ဖရဲသီးကောင်းကျိုးနှင့်ဈေးနှုန်းဈေးကွက်

Powered by Drupal

           ဖရဲသီးသည်အရည်ရွှမ်း၍အေးမြလတ်ဆက်သောအရသာကိုပေးစွမ်းနိုင်သဖြင့်နွေရာသီကာလတွင် စားသုံးမှုများကြသော်လည်း ယခုမိုးရာသီကာလသို့ရောက်လာသည့် တိုင်ဝယ် ယူစားသုံးမှု မပြတ်သေးသောသီးနှံတစ်မျိုးဖြစ်ပါသည်။ ယခင်က‌နွေရာသီကာလတွင်သာ ဖရဲသီး ထွက် ရှိသော်လည်းယခုအခါ တွင်စိုက်ပျိုးမှုနည်းပညာများ တိုးတက်လာပြီး ရာသီချိန်ခါ မရွေးဝယ်ယူစားသုံးလို့ရနေပြီဖြစ်ပါသည်။ ဖရဲသီးတွင် ရေဓာတ်၉၂% ပါဝင်သဖြင့် အရည်ရွှမ်းပြီး ချိုမြသောအရသာကိုရရှိသောကြောင့် စားသုံးပါက ရင်ကိုအေးမြစေပြီး ရေငတ်ပြေစေကာ ခန္ဓာကိုယ်အတွင်းရှိ အပူကိုလည်း လျှော့ချပေးနိုင်ပါသည်။ ထို့ပြင်ခန္ဓာကိုယ် တွင်းရှိ ဆုံးရှုံးသွား သောရေဓာတ်ကိုပြန်လည် ဖြည့်တင်းပေးပြီး လူကိုလည်း လန်းဆန်း အမောပြေစေပါသည်။ ထို့ပြင်အချိုရှောင်ရသော ဆီးချိုဝေဒနာရှင်များအတွက်လည်း ဖရဲသီးမှာ အာသာပြေအချိုဓါတ်စာ ဖြစ်သည်။ ထို့ပြင်ဖရဲသီးထဲရှိအချိုဓါတ်သည် ခန္ဓာကိုယ်ထဲရှိ အင်ဆူလင်(insulin)ကို ထိန်းညှိပေးပြီး သွေးထဲရှိ သကြားပမာဏကို ကျစေသဖြင့် ဆီးချိုရောဂါရရှိသူများလည်း စားပေးသင့်ပါ သည်။

          ဖရဲသီးတွင် ရေဓါတ်ကြွယ်ဝစွာပါဝင်သဖြင့် ဖရဲသီးစားသုံးပါက မကြာခဏ ဆီးသွား စေသဖြင့် ကျောက်ကပ်ကို သန့်စင်စေပြီး ဆီးကျောက်တည်ခြင်းကို ကာကွယ်ပေးပါသည်။ Uric acid ပမာဏကိုလျှော့ချပေးနိုင်စွမ်းရှိသည်ဟုလေ့လာမှတ်သားရပါသည်။

    ဖရဲသီးတစ်လုံးလျှင် အသေးအကြီးပေါ်မူတည်၍ ဈေးအမျိုးရှိပြီး ဈေးကွက်အတွင်း ကျယ် ကျယ်ပြန့်ပြန့်ရောင်းချလျက်ရှိသည်ကိုတွေ့ရှိရပါသည်။ ဈေးကွက်ပေါက်ဈေး အနေဖြင့် ဖရဲသီး အကြီးတစ်လုံးလျှင် (၅၀၀၀မှ ၈၀၀၀)ကျပ်အထိပေါက်ဈေးရှိနေပြီး ဖရဲသီးအသေး တစ်လုံးလျှင် (၂၀၀၀ မှ ၃၀၀၀၊ ၄၀၀၀) ကျပ်အထိပေါက်ဈေး ရှိနေကြောင်းသိရှိရပြီး ဈေးကွက်တွင် အမြဲမပျက်အရောင်းအဝယ်ဈေးကွက်ရှိနေကြောင်းသတင်းရရှိပါသည်။

DOCA(ရှမ်း)