
မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်သည် နွေနှမ်းများကို ဧပြီလမှစ၍ စတင်စိုက်ပျိုးလျက်ရှိကြောင်း၊ စိုက်ပျိုးထားရှိမှုမှာ (၈၅၀) ဧကစိုက်ပျိုးထားကြောင်း၊ ၂၀၂၆ ခုနှစ်အတွင်း နွေနှမ်းများ စိုက်ပျိုး ရန်အတွက် ဆည်မြောင်းဝန်ကြီးဌာနမှ ရေပေးစနစ်ဖြင့် စိုက်ပျိုးထားကြောင်း၊ နှမ်းစိုက်ပျိုးမှု အနေဖြင့် ဘောင်ကြောင်းပေးစနစ်ဖြင့် စိုက်ပျိုးကြပြီးအများဆုံး စိုက်ပျိုးသော မျိုးများမှာ နှမ်းဖြူနှင့် နှမ်းညိုများကိုစိုက်ပျိုးကြသည်။ မျိုးစေ့တစ်ပြည်လျှင် (၈၀၀၀-၉၀၀၀) ကျပ်အထိပေးဝယ်ရ ကြောင်း ၊ တစ်ဧကစိုက်ပျိုးရာတွင်မျိုး (၃ပြီ- ၄ပြီ) ခန့်စိုက်ပျိုးရကြောင်း၊ တစ်ဧကကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၄၆၀၀၀၀) ကျပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးထားသောကျေးရွာများမှာ သင်ပြွန်းရွာ၊ ကျားတိုင်ရွာ၊ ရသာရွာ၊ ငါ့နန်းရွာနှင့် ဖက်ပင်အိုင်ရွာ တို့တွင် အများဆုံးစိုက်ပျိုးကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် (၇-၈) တင်းခန့်ထွက်ရှိကြောင်း၊ နွေနှမ်းများကို ဇူလိုင်လကုန်တွင် ရိတ်သိမ်းပြီးဖြစ်ကြောင်း၊ ဩဂုတ်လလယ်၌ ဈေးကွက်တွင် လှိုင်လှိုင်ရောင်းဝယ်လျှက်ရှိကြောင်း၊ ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် မြင်းခြံကုန် စည်ဒိုင် ဈေးကွက်တွင် နှမ်းဖြူတစ်တင်း လျှင် (၁၅၁၀၀၀-၁၅၉၀၀၀)ကျပ်၊ နှမ်းညိုတစ်တင်းလျှင် (၁၄၈၀၀၀-၁၅၀၀၀၀) ကျပ်ခန့် ပေါက်ဈေးများရှိကြောင်း၊ နှမ်းဆီတစ်ပိဿာလျှင် (၁၇၀၀၀-၁၈၀၀၀) ကျပ်ခန့် ပေါက်ဈေးများရှိကြောင်း၊ ဒေသတွင်းထွက်ရှိသော နှမ်းများကို တောင်သူများကိုယ်တိုင် မြင်းခြံမြို့ ရှိပွဲရုံများသို့ ရောင်းချသလို ထိုပွဲရုံများမှတဆင့် မန္တလေးမြို့၊ မကွေးမြို့သို့ လည်းကောင်း၊ ရန်ကုန်တိုင်း အတွင်းရှိ ဘုရင့်နောင် ပွဲရုံနှင့် ရွှေပြည်သာမြို့များသို့လည်း တိုက်ရိုက် တင်ပို့ ရောင်းချကြ ကြောင်း၊ စားသုံးဆီ ဖူလုံစေရေး အတွက် တောင်သူများမှာ နှမ်းကို ဆီထွက် သီးနှံအဖြစ် တိုးချဲ့စိုက်ပျိုး လျက်ရှိကြောင်း၊ တစ်ဧကလျှင် (၇၀၀၀၀၀) ကျပ်ခန့် အကျိုးအမြတ် လည်းရရှိကြောင်း ရသာကျေးရွာမှ နှမ်းစိုက်တောင်သူ၏ ပြောပြချက် အရသိရှိရသည်။
DOCA(မန္တလေး)
