အိန္ဒိယတွင် ပဲပုပ်စေ့ကြိတ်ဖတ် ပို့ဆောင်မှုရုတ်တရက်ကျဆင်းခြင်းကြောင့် ဇူလိုင်လ၏ ဆီထွက်သီးနှံ ကြိတ်ဖတ် တင်ပို့မှု ၆၅ % ကျဆင်း

Powered by Drupal

   ယှဉ်ပြိုင်နိုင်စွမ်းကျဆင်းနေသည့် ပဲပုပ်စေ့ကြိတ်ဖတ်ဈေးနှုန်းများ၊ တောင်အမေရိကမှ ဈေးနှုန်း သက်သာသည့် တင်သွင်းမှုများနှင့် သယ်ယူပို့ဆောင်စရိတ်ကြီးမြင့်မှုများကြောင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင် လတွင် ပဲကြိတ်ဖတ်၊ နှမ်းကြိတ်ဖတ်ကဲ့သို့သော ဆီထွက်သီးနှံကြိတ်ဖတ်များ၏ ပြည်ပတင်ပို့မှု စုစုပေါင်း ၆၅ % ကျဆင်းခဲ့ကြောင်းသိရသည်။

    အိန္ဒိယနိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် ပဲကြိတ်ဖတ်၊ နှမ်းကြိတ်ဖတ် တန်ချိန် ၄.၂၂ သိန်း တင်ပို့ခဲ့သော်လည်း ၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင် တန်ချိန် ၁.၄၈ သိန်း တင်ပို့ခဲ့ကြောင်း Solvent Extractors’ Association of India (SEA) က ပြောကြားထားသည်။

    SEA ၏ အမှုဆောင်ဒါရိုက်တာချုပ်ဖြစ်သူ BV Mehta က အိန္ဒိယ၏ ပဲပုပ်စေ့ကြိတ်ဖတ်သည် အာဂျင်တီးနားနှင့် ဘရာဇီးကဲ့သို့သောနိုင်ငံများမှ ဈေးနှုန်းသက်သာစွာတင်သွင်းလာသည့် ပဲပုပ်စေ့ ကြိတ်ဖတ်များနှင့် ပြိုင်ဆိုင်မှုပြင်းထန်လျက်ရှိကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ၏ ပဲပုပ်စေ့ကြိတ်ဖတ် တင်ပို့မှုသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ၉၀ % နီးပါးကျဆင်းခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် တန်ချိန် ၁,၈၃,၅၅၃ တင်ပို့ခဲ့ရာမှ ၂၀၂၆ ခုနှစ် ဇူလိုင်လတွင် တန်ချိန် ၁၇, ၈၁၀ အထိ တင်ပို့မှုကျဆင်းခဲ့ကြောင်း ပြောကြားထားသည်။

    နိုင်ငံတကာ ပျမ်းမျှဈေးနှုန်း တစ်တန်လျှင် ဒေါ်လာ ၄၂၈ နှင့်နှိုင်းယှဉ်ပါက အိန္ဒိယ၏ ပဲပုပ်စေ့ ကြိတ်ဖတ်ဈေးနှုန်းသည် တစ်တန်လျှင်ဒေါ်လာ ၆၁၃ နီးပါးရှိနေသည့်အတွက် နိုင်ငံတကာဈေးကွက် တွင် အိန္ဒိယ၏ထုတ်ကုန်များသည် ဈေးနှုန်းကြီးမြင့်လျက်ရှိကြောင်း၊ ပြည်တွင်း ပဲပုပ်စေ့ကြိတ်ဖတ် ဈေးနှုန်းများမြင့်တက်နေမှုနှင့် မွေးမြူရေးအစားအစာ ထုတ်လုပ်သူများထံမှ ဝယ်လိုအားများပြား နေမှုကြောင့် တင်ပို့မှုအခွင့်အလမ်းရရှိမှု ကျဆင်းလျက်ရှိကြောင်း သိရသည်။

    ပဲပုပ်စေ့ကြိတ်ဖတ်အပြင် မုန်ညှင်းစေ့ကြိတ်ဖတ် တင်ပို့မှုသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် တန်ချိန် ၂,၀၉,၁၂၈  ရှိခဲ့ရာမှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင် တန်ချိန် ၉၆,၅၃၉ သို့ကျဆင်းခဲ့ကြောင်း သိရ သည်။ ၂၀၂၆-၂၀၂၇ ခုနှစ်၊ ဧပြီလမှ ဇူလိုင်လအတွင်း အိန္ဒိယ၏ ဆီထွက်သီးနှံ ကြိတ်ဖတ်တင်ပို့မှု စုစုပေါင်းတန်ချိန် ၁၁.၅ သိန်းအထိကျဆင်းခဲ့ပြီး ၂၀၂၅-၂၀၂၆ ခုနှစ် အလားတူကာလတွင် တင်ပို့ခဲ့သည့် တန်ချိန် ၁၅.၁၆ သိန်းအောက် ၂၇ % ကျဆင်းခဲ့ကြောင်းသိရသည်။

    ၂၀၂၆ ခုနှစ် ဧပြီလမှ ဇူလိုင်လအတွင်း အိန္ဒိယ၏ ဆီထွက်သီးနှံကြိတ်ဖတ်တင်ပို့မှုစုစုပေါင်း ၂၇ % ကျဆင်းရခြင်းမှာ အဓိကအားဖြင့် ပဲပုပ်စေ့ကြိတ်ဖတ် ပို့ဆောင်မှုအားနည်းမှု၊ တောင်အမေရိက မှ ထုတ်လုပ်သူများနှင့် ယှဉ်ပြိုင်မှုပြင်းထန်မှုနှင့် သယ်ယူပို့ဆောင်စရိတ်ကြီးမြင့်မှုတို့ကြောင့် ဖြစ် ကြောင်း Mehta ကပြောကြားထားပါသည်။

    တရုတ်နိုင်ငံသို့ မုန်ညှင်းစေ့ကြိတ်ဖတ်တင်ပို့မှု မြင့်တက်သော်လည်း ယင်းပမာဏသည် တင်ပို့မှု အားလုံးကျဆင်းမှုအပေါ် လုံလောက်မှုမရှိကြောင်း၊ အိန္ဒိယ၏ မုန်ညှင်းစေ့ကြိတ်ဖတ် တင်ပို့မှု သည် ၂၀၂၅-၂၀၂၆ ပထမ ၄ လတွင် တန်ချိန် ၇.၄၀ သိန်းရှိခဲ့သော်လည်း ၂၀၂၆-၂၀၂၇ ပထမ ၄ လတွင် တန်ချိန် ၇.၅၆ သိန်းသို့ တိုးတက်ခဲ့ကြောင်း၊ သို့သော် ပဲပုပ်စေ့ကြိတ်ဖတ် တင်သွင်းမှုသည် သိသာစွာ ကျဆင်းလျက်ရှိရာ အိန္ဒိယ၏ ပဲပုပ်စေ့ကြိတ်ဖတ်တင်သွင်းမှုသည် ၂၀၂၆-၂၀၂၇ ဧပြီလမှ ဇူလိုင်လ အတွင်း တန်ချိန် ၁.၈၇ သိန်းသို့ကျဆင်းသွားကြောင်း သိရသည်။

     ၂၀၂၆-၂၀၂၇ ဧပြီလမှ ဇူလိုင်လအတွင်း အိန္ဒိယထံမှ ပဲပုပ်စေ့ကြိတ်ဖတ်အဓိက ဝယ်ယူ တင်သွင်း သူများမှာ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နှင့် ဗီယက်နမ်တို့ဖြစ်ပြီး၊ တရုတ်နိုင်ငံသည် ၂၀၂၆-၂၀၂၇ ဧပြီလမှ ဇူလိုင်လအတွင်း အိန္ဒိယထံမှ ဆီထွက်သီးနှံကြိတ်ဖတ်တန်ချိန် ၃.၅၅ သိန်းကို ဝယ်ယူ တင်သွင်းခဲ့ရာ ၎င်းတွင် မုန်ညှင်းစေ့ကြိတ်ဖတ်တန်ချိန် ၃.၅၀ သိန်း၊ ကြက်ဆူ ကြိတ်ဖတ်တန်ချိန် ၁,၆၁၆ နှင့် ပဲပုပ် စေ့ကြိတ်ဖတ် ၃,၁၂၇ ပါဝင်ကြောင်း သိရသည်။

    အိန္ဒိယသည် ၂၀၂၆-၂၀၂၇ ဧပြီလမှ ဇူလိုင်လအတွင်း ဘင်္ဂလား‌ဒေရှ့်သို့ ဆီထွက်သီးနှံ ကြိတ်ဖတ်တန်ချိန် ၁.၇၂ သိန်း တင်ပို့ခဲ့ပြီး ၎င်းတွင် မုန်ညှင်းစေ့ကြိတ်ဖတ် တန်ချိန် ၁.၆၃ သိန်း၊ ပဲပုပ်စေ့ကြိတ်ဖတ် တန်ချိန် ၈,၂၀၄ နှင့် ဖွဲနုကြိတ်ဖတ် တန်ချိန် ၉၁၁ ပါဝင်ကြောင်းသိရသည်။

    ဗီယက်နမ်သည် ၂၀၂၆-၂၀၂၇ ဧပြီလမှ ဇူလိုင်အတွင်း အိန္ဒိယထံမှ ဆီထွက်သီးနှံ ကြိတ်ဖတ် တန်ချိန် ၁.၀၈ သိန်း  ကို ဝယ်ယူခဲ့ရာ ၎င်းတွင် မုန်ညှင်းစေ့ကြိတ်ဖတ်တန်ချိန် ၄၃,၈၄၂၊ ဖွဲနုကြိတ်ဖတ် တန်ချိန် ၅၉,၆၂၉၊ ပဲပုပ်စေ့ကြိတ်တန်ချိန် ၄,၃၆၆ နှင့် မြေပဲကြိတ်ဖတ်တန်ချိန် ၂၆၁ အသီးသီး ပါဝင် ကြောင်းသိရသည်။

Source: The Hindu BusinessLine, 14 October 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)