တောင်သာမြို့နယ်၌မိုးစပါးများစတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း

Powered by Drupal

                      မြင်းခြံခရိုင်၊ တောင်သာမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးနှင့် ဥယျဉ်ခြံမြေများစိုက်ပျိုး လျှက်ရှိရာ ဒေသတွင်း စားသုံးရန်အတွက် မိုးစပါးများကိုလည်းစိုက်ပျိုးလျက်ရှိပြီး ဆည်ရေ သောက်ရှိသဖြင့်   သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းကြောင်း၊  မိုးစပါးများစိုက်ပျိုးချိန်မှာ ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလ တို့တွင်စတင်စိုက်ပျိုးပြီး၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် ရိတ်သိမ်းထွက် ပေါ်ကြောင်း သိရှိရသည်။ ၂၀၂၆ခုနှစ်၊ ဩဂုတ်လကုန်အထိ မိုးစပါးစိုက်ပျိုးပြီးဧက (၁၀၅၀)ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများ အရ သိရှိရသည်။ တောင်သာမြို့နယ်တွင် မိုးစပါးကို  သြဂုတ်လဆန်းမှစတင်၍ စိုက်ပျိုးလျက်ရှိသည်။ ဒေသတွင်း အဓိကထား စိုက်ပျိုးသော မိုးစပါးမျိုးမှာ မနောသုခမျိုးနှင့် အောင်နိုင်တိုးမျိုး တို့ဖြစ်ကြောင်း၊ မျိုးစပါး စျေးနှုန်းအနေဖြင့် စပါးတစ်တင်းလျှင်(၃၀၀၀၀)ကျပ်ခန့် ပေါက်စျေးရှိကြောင်း၊ (၁)ဧက စိုက်ပျိုးရန် အတွက် စပါးမျိုး(၂-၃)တင်းခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် ကြဲပတ်စနစ်ဖြင့် စိုက်ပျိုးကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် (၆၀၀၀၀၀) ကျပ်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်အထွက်နှုန်း အနေဖြင့် တစ်ဧကလျှင် (၈၀)တင်းခန့် ထွက်ရှိကြောင်း၊ တောင်သာဒေသသည် ဆန်လိုဒေသဖြစ်၍ ဒေသတွင်းစားသုံးရန်အတွက်သာ ကြိတ်ခွဲရောင်းချကြကြောင်း၊ စပါးစိုက်ပျိုးမှု နည်းသောကြောင့် စပါးအရောင်းအဝယ်အနေဖြင့် ဈေးကွက်မရှိကြောင်း၊ ယခင်နှစ် မနောသုခ မိုးစပါး တစ်တင်းခွဲတစ်အိတ်လျှင်(၃၀၀၀၀)ကျပ်ခန့် ပေါက်ဈေးရှိကြောင်း၊ ယခင်နှစ်မနောသုခဆန် တစ်တင်းခွဲတစ်အိတ်လျှင် (၆၅၀၀၀-၇၀၀၀၀) ကျပ်ခန့် ပေါက်ဈေးရှိ၍ ဒေသတွင်းစားသုံးရန်နှင့် တိရစ္ဆာန်အစာအဖြစ်အသုံးပြုကြကြောင်း၊ တောင်သာမြို့နယ်၏ လူဦး‌ရေအရ လိုအပ်သော ဆန်ချောများကို မန္တလေးမြို့၊ ပုသိမ်မြို့၊ မြောင်းမြမြို့နှင့် စလင်းမြို့ တို့မှစားသုံးရန် ဝယ်ယူရကြောင်း၊  ရာသီဥတုကိုမှီ၍ စိုက်ပျိုးရသောသီးနှံ ဖြစ်သောကြောင့် မိုးလေဝသကောင်းမွန်ပါက မိုးစပါးများ အထွက်နှုန်းကောင်းနိုင်ကြောင်း၊ အကျိုးအမြတ်လည်း ရနိုင်ကြောင်း ကြီးပင်တဲရွာမှ မိုးစပါးစိုက် တောင်သူတစ်ဦး၏ပြောကြားချက် အရသိရှိရပါသည်။

DOCA(မန္တလေး)