စားသုံးသူကာကွယ်ရေး အသိပညာပေးTalk Show ကျင်းပပြုလုပ်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍  အသိပညာပြည့်ဝသော စားသုံးသူများဖြစ်စေရေး၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များချမှတ်နိုင်ရေး၊ အသိပညာဗဟုသုတကြွယ်ဝသော စားသုံးသူများ ဖြစ်စေရေးတို့အတွက် စားသုံးသူအသိပညာပေးလုပ်ငန်းများအား ဆက်စပ်ဌာနများ၊ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များ၊ ပြည်သူများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် ၁၇-၉-၂၀၂၆ ရက်နေ့တွင် မိုးညှင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

          ထိုသို့ ကျင်းပပြုလုပ်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းမှုအခြေအနေ၊ စားသုံးသူ ကာကွယ်ရေး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူများအား စားသုံးသူကာကွယ်ရေးဥပဒေအရ ရရှိနိုင် မည့် အခွင့်အရေးများနှင့် ယင်းအခွင့်အရေးများအား ချိုးဖောက်ခြင်းခံရပါက ကုစားခွင့်ရရှိနိုင်ရေး ဆောင်ရွက်နိုင်သည့် နည်းလမ်းများနှင့် စားသုံးသူတို့၏တာဝန်များအကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက် နိုင်မှုအခြေအနေများ၊ ဥပဒေပါတားမြစ်ချက်များနှင့် ပြစ်မှု၊ပြစ်ဒဏ်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များကို ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ကချင်)