မြိတ်မြို့ရှိ စားသုံးသူပြည်သူများအားရောင်းချမည့် စားအုန်းဆီများရောက်ရှိလာမှုအား စစ်ဆေးခြင်း

Powered by Drupal

        ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့၊ (၁၃း၃၀) နာရီအချိန်တွင် မြိတ်မြို့၊ ရွှေပြည်တန် ရပ်ကွက်ရှိ မြိတ်အဝေးကားဝင်း၊ ဂိတ်(၃) သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဥ်မှုဖြင့် Global Good Pure Group Co,Ltd တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၇၀)ပေပါအား ယာဥ်မောင်း ဦးကိုကိုဝင်း၊ ယာဥ်အမှတ် 4N-3529၊ MAN အမျိုးအစား မော်တော်ယာဥ်ဖြင့်လည်းကောင်း၊  Mahar Bhone Lat Yone Co,Ltd စားအုန်းဆီ(၇၅)ပေပါ အား ယာဥ်မောင်း ဦးရဲကိုကို၊ ယာဥ်အမှတ် 5R-6364၊ MAN အမျိုးအစားမော်တော် ယာဥ်ဖြင့်လည်းကောင်း တင်ဆောင်၍ အသီးအသီး ရောက်ရှိလာရာ မြိတ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများမှ သွားရောက်စစ်ဆေးခဲ့ပြီး ရောက်ရှိလာသောစားအုန်းဆီစုစုပေါင်း (၁၄၅) ပေပါအား ကုမ္ပဏီ၏ လက်ကားအ​ရောင်း ကိုယ်စားလှယ်မှတစ်ဆင့် မြိတ်မြို့ရှိ ဒေါ်တင်တင်မြတ်၏ Top Trading ကုန်စုံ ဆိုင်အပါအဝင် လက်လီဆိုင် ၄၄ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)