အွန်လိုင်းမှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်ထံသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်းမှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များသည် မြို့နယ်အတွင်း ရောင်းချနေသော လုပ်ငန်း၊ နေရပ်လိပ်စာနှင့် ကုန်စည်များမြေပြင်တွင် အမှန်တကယ်ကိုက်ညီမှု ရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို (၃.၁၀.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အွန်လိုင်းမှတ်ပုံတင်ထားသည့် “ယောရိုးရာသစ်” အဝတ်အထည်များရောင်းချသည့် လုပ်ငန်းရှင်ထံသို့ သွားရောက်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းမှ မှတ်ပုံတင်ထားသည့်လုပ်ငန်းများဖြစ်သည့် အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများအား အွန်လိုင်းရောင်းချခွင့် လုပ်ငန်းမှတ်ပုံတင် လျှောက်ထားစဉ်ကဖြည့်သွင်းထားသည့် နေရပ်လိပ်စာ၊ရောင်းချရန်ကုန်စည် (သို့) ဝန်ဆောင်မှုအမျိုးအစား စာရင်းများ ကိုက်ညီမှုရှိ/ မရှိ၊ စစ်ဆေးခဲ့ပြီး အွန်လိုင်းမှတ်ပုံတင်၏ သက်တမ်းမှာ (၂)ဖြစ်ပြီး (၂)နှစ်မပြည့်မီ ရက်ပေါင်း (၆၀)ကြိုတင် သက်တမ်းတိုးရမည်ဖြစ်ကြောင်း၊  မှတ်ပုံတင်လက်မှတ်ရရှိ ပြီးနောက် တာဝန်ဖောက်ဖျက် မှုမရှိစေ ရန်နှင့် အွန်လိုင်းဖြင့်ရောင်းချပြီး အွန်လိုင်းမှတ်ပုံ တင်ထားခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကုန်စည်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိပါက စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ အရလည်း အရေးယူခံရမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အ‌ရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အကြောင်းများကို အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းရှင်အား သိရှိနိုင်စေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)