
၂၀-၄-၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ကျော်ဌေးနှင့် ဝန်ထမ်းများသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်အသစ် လျှောက်ထားလာသော တောင်ကြီးမြို့ပေါ်ရှိ Prince Pinya Co., Ltd နှင့် Phyu Sin Linn Thant ကုမ္ပဏီများသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်အသစ် လျှောက်ထား လာသည့် မြန်မာကုမ္ပဏီဖြစ်သော “Prince Pinya” Co., Ltd နှင့် Phyu Sin Linn Thant Co., Ltd တို့၏ ကုမ္ပဏီတည်ထောင်ထားမှုနှင့် ပတ်သက်၍ ကုမ္ပဏီရုံးခန်းလိပ်စာတွင် အမှန်တကယ် ဖွင့်လှစ်ထားခြင်း ရှိ/မရှိ၊ အမှန်တကယ် လုပ်ငန်းဆောင်ရွက်မှု ရှိ/မရှိ၊ ကုန်သွယ်ရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းသိရှိရပါသည်။
DOCA (ရှမ်း)
