အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများသုံးစွဲရာတွင် ထိခိုက်နစ်နာမှုမရှိစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေး၊ လုပ်ငန်းရှင်များအနေဖြင့် ဥပဒေပြဌာန်းချက်များနှင့် အညီထုတ်လုပ်ရောင်းချမှု ရှိစေရေး၊ လုံခြုံစိတ်ချရမှုမရှိသော ကုန်စည်များ လျော့နည်းပပျောက်သွား စေရေးတို့အတွက် နေရာစုံ၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို အစဉ်တစိုက်ဆောင်ရွက်လျက် ရှိပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးတင်ဇော်ထွေး (ဒု-ခရိုင် ဦးစီးမှူး) ဦးဆောင်၍ စစ်ဆေးရေးမှူးများသည် (၁.၁၀.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီ အချိန် တွင် မိတ်ဖက်ဌာနများဖြစ်သော ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ မြင်းခြံမြို့ စံပြဈေးရှိ စတိုးဆိုင်များ၊ ကုန်စုံဆိုင်များတွင်ရောင်းချနေသော အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ အချိုရည်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ၊ သက်ဆိုင် ရာဌာနထောက်ခံချက်များပါဝင်မှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် စားသုံးသူ ပြည်သူများ ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ်ကင်းရှင်း စေရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်းများနှင့်သာ ဝယ်ယူသုံးစွဲနိုင်ရေး၊ ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် စဉ်ဆက်မပြတ်ဈေးကွက်စောင့်ကြည့်စစ်ဆေး မှုများ ဆောင်ရွက်သွား မည်ဖြစ်ကြောင်းသိရသည်။

DOCA(မန္တလေး)