ကန့်ဘလူမြို့နယ်၌ MSEM လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကိတ်နှင့်ပေါင်မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်၊  တာဝန်ခံဦးမျိုးဝင်းသန်း နှင့် ဝန်ထမ်း()ဦးတို့သည် စက်တင်ဘာလ ၁၆ ရက် နံနက်ပိုင်းက မြို့ပေါ်ရှိ ကိတ်နှင့်ပေါင်မုန့် ထုတ်လုပ်ရောင်းချနေသော လုပ်ငန်းရှင်နှင့်တွေ့ဆုံကာ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် တွေ့ဆုံဆွေးနွေး အသိပညာပေးခဲ့ကြောင်း သိရသည်။

     မြို့နယ်တာဝန်ခံက ဒေသတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ ဌာနအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  လုပ်ငန်းရှင်များအနေဖြင့် လိုအပ်ချက်များရှိပါက တင်ပြဆောင်ရွက်နိုင်ကြောင်း၊ မိမိတို့ထုတ်လုပ် သည့် အသင့်စားမုန့်အမျိုးမျိုးတွင် အရည်အသွေးပြည့်မီစေရန်အတွက် မုန့်ထုပ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ညွှန်ကြားချက်အတိုင်း ပြည့်စုံစွာဖော်ပြရန်၊ မုန့်များထုတ်လုပ်ရာတွင် ခွင့်မပြုဆိုးဆေးများနှင့် သက်တမ်းလွန် ကုန်ကြမ်းများ အသုံးမပြုရန်၊ ထုတ်လုပ်သည့် လုပ်ငန်းခွင် သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ရွေးချယ်ဝယ်ယူနိုင်စေရန် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်စွဲကို စနစ်တကျ ရိုက်နှိပ်ရောင်းချရန် သိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

      ယင်းနောက် ကိတ်နှင့်ပေါင်မုန့်လုပ်ငန်းရှင်က မိမိတို့လုပ်ငန်း လက်ရှိလည်ပတ်နေမှု အခြေအနေ များ၊ ကြုံတွေ့ရသည့် အခက်အခဲများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်နေမှု အခြေအနေများကို အပြန်အလှန် ဆွေးနွေးတင်ပြခဲ့ကြရာ မြို့နယ်တာဝန်ခံ က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)