မန္တလေးစျေးကွက်တွင် ထန်းပင်မြစ်စျေးကျ

Powered by Drupal

       စျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးအတွင်း တံတားဦးခရိုင်၊ ကျောက်ဆည်ခရိုင်၊ မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင်တို့မှ ထွက်သည့်ထန်းပင်မြစ်များနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ထွက်သည့် ထန်းပင်မြစ်များဝင်ရောက်မှုများပြားလျက်ရှိပြီး၊ စျေးနှုန်းကျဆင်းကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးစျေးကွက်အတွင်း မုံရွာဒေသမှထွက်ရှိသည့် ရွံ့စေးကပ်သည့်ရုက္ခစိုး ထန်းမြစ်မှာ အသားထူ၍ ဝယ်ယူသူများကြိုက်နှစ်သက်‌ကာ အခြားဒေသများမှ ထွက်ရှိသည့် ထန်းပင်မြစ်ထက်စျေးအနည်းငယ်မြင့်ကြောင်း သိရှိရပါသည်။ မန္တလေးစျေးကွက်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသည့် ထန်းပင်မြစ်စျေးနှုန်းများမှာ ၁စီး(၃၀ ချောင်းပါ)လျှင် ၄၅၀၀ ကျပ်နှင့် ၅၀၀၀ ကျပ်၊ မုံရွာရွံ့စျေးကပ်(ရုက္ခစိုး)များမှာ ၁ စီးလျှင် ၅၅၀၀ ကျပ်နှင့် ၆၀၀၀ ကျပ်ဖြစ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း ထနောင်းပင်စျေးရှိ စျေးသည်တစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)