အိန္ဒိယ၏ ပုစွန်တင်ပို့မှု တန်ချိန် ၈၀၀၀၀ ကျော်ဖြင့် ၁ ရာခိုင်နှုန်းမြင့်တက်

Powered by Drupal

    အိန္ဒိယ၏ ပုစွန်တင်ပို့မှုသည် မျှော်မှန်းတန်ချိန် ၈၀၀၀၀ ထက်ကျော်လွန်ကာ ဇူလိုင်လတွင် တန်ချိန် ၈၁၆၇၄ တင်ပို့နိုင်ခဲ့သည့်အတွက် ၇ လအတွင်း ၁ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရ သည်။

   InCred Research ၏ အစီရင်ခံစာတွင် ပုစွန်တင်ပို့မှုသည် ပထမ ၇ လအတွင်း တန်ချိန် ၄၅၅,၄၈၉ ဖြင့် နှစ်စဉ် ၁ ရာခိုင်နှုန်းတိုးတက်လျက်ရှိကြောင်း၊ ယခုကဲ့သို့ တင်ပို့မှုတိုးတက်လာခြင်း သည် ပထမလဝက်တွင် အနည်းငယ်ကျဆင်းခဲ့မှုကို ပြန်လည်တည့်မတ်စေခဲ့ကြောင်း၊ အမေရိကန် ပြည်ထောင်စု၏ ဈေးကွက်လိုအပ်ချက်နှင့်အတူ အိန္ဒိယသည် ဗြိတိန်နှင့် ဥရောပသမဂ္ဂနိုင်ငံများမှ ဈေးကွက်ဝေစုကို ရရှိထားခြင်းကြောင့် တင်ပို့မှုပမာဏနှင့် တင်ပို့မှုတန်ဖိုးစံချိန်တင် မြင့်တက် လျက်ရှိကြောင်း ဖော်ပြထားပါသည်။

    ပထမလက်ဝက်တွင် တင်ပို့ခဲ့သည့် ပမာဏထက် ဇူလိုင်လတွင် တင်ပို့မှုမြင့်တက်ခဲ့ကြောင်း၊ နောက်ဆုံးရအချက်အလက်အရ အိန္ဒိယ၏ထုတ်လုပ်မှုကွင်းဆက်သည် ကျယ်ပြန့်လျက်ရှိရာ တင်ပို့မည့် ကုန်ပစ္စည်း၏ ရူပအနေအထားလည်း ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

    အိန္ဒိယအနေဖြင့် ပုစွန်တင်ပို့မှု စံချိန်တင်မြင့်တက်လာမှုမှသည် လစဉ်မည်သည့်ပမာဏ ဖြင့် တိုးချဲ့တင်ပို့နိုင်မှုရှိခြင်းအထိ အဓိကစဉ်းစားရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် အိန္ဒိယသည် ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတွင် ၎င်း၏ ဈေးကွက်ကို ဆက်လက်ထိန်းသိမ်းထားပြီး အမေရိကန်ပြည်ထောင်စုသို့ တိုးမြှင့်တင်ပို့လျက်ရှိကြောင်းသိရသည်။

    ပင်လယ်ရေထွက်ကုန်တင်ပို့သူများအသင်းအထွေထွေအတွင်းရေးမှူးချုပ် KN Raghavan က ပုစွန်တင်ပို့မှုကဏ္ဍတွင် စဉ်ဆက်မပြတ်တင်ပို့မှုမြင့်တက်လာခြင်းသည် ယင်းကဏ္ဍ၏ မြဲမြံမှုနှင့် ခံနိုင်ရည်ရှိမှုကို ပြသလျက်ရှိကြောင်း၊ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အမျိုးအစားတစ်ခု၊ ထုတ်ကုန် တစ်ခု၊ ဈေးကွက်တစ်ခုမှသည် အမျိုးအစားစုံ၊ ထုတ်ကုန်အစုံနှင့် ဈေးကွက်အမျိုးမျိုး ရရှိအောင် ရှာဖွေလျက်ရှိရာ အရှေ့အာရှနှင့် အရှေ့တောင်အာရှတွင် လူကြိုက်များသည့် ကျားပုစွန်အား တိုးမြှင့်တင်ပို့နိုင်ခဲ့ပြီး၊ ဥရောပ၊ ဗြိတိန်၊ ရုရှား၊ ဗီယက်နမ်နှင့်တရုတ်နိုင်ငံများသို့ ပစ်မှတ်ထား၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ပိုမိုတိုးချဲ့တင်ပို့သွားမည်ဖြစ်ကြောင်းသိရသည်။

Source: The Hindu Businessline, September 23, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)