိရပါသည်။ ၂၀၁၄ တွင် စတင်အကောင်အထည်ဖော်ခဲ့သည့် ဗီယက်နမ်-တောင်ကိုရီးယား လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်ကလည်း ကုန်သွယ်မှုပမာဏကို အမေရိကန်‌ ဒေါ်လာ ၃၀ ဘီလီယံမှ ၈၀ ဘီလီယံထိ မြင့်တင်နိုင်ခဲ့ကြောင်းသိရပါသည်။ ခရီးသွားကဏ္ဍတွင် လည်း တောင်ကိုရီးယားနိုင်ငံသည် ဗီယက်နမ်သို့အများဆုံး လာရောက် လည်ပတ်သည့် နိုင်ငံ အဖြစ် ရပ်တည်နေကြောင်းသိရပါသည်။ အာဆီယံ၏အရေးပါမှုကြီးထွားလာမှုကြောင့် တောင်ကိုရီးယားနိုင်ငံသည် ကုန်သွယ်ရာတွင် အမေရိကန်နှင့်တရုတ်ကို အလွန်အမင်းမီခိုနေရမှုကို လျှော့ချနိုင်ခဲ့ပြီး ဗီယက်နမ်သည် အရေးပါသောအာဆီယံနိုင်ငံအဖြစ် ရပ်တည်နေကြောင်း သိရှိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)

ဗီယက်နမ်နှင့်လာအိုတို့ကုန်သွယ်ရေး၊စက်မှုနှင့်စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်

                ဗီယက်နမ်နိုင်ငံစက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန(MoIT) နှင့် ဗီယက်နမ်နိုင်ငံဆိုင်ရာ လာအိုသံရုံးတို့သည် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အနီးကပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းသိရပါသည်။ ဗီယက်နမ်စက်မှုနှင့် ကုန်သွယ် ရေးဝန်ကြီးဖြစ်သူ Nguyen Hong Dien နှင့် လာအိုသံအမတ် Khamphao Ernthavanh တို့သည် ၎င်တို့၏အလုပ်သဘောဆွေးနွေးမှုအတည်ပြုခြင်းကို ဇန်နဝါရီလ ၃ ရက်နေ့က ဟနွိုင်းမြို့တွင်ကျင်းပခဲ့ပါသည်။ ၂၀၂၄ တွင် နှစ်နိုင်ငံကြားကုန်သွယ်မှုသည် ကောင်းမွန်သော ရလဒ်ရရှိခဲ့ပြီး အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးအမေရိကန်ဒေါ်လာ ၂.၂ ဘီလီယံ ခန့်မှန်းရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၃၄ ရာခိုင်နှုန်းနီးပါးမြင့်တက်ခဲ့ကြောင်းသိရပါသည်။ ထိုပမာဏသည် အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးအမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်သည့် ပထမဆုံး အကြိမ် ဖြစ်ပြီး အစိုးရနှစ်ဖက်စလုံး၏ သတ်မှတ်ရည်မှန်းချက်ကို ကျော်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ Dien က ထိုအောင်မြင်မှုသည် နှစ်နိုင်ငံလုံးမှစီးပွားရေးလုပ်ငန်းများ၊ အာဏာပိုင်များနှင့် အစိုးရ များ၏ ကြိုးပမ်းအားထုတ်မှုများ၏ ရှင်းလင်းသောရလဒ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ်-လာအိုကုန်သွယ်ရေးသဘောတူညီချက်နှင့်ပတ်သတ်၍ Dien က ဗီယက်နမ်နှင့် လာအိုစက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနများသည် ၂၀၂၄ ခုနှစ် ဧပြီလ ၈ရက်နေ့က လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်အသစ်အား အစိုးရနှစ်ဖက်စလုံးမှခွင့်ပြုရန်အတွက် လိုအပ်သောလုပ်ငန်းစဉ်များကို ပြီးမြောက်ခဲ့ပြီဖြစ်ပြီး အကောင်အထည်ဖော်ရန်အဆင်သင့် ဖြစ်နေကြောင်းပြောကြားခဲ့ပါသည်။ ဝန်ကြီးသည် သံအမတ်ကြီးကို လာအိုအာဏာပိုင်များနှင့် အတူ အတွင်းပိုင်းလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် ပံ့ပိုးပေးရန်တောင်းဆို ခဲ့ကြောင်းသိရပါသည်။ စွမ်းအင်နှင့်သတ္တုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သတ်၍ Dien က၂ ၀၂၄ ခုနှစ်တွင် နှစ်နိုင်ငံကြားကျောက်မီးသွေးနှင့် လျှပ်စစ်ဝယ်ယူခြင်းနှင့် ရောင်းချ ခြင်းသည် အလွန်အပေါင်းလက္ခဏာဆောင်ခဲ့ကြောင်းပြောကြားခဲ့ပါသည်။ Khamphao က လတ်တလောနှစ်များအတွင်း နှစ်နိုင်ငံ၏အထင်ကြီးဖွယ်အောင်မြင်မှုများအပေါ် အမြင်ကိုဝေမျှ ခဲ့ပြီး ဗီယက်နမ်၏ပို့ကုန်သွင်းကုန်ကဏ္ဍနှင့် စက်မှုကဏ္ဍကြီးထွားမှုကို ချီးမွမ်းပြောကြား ခဲ့ပါသည်။ ထို့ပြင်ဗီယက်နမ်အား လာအိုဈေးကွက်သို့ ရေနံနှင့် Gasoline များရောင်းချပေးပြီး ပြည်တွင်းလောင်စာဈေးကွက်တည်ငြိမ်စေရန် ကူညီပေးခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း သံအမတ်ကပြောကြားခဲ့ကြောင်းသိရှိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)

၂၀၂၅ ခုနှစ်အတွက်တင်ပို့ရန်ရည်မှန်းချက်အမေရိကန်ဒေါ်လာ သန်း ၈၅၀ ရည်မှန်းထားသည့်ဗီယက်နမ်၏ Gia Lai ပြည်နယ်

              ဗီယက်နမ်နိုင်ငံ၏ Gia Lai ပြည်နယ်သည် ၂၀၂၅ ခုနှစ်အတွက် အမေရိကန်ဒေါ်လာ သန်း၈၅၀ တင်ပို့ရန်ရည်မှန်းထားကြောင်းသိရပါသည်။ ထိုရည်မှန်းချက်ပြည့်မီရန် ပြည်နယ် စက်မှုနှင့် ကုန်သွယ်ရေးဦးစီးဌာနသည်အလားအလာရှိသော‌ ဈေးကွက်များတွင် ကုန်စည်ပြပွဲများကျင်းပခြင်းမှတစ်ဆင့်ကုန်သွယ်မှုမြှင့်တင်ခြင်းပါဝင်သော ဗျူဟာမြောက်စီမံချက်များနှင့်စက်မှုအခြေခံအဆောက်အအုံများတိုးတက်ရေးတို့ကိုအသားပေးထားကြောင်းသိရပါသည်။ ပြည်နယ်သည်ပြည်တွင်းစီးပွားရေးလုပ်ငန်းများကမ္ဘာသို့ဝင်ရောက်နိုင်ရန်အတွက်ဒစ်ဂျစ်တယ်နည်းပညာကူးပြောင်းမှုအရှိန်မြှင့်တင်ခြင်းနှင့်စီမံခန့်ခွဲမှုစနစ်ပြုပြင်ခြင်းတို့ကိုဆောင်ရွက်လျှက်ရှိကြောင်းသိရပါသည်။ ထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချရန်နှင့်ယှဉ်ပြိုင်နိုင်စွမ်းမြှင်တင်ရန်ရည်ရွယ်၍ပြည့်ဖြိုးမြဲစွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကိုအဓိကအာရုံစိုက်ထားကြောင်းသိရပါသည်။ Gai Lai ပြည်နယ် သည် မေလ ၂၀၂၃ တွင်ခွင့်ပြုချက်ရခဲ့သည့် Vietnam’s National Power Development Plan 8 အောက်တွင်စီမံကိန်းများကို အဆင့်မြှင့်တင်လျှက်ရှိကြောင်း သိရပါသည်။ Gai Lai ၏ စက်မှုနှင့်ကုန်သွယ်ရေးဦးစီးဌာန၏ညွှန်ကြားရေးမှူးဖြစ်သူ Pham Van Binh က စီးပွားရေးလုပ်ငန်း များအတွက် အကောင်းဆုံးဖြစ်နိုင်သောအခြေအနေများကို ပံ့ပိုးပေးသွားမည်ဖြစ်ပြီး ထို့မှသာ ၂၀၂၅ တွင် ပို့ကုန်ရည်မှန်းချက် အမေရိကန်ဒေါ်လာ ၈၅၀ သန်းရောက်ရှိ နိုင်ရုံသာမက ကျော်ဖြတ်နိုင်မည်ဟုပြောကြားခဲ့ပါသည်။ ကော်ဖီသည် အဓိကထုတ်ကုန်အဖြစ် ရပ်တည်နေပြီး ၂၀၂၄ တွင်တန်ချိန် ၂၁၀၀၀၀ တင်ပို့ရာမှဝင်ငွေ အမေရိကန်ဒေါ်လာ ၆၄၀ သန်း ရရှိခဲ့ကာ စုစုပေါင်းပို့ကုန်ဝင်ငွေရရှိမှု၏ ၈၀ ရာခိုင်နှုန်းရှိကြောင်းသိရပါသည်။ အခြားပို့ကုန်များတွင် ရာဘာစေးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁.၂၅ သန်းနှင့် သစ်ထုတ်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂.၂၅ သန်းရရှိခဲ့ကြောင်းသိရပါသည်။၂၀၂၄ တွင် Gai Lai သည် ပြည်ပတင်ပို့မှုမှတစ်ဆင့် ဝင်ငွေအမေရိကန်‌ဒေါ်လာ ၈၂၀ သန်းရရှိခဲ့ပြီး ၂၀၂၃ ကထက် ၂၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းသိရှိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)

၂၀၂၅ ခုနှစ်တွင်အမေရိကန်ဒေါ်လာ ၁.၉ ဘီလီယံတန်ဖိုးတင်ပို့ရန်ရည်မှန်းထားသည့် ဗီယက်နမ်၏ Soc Trang ပြည်နယ်

            ပင်လယ်စာ၊ အရည်အသွေးမြင့်သောဆန်၊ သစ်သီးများနှင့် အဝတ်အထည်များအစရှိသည့် အဓိကထုတ်ကုန်များအား ပြုပြင်ထုတ်လုပ်မှုအရှိန်မြှင့်တင်ခြင်းအားဖြင့် ဗီယက်နမ်၏ Soc Trang ပြည်နယ်သည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁.၉ ဘီလီယံတန်ဖိုးတင်ပို့ရန် ရည်ရွယ် ထားကြောင်း သိရပါသည်။ ထိုရည်မှန်းချက်ပြည့်မီရန် ပြည်နယ်သည် ထုတ်ကုန်အရည်အသွေး မြှင့်တင်ခြင်း၊ ဒီဇိုင်းကွဲပြားခြင်းနှင့် ဈေးကွက်တိုးချဲ့ရန် အာရုံစိုက်ထားကြောင်း သိရပါသည်။ အချို့သောစီးပွားရေးလုပ်ငန်းများအတွက် နာလံထူမှုနှေးကွေးခြင်းပါဝင်သည့် စိန်ခေါ်မှုများ ၂၀၂၄ ခုနှစ်တွင်ရှိခဲ့သော်လည်း ပြည်နယ်သည် တင်ပို့မှုမှတစ်ဆင့် အမေရိကန် ၁.၈ ဘီလီယံရရှိခဲ့ ကြောင်း သိရပါသည်။ အဓိကဝင်ငွေရရှိခဲ့သည့် ပို့ကုန်များတွင် ပင်လယ်စာ(အမေရိကန်ဒေါ်လာ ၉၁၀ သန်း)နှင့် ဆန်(အမေရိကန်ဒေါ်လာ၇၉၈ သန်း)တို့ဖြစ်ကြောင်းသိရပါသည်။ ဆန်တင်ပို့မှု သိသာစွာကြီးထွားလာရခြင်းသည် တန်ချိန် ၁.၃ သန်းနီးပါးဖြင့် များပြားစွာထုတ်လုပ်နိုင်ခြင်းနှင့် အရည်အသွေးမြင့်တက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်းသိရပါသည်။ ပြည်နယ်၏ဆန်သည် အားကောင်းသော ဂုဏ်သတင်းရရှိနေပြီး ဗီယက်နမ်ဆန်အမှတ်တံဆိပ်ကို ကမ္ဘာ့အဆင့်တွင် ပိုမိုကျယ်ပြန့်စေခဲ့ကြောင်းသိရပါသည်။ လာမည့်အချိန်တွင် ပြည်နယ်သည် ၎င်းတို့၏အထူးဆန်မျိုးကွဲများကိုမြှင့်တင်ရန်၊ ဆန်အမှတ်တံဆိပ်ခိုင်မာစေရေးတည်ဆောက်ရန်နှင့် ပို့ကုန်မြှင့်တင်ရန်အတွက် သိပ္ပံနည်းကျဈေးကွက်ရှာဖွေရန် စီစဉ်နေကြောင်းသိရပါသည်။ သင့်လျော်သောဈေးကွက် အခြေအနေများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသောဈေးနှုန်းများနှင့်အတူ Soc Trang ၏ ဆန်တင်ပို့မှုသည် လာမည့်နှစ်များတွင် ဆက်လက်အားကောင်းနေရန် မျှော်လင့်ရကြောင်း သိရှိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)                  

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ