
ဧရာဝတီတိုင်းဒေသကြီး၊မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆန်နီချောင်ကျေးရွာနေ ပြည်သူ (၁၂၀)ဦးအား မိမိတို့နေစဥ် စားသုံးနေသည့် အစားအသောက်များတွင် ဘေးအန္တရယ်ကင်းရှင်းသော အစားအစာများကို သေချာစွာ ရွေးချယ်ဝယ်ယူရန်နှင့် ကုန်ညွှန်းအမှတ်အသားပြည့်စုံသည့် အစား အသောက်များကိုသာရွေးချယ်ဝယ်ယူရန် အသိပညာပေးဟောပြောပွဲကို (၁၁-၉-၂၀၂၆)ရက်နေ့ နေ့လည်(၁၄:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှမြန်အောင်မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က ဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ ပြည်သူများ ရရှိနိုင် မည့် အခွင့်အရေးများအား အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ရပ်ကွက်/ကျေးရွာရှိ ပြည်သူများအား ဌာန၏ လက်ရှိဆောင်ရွက် လျက်ရှိသော လုပ်ငန်းတာဝန်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ ပြည်သူများ ရရှိနိုင်မည့် အခွင့် အရေးများအား၊ ကျေးရွာအတွင်း ဆီဖြန့်ဖြူးရောင်းချပေးနေသည့် အခြေအနေများအား ဌာနမှ ကြီးကြပ်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါစားသုံးသူအခွင့်အရေးနှင့်တာဝန်များကိုရှင်းလင်းဆွေးနွေးခဲ့ပြီးစားသုံးသူများအနေဖြင့် လိုက်နာဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အစားအသောက်နှင့်ကုန်စည်များ ဝယ်ယူအသုံးပြုရာတွင် မြန်မာဘာသာဖြင့် ကုန် အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသောကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူရမည် ဖြစ် ကြောင်း၊ အစားအသောက်များတွင် ပါဝင်သော ဓါတုဆိုးဆေး၏ ဆိုးကျိုးများအကြောင်း အသိ ပညာပေး ဟောပြောခဲ့ပြီး၊ စားသုံး သူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်း နိုင်ကြောင်းကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA ဧရာဝတီ
