အိန္ဒိယနိုင်ငံ တီလန်ဂါနာပြည်နယ်ရှိ အထွက်နှုန်းကျဆင်းလာမှုနှင့်အတူ ဆန်ဈေးနှုန်းများ မြင့်တက် လျက်ရှိ

Powered by Drupal

    ဆန်စပါးသတင်းများတွင် တီလန်ဂါနာ (Telangana) ပြည်နယ်၌ ဆန်ဈေးနှုန်းများ မြင့်တက် လာမှုကြောင့် မဟာရဋ္ဌ (Maharashtra)၊ ကာနာတာကာ (Karnataka) နှင့် တမီးလ်နာဒူး (Tamil Nadu) ပြည်နယ်တို့မှ ကုန်သည်များသည် တောင်သူများထံမှ စပါးများကို တိုက်ရိုက်ဝယ်ယူလာကြ သည်။ အမေရိကန် စိုက်ပျိုးရေးဌာန (USDA) ၏ ထုတ်ပြန်ချက်အရ ၂၀၂၆-၂၇ ရာသီတွင် အိန္ဒိယ နိုင်ငံ၏ ဆန်ထုတ်လုပ်မှုသည် တန်ချိန် ၇ သန်းခန့် လျော့ကျသွားမည်ဖြစ်ပြီး စုစုပေါင်း တန်ချိန် ၁၄၇ သန်းအထိ ရှိလာမည်ဟု ခန့်မှန်းထားသည်။ နောက်ဆုံးသတင်းအနေဖြင့် မြန်မာနိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံမှ ဝယ်လိုအားပိုမိုမြင့်တက်လာမှုနှင့်အတူ ဆန်တန်ချိန် ၃ သန်း တင်ပို့နိုင်ရန် ရည်မှန်း ထားကြောင်း သိရသည်။

   ထိုသို့ ဝယ်ယူရာတွင် ကုန်သည်များသည် အစိုးရ၏ အနည်းဆုံး အာမခံဈေး (MSP) ထက် ပိုမိုမြင့်မားသော စပါး တစ်ကွင်တယ် (ကီလို ၁၀၀) လျှင် ရူပီး ၄,၀၀၀ မှ ၄,၆၀၀ နှုန်းဖြင့် တောင်သူ များထံမှ တိုက်ရိုက်ဝယ်ယူနေကြသည်။ ဈေးနှုန်းများ မြင့်တက်နေချိန်တွင် ကုန်စည်ရရှိနိုင်ရေး အတွက် အချို့သောကုန်သည်များသည် စရံငွေများ ကြိုတင်ပေးချေခြင်းများ ပြုလုပ်နေကြကြောင်း သိရသည်။

    ဆန်ဈေးနှုန်း မြင့်တက်ပြီး ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်းကြောင့် တောင်သူများအတွက် ရောင်းချနိုင်မည့် အခွင့်အလမ်းနှင့် ဝင်ငွေ ပိုမိုရရှိနိုင်သော်လည်း ဒေသတွင်းဆန်စပါး ရရှိနိုင်မှုအပေါ် သက်ရောက်မှုမှာမူ ဝယ်ယူစုဆောင်းသည့် ပမာဏ၊ စပါးလက်ကျန်နှင့် အခြားပြည်နယ်များသို့ ဆန် စီးဆင်းမှုတို့အပေါ် မူတည်မည် ဖြစ်သည်။

    ယူကရိန်းအခြေစိုက် စိုက်ပျိုးရေးသုတေသနနှင့် ကုန်သွယ်မှုသတင်း အေဂျင်စီ (UkrAgro Consult)၏ အစီရင်ခံစာနှင့် USDA ပြည်တွင်းစိုက်ပျိုးရေးဌာန၏ ဖော်ပြချက်အရ ၂၀၂၆-၂၀၂၇ ရာသီ တွင် အိန္ဒိယနိုင်ငံ၏ ဆန်ထုတ်လုပ်မှုသည် ယခင်ရာသီက တန်ချိန် ၁၅၄ သန်း ရှိခဲ့ရာမှ တန်ချိန် ၇ သန်း လျော့ကျကာ တန်ချိန် ၁၄၇ သန်းသို့ ကျဆင်းသွားမည်ဟု ခန့်မှန်းထားသည်။ ပုံမှန်မဟုတ်သော မိုးရွာသွန်းမှုများသည် စိုက်ပျိုးမှုကို ထိခိုက်စေခဲ့ပြီး စပါးအထွက်နှုန်း အတွက် စိုးရိမ်ပူပန်မှုများကို မြင့်တက်စေခဲ့သည်။

    အိန္ဒိယ၏ ဆန်ထွက်နှုန်း ကျဆင်းမှုသည် ပြည်တွင်းဈေးနှုန်းနှင့် နိုင်ငံတကာ ရောင်းလိုအား အပေါ် သက်ရောက်နိုင်သော်လည်း ပြည်တွင်းဆန်လက်ကျန် ပမာဏများက တင်ပို့မှုကို အထောက် အကူပြုနိုင်မည်ဖြစ်ပြီး အမှန်တကယ် သက်ရောက်မှုမှာ ရိတ်သိမ်းမှု၊ ပြည်တွင်းစားသုံးမှုနှင့် အစိုးရ မူဝါဒများအပေါ် မူတည်သဖြင့် မိုးလေဝသနှင့် ထုတ်လုပ်မှု ခန့်မှန်းချက်များကို စောင့်ကြည့်ရမည် ဖြစ်သည်။

Souce: IREF (Indian Rice Exporter’s Federation), 14 Oct 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)