တရုတ်အဝယ်လိုက်လာတဲ့အတွက်နှမ်းဈေးများမြင့်လာပီး မြေပဲဆံဈေးများငြိမ်နေ

Powered by Drupal

          ပြည်ခရိုင်အတွင်း မိုးနှမ်းစိုက်ဧက ၆၆၉၄၀ ၊နွေနှမ်းစိုက်ဧက ၃၁၁ ရှိပီး အတွက်နှုန်းအနေဖြင့် ၁၇ရာ ခိုင်နှုန်းရှိပါသည်။ နှမ်းနီတစ်တင်းလျှင် ၃တင်းဝင်တစ်အိတ်ဈေး ၄၀၀၀၀၀ကျပ်၊ နှမ်းနက် တစ်တင်းလျှင် ၄၅၀၀၀၀ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် ၄၂၅၀၀၀ ကျပ်၊ နှမ်းညိုတစ်တင်းလျှင် ၃၉၀၀၀၀ကျပ်   ဈေးရှိနေသော်လည်း ပြည်ခရိုင်အနေဖြင့် နှမ်းနီ၊ နှမ်းနက်များကိုသာ စိုက်ပျိုးမှုများ ပါသည်။ ယခု ဩဂုတ်လနောက်ဆုံးပတ်တွင် နှမ်းဈေးများ မြင့်တက်ခဲ့ရာ နှမ်းနက် တစ်အိတ် လျှင် ၅၅၀၀၀၀ကျပ်  နှမ်းဖြူတစ်အိတ်လျှင် ၄၅၀၀၀၀ကျပ်၊  နှမ်းညိုတစ်အိတ်လျှင်  ၄၃၀၀၀၀ကျပ် ဖြင့် နှမ်းဈေးများမြင့်တက်ခဲ့ပါသည်။ ပြည်ကုန်စည်ဒိုင်မှာတော့ ခရိုင်အတွင်း စိုက်ပျိုးသောနှမ်းမျိုး များသာ ပုံမှန်အရောင်းအဝယ်ရှိနေပြီး လတ်တလောတွင် နှမ်းဈေးများ မြင့်တက်နေရခြင်းမှာ တရုတ်နိုင်ငံမှ အဝယ်လိုက်လာသည့်အတွက် ဈေးများမြင့်တက်ခဲ့တာ ဖြစ်ကြောင်း  တောင်သူများ အနေဖြင့် အရည်အသွေးကောင်း၍ အရောင်အဆင်းလှသော နှမ်းများအား အလျှင်စလို ရောင်းချခြင်း မပြုဖို့အတွက် လည်းအကြံပြု ရေးသားထားသည်ကို နှမ်းဈေးကွက် သတင်း  Lin  Lifestyle မှ လေ့လာသိရှိခဲ့ရပါသည်။   ပြည်ခရိုင်မြေဆံဈေးကွက်မှာလည်း ဩဂုတ်လ ပထမပတ်တွင်လုံးဆံ တစ်တင်းလျှင် ဆီဆံတစ်ပိဿာလျှင်  ၁၁၅၀၀ကျပ်၊ လုံးဆံတစ်ပိဿာလျှင် ၁၄၀၀၀ မှ ၁၄၅၀၀ကျပ် ဈေးဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး ယခုဩဂုတ်လနောက်ဆုံးပတ်တွင် ပဲအသစ်များပေါ်လာသည့် အတွက် မြေပဲဆံဈေး အေးသွားပါကြောင်းနှင့်အရောင်းအဝယ်ပုံမှန်ဖြစ် လျှက်ရှိပါသည်။

DOCA(ပဲခူး)