
စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နဘ်တာဝန်ခံသည် (၁၀.၉.၂၀၂၆)ရက်နေ့၊ နေ့လယ် ၁၃:၃၀ နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ အဆိုပါရုံးရှိ ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများအား Online Sale နှင့်စပ်လျဉ်း၍ သိကောင်းစရာများအား အသိပညာပေး ဟောပြောခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)က Online ဖြင့် ရောင်းချခြင်းနှင့်စပ်လျဉ်း၍အသိပညာပေးဆွေးနွေးရာတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းဆိုသည်မှာ ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ Online ကို အသုံးချပြီး အရောင်းအဝယ်ပြု လုပ်ခြင်းကို ဆိုလိုတာဖြစ်ပါကြောင်း၊ ဆက်လက်၍ Online ရောင်းချခြင်း၏ အားနည်းချက်များ၊ အားသာချက်များကိုလည်းကောင်း၊ Online မှ ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာမှုများမဖြစ်ပေါ်စေရန် လုပ်ဆောင်သင့်သည့်အချက်များကိုလည်းကောင်း၊ အကယ်၍ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာလျှင် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ တိုင်ကြားနိုင်သည့်နေရာများ၊ ဖုန်းနံပါတ်များကိုလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ (၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
DOCA(မန္တလေး)
